Monday, January 13, 2014

The Messenger သတင်းဂျာနယ်၌ ဦးအောင်သောင်း၏ အင်တာဗျူး

ဦးဝင်းတင်က တုံ့ပြန် ပြောကြားခဲ့ပြီးနောက် နှစ်ရက်အကြာ ထွက်ရှိခဲ့သည့် The Messenger သတင်းဂျာနယ်၌ ဦးအောင်သောင်း၏ အင်တာဗျူး ထပ်မံပါဝင်လာခဲ့ပြီး ထိုအင်တာဗျူး၌ ၎င်း၏ ပြောစကားများနှင့် ပတ်သက်ပြီး “အဲဒါ သံတော်ဆင့်ကလူတွေရေးတာ မှားသွားတာ ဖြစ် ပါတယ်” ဟု ဦးအောင်သောင်းက ထည့်သွင်းပြောကြားခဲ့သည်။
“အခု ဦးဝင်းတင်က ပြောတာရှိပါတယ်။ အဲဒါ သံတော်ဆင့်က လူတွေရေးတာ မှားသွားတာဖြစ် ပါတယ်။ ကျွန်တော် အဲဒီလိုပြောတာလည်း မဟုတ်ဘူး။ ဆွေးနွေးခန်းလည်း မဟုတ်ဘူး။ အာလာပ သလ္လာပအနေနဲ့ ပြောတာပါ။ ကျွန်တော့်ပါတီကိုလည်း ပြောတာပဲ။ NLD ပါတီတစ်ခုတည်းကို ပြော တာမဟုတ်ဘူး။ ကျွန်တော်တို့ ပါတီမှာလည်း ရာထူးရရှိမှု၊ အခွင့်အရေး ရလိုမှုတွေ ပါတယ် ဆိုတာကို သူက NLD လို့ပဲ သွားရေးလိုက်တာ။ ကျွန်တော့် ပါတီကို မထည့်ဘူး။ အမှန်တော့ ကျွန်တော့် ပါတီကိုလည်း ပြောတာပဲ” ဟု ဦးအောင်သောင်းက ဇန်န၀ါရီ ၁၂ ရက်ထုတ် The Messenger သတင်းဂျာနယ် အတွဲ-၄၊ အမှတ်- ၃၄ တွင် ပြောကြားခဲ့သည်။

ဦးအောင်သောင်းက ၎င်း၏ချမ်းသာမှုသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားဝင်ချမ်းသာခြင်းသာ ဖြစ်သည်ဟု ဦးအောင်သောင်းက The Messenger ၌ ပြောကြားသည်။

“ကိုယ့်နည်းကိုယ့်ဟန်နဲ့ တရားဝင် ကိုယ့်ဟာကိုယ် ချမ်းသာတာပါ။ ကျွန်တော်တို့မှာ အဲလောက်ကြီး မရှိပါဘူး။ အထိုက်အလျောက်ပဲ ရှိတာပါ။ ကျွန်တော့်သားက အောင်မြင် တာပေါ့။ စီးပွားရေးမှာ အောင်မြင်တာပေါ့။ တရားဝင်ကိုပဲ အောင်မြင်တာပါ။ သားက အောင်မြင်တော့လည်း ကျွန်တော်က မိဘပဲ။ ကျွန်တော်တို့လည်း ဆင်းဆင်းရဲရဲနဲ့ ကြိုးစားပြီး ရုန်းကန်ခဲ့ကြရတာပဲ။ ဘ၀ကတော့ကျေတယ် ကျွန်တော်က။ ဒီလို တက်လာတယ် ဆိုတာက သားရဲ့အောင်မြင်မှု အရိပ်အရသာကို ကျွန်တော်တို့က ခံရတာပေါ့” ဟု ဦးအောင်သောင်းက ဆိုသည်။

No comments: