ကိုယ့်လမ်းကိုယ်ရွေး..ရန်မဖြစ်ကြေး(သို့) ထီးပါဝီးးကျိုးရာဇ၀င်
ကိုကိုဦး(တပ်ရင်း-၁၀၂)၊ မတ်လ(၁၅)ရက်၊၂၀၁၃
၁၉၉၁ခုနှစ်က မာနာပလောတိုက်ပွဲကို တိုက်ပွဲဝင်ဘူးသူတိုင်းခွေးအိပ်တောင်
(ထီးပါဝီးကျိုး)ကိုမှတ်မိကြပါလိမ့်မယ်၊ မဟာဗျူဟာမြောက်တောင်ကုန်းတစ်ခု
ဖြစ်လို့ ရန်သူစစ်အစိုးရကမရမက ရယူရန်ကြိုးစားသလို ကျနော်ဒီမိုကရက်တစ်
အင်အားစုတွေစုပေါင်းပါဝင်ကြတဲ့ ဒီအေဘီတပ်ပေါင်းစုကလည်း အသေအလဲ
ကာကွယ်ခဲ့ကြတယ်၊
ထီးပါဝီးကျိုး မဟာဗျူဟာမြောက်တောင်ကုန်းကျလျှင် မာနာပလောကျဆုံးဘို့
လမ်းများနေတာကို အားလုံးနားလည်ထားကြတယ်၊ ဒါကြောင့်အားလုံး
အသေအလဲခုံခံခဲ့ကြတာဖြစ်တယ်၊
ဒီနေ့လက်ပန်းတောင်းတောင်ကိုပြန်ကြည်ရင် အလားတူအခြေအနေမျိုးကို
တွေ့နေရတယ်၊ လက်ပန်းတောင်းတောင်ဟာ ထီးပါဝီးကျိုးနဲ့အလားတူတယ်၊
လက်ပန်းတောင်းတောင်တိုက်ပွဲကျရင် စစ်အာဏာရှင်တွေရဲ့မတရားလုပ်ရပ်
တွေကို လုံးဝအရှုံးပေးလိုက်တာပဲဖြစ်တယ်၊
တကယ်လို့သာ လက်ပန်းတောင်းတောင်ကိစ္စမှာ မတရားပြုကျင့်နေကြတဲ့
စစ်ခေါင်းဆောင်တွေနဲ့ ၀မ်ပေါင်ကုမ္မဏီကိုအလွယ်တကူအလျှော့ပေးလိုက်
လျှင် အကျိုးဆက်အနေနဲ့ နောက်ထပ်အလားတူပြုကျင့်မှုများကိုခံရပြီး
ခေတ်သစ်အာဏာရှင်စနစ်(သို့)ပါလီမန်အာဏာရှင်စနစ်ကို အလိုအလျှောက်
မွေးထုတ်ပြီးသားဖြစ်သွားပါလိမ့်မယ်၊
နောက်ထပ်တိုက်ပွဲတိုက်ဘို့မပြောနဲ့ ဆန္ဒပြဘို့လူခေါ်ရင်တောင်လာမဲ့သူ
မရှိတော့ဘူး၊ ဘာဖြစ်လည်းဆိုတော ဒီမိုကရေစီဗျူဟာမှူးကြီးကိုယ်တိုင်
တပ်ဆုတ်ဖို့အမိန့်ပေးနေသလိုဖြစ်နေပြီမဟုတ်လား၊ အာဏာရှင်တွေက
သူတို့ကိုမီးစိမ်းပြနေပြီဆိုတာ ကောင်းကောင်းသဘောပေါက်နေပြီ၊
ဆန်ရှင်းလည်းပွင့်နေပြီဆိုတော့ ရွှေအိုးထမ်းလာတဲ့ကိန်းဆိုက်နေပြီပေါ့၊
ဒီနေ့ဟာ Revolution ကို Evolution နဲ့အစားထိုးသွားနေတဲ့ကာလဖြစ်တယ်၊
ဒီလိုဥပဒေတွင်းပြုပြင်ပြောင်းလဲရေးကာလမှာ လူထုလူတန်းစားအသီးသီးရဲ့
တိုက်ပွဲကြီးငယ်အားလုံးဟာ အလွန်အရေးပါပါတယ်၊ ဒါကိုပြစ်ပယ်လို့မရတဲ့အပြင်
ဆက်လက်ရှင်သန်နေအောင်ပြုစုပျိုးထောင်ပေးပါမှ ဒီမိုကရေစီအသီးအပွင့်တွေကို
နောင်လာနောက်သားတွေမြင်ကြရမှာပါ၊ သင်းသတ်သလိုမလုပ်မိဖို့ကလည်း
အလွန်အရေးကြီးပါတယ်၊
ထီးပါဝီးကျိုးကျတော့ ၉၂ခုနှစ်မှာမာနာပလောကျခဲ့တယ်၊ ဒီကေဘီအေတွေ
ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးပါခဲ့တယ်၊ လက်ပန်းတောင်းတောင်
အလျှော့ပေးရေးသမားတွေဟာ ဒီကေဘီအေတွေဖြစ်ခဲ့သလိုဖြစ်လာပါလိမ့်မယ်၊
ဓီကေဘီအေကရန်သူစစ်အစိုးရနဲ့ပေါင်းသွားပေမဲ့လည်း နောင်တော့
အကျိုးမရှိမှန်းသိလာတော့ ခပ်ခွါခွါလေးပြန်နေခဲ့ရတာ အားလုံးအသိပဲ၊
အာဏာရှင်တိုင်းဟာ အာဏာသိမ်းပြီးရင် ရွေးကောက်ပွဲကိုအနိုင်ကျင့်ပြီး
လုပ်တယ်၊ အာဏာကိုသူတို့လက်ထဲမှာဆက်ထားနိုင်အောင်
ပါလီမန်အာဏာရှင်စနစ်ကို ဖန်တီးလိမ့်မယ်၊ မယုံရင်ရှေ့ဆက်သွားပါ၊
ဒါပေမဲ့ကမ္ဘာ့ပေါ်မှာဖြစ်ပြီးသား သမိုင်းအဖြစ်မှန် သက်သေတွေကိုတော့
နမူနာယူသင့်တယ်လို့ထင်ပါတယ်၊
ပါလီမန်အာဏာရှင်စနစ်ကို ကမ္ဘာ့နိုင်ငံတော်တော်များများမှာဖြစ်ခဲ့ပြီးပြီပဲ
ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊ပါကစ်စတန်၊ဗင်နီဇွဲလား စသည်ဖြင့်အများကြီးပါ၊
နောက်ဆုံးဒီမိုကရေစီအစစ်အမှန်ရအောင် နောက်ထပ်လူထုတိုက်ပွဲတွေ
ဆက်တိုက်ရတာပဲ၊ ဘယ်သူငြင်းမလဲ၊
ဒီလိုရှေ့အလားအလာကိုမြင်နေရတော့ လူထုတိုက်ပွဲအရှိန်အဟုန်ကြီးကို
ရပ်တန့်သွားအောင်လုပ်သင့်ကြပါသလား၊ ဒါမှမဟုတ်စစ်အာဏာရှင်တွေ
ရဲ့လောဘတွေကိုတားဆီးနိုင်အောင်လုပ်သင့်ကြပါသလားဆိုတာကိုတော့
ကွဲကွဲပြားပြားဆုံးဖြတ်ကြရတော့မယ်၊
ကြေးနီတောင်စီမံကိန်းကိုရပ်ဆိုင်းဘို့ထက် ဦးပိုင်ကိုရပ်ဆိုင်းဘို့လူထုက
ပိုပြီးလိုလားတာကိုတော့ ကော်မရှင်ကသိသင့်တယ်၊ စစ်ယူနီဖေါင်းဝတ်
တိုင်းပြည်ပိုင်ပေးတဲ့လခကိုစားပြီး စီးပွါးရှာနေကြတဲ့ စစ်ဗိုလ်ချုပ်တွေပိုင်တဲ့
ဦးပိုင်ရဲ့တရားမ၀င်မှုတွေ မတရားလုပ်ရပ်တွေကိုတော့ ကော်မရှင်က
ဘာဖြစ်လို့မမြင်ချင်ယောင်ဆောင်ခဲ့တလဲ၊ ဒါကိုမျက်ကွယ်ပြုခဲ့ရင်
ဘက်လိုက်တယ်လို့ပြောတာလွန်သလား၊လွန်တာရှိရင်ဝန်တာမိပါခင်ဗျား၊
ကိုယ့်လမ်းကိုယ်ရွေး..ရန်မဖြစ်ကြေး….

No comments:
Post a Comment