Thursday, March 7, 2013

မြန်မာ့ပြုပြင်ပြောင်းလဲရေး


မြန်မာ့ပြုပြင်ပြောင်းလဲရေး
ဦးသိန်းစိန်အစိုးရက ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖေါ်နေပါသည်ဟု ဆိုကြသည်။  အခြေခံကျသော ပြုပြင် ပြောင်းလဲမှုများမလုပ်ဆောင်ပဲ ပြုပြင်ပြောင်းလဲမှုလုပ်နေသည်ဆိုလျှင်တော့ လူရီစရာဖြစ်ပေမည်။
မြန်မာ့တပ်မတော်၊ ဦးပိုင်နှင့် အာဏာရှင်လက်ဝေခံတို့က တိုင်းပြည်ပိုင်မြေယာများကို သူတို့ဘိုးဘွားပိုင်များကဲ့သို့သတ် မှတ်ပြီး အဆင်းအရဲအနွမ်းအပါးဆုံးလယ်သမားတို့၏ဘဝများ ထိခိုက်ပျက်စီးရမည်ကို မငဲ့ကွက်ပဲ သက်ဦးဆံပိုင်အာဏာရ တွေမြေသိမ်းသလို သိမ်းချင်သလိုသိမ်းနေကြသည်။  အဆမတန်လျှော့နည်းသောလျှော်ကြေးလေးမျှ ကံကောင်းလျှင်ပေး ခံရသည်။  အများစုလည်း ဘာမျှမရလိုက်ပဲနှင့် လုပ်စားကိုင်စားစရာ လယ်ကွက်လေးပျောက်သွားကြရသည်။  မည်သည့် နိုင်ငံတွင်မဆို တပ်မတော်သည် ပြည်သူကို ကာကွယ်စောင့်ရှောက်ရန်အတွက်ဖြစ်သည်။  ပြည်သူ့လုံခြုံရေးကို ကာကွယ် ပေးရန်အတွက်ဖြစ်သည်။  ထိုသို့မဟုတ်ပဲ ပြည်သူ့ချွေးနဲစာထဲမှ ရငွေများဖြင့်ဝယ်ထားသောလက်နက်များကိုကိုင်ထားပြီး ပြည်သူကို လက်နက်အားကိုးဖြင့်အနိုင်ကျင့်သူများကို တပ်မတော်ဟုခေါ်၍ရမည်မဟုတ်ပါ။  ဓါးပြဂိုဏ်းအကြီးစား သို့မ ဟုတ် ဖက်ဆစ်နာဇီလက်ပါးစေများသာဖြစ်ပေလိမ့်မည်။ အမည်ဘယ်လောက်လှလှပေးပေး၊ ဆောင်ပုဒ်တွေအမြင်ကောင်း အောင်ဘယ်လောက်လိုက်ကပ်ကပ် သူတို့၏သရုပ်မှန်မှာ ဖက်ဆစ်နာဇီဆန်ဆန် မာဖီးယားဂိုဏ်းသာဖြစ်သည်။ မြန်မာ့တပ် မတော်သည် ဖက်ဆစ်ဆန်သည့် မာဖီးယားဂိုဏ်းလားဆိုသည့်မေးခွန်းကို ယခုသူတို့လုပ်နေသောလုပ်ရပ်များက ဘာအ ဖြေမှပြန်ပေးစရာမလိုပဲ ဖြေရှင်းပြီးသားဖြစ်နေပြီးသားပင်ဖြစ်သည်။ 
ထိုလက်နက်ကိုင်အစိမ်းရောင်ဝတ်လူသတ်ကောင်များက တိုင်းပြည်မြေတွေကို သိမ်းချင်သလိုသိမ်းပြီး ကိုယ်ကြိုးစီးပွါးရှာ ကာရောင်းလိုသူထံရောင်းချသောအမူအကျင့်များသည် မင်းမဲ့ဆန်သောလုပ်ရပ်မဟုတ်လျှင်မည်သို့သောလုပ်ရပ်ဟုအမည် တပ်ရမည်မသိပါ။  စစ်တပ်ကပိုင်ဆိုင်သည့်မြေသည်တိုင်းပြည်၏မြေဖြစ်သည်။  မည်သည့်စစ်ခေါင်းဆောင်များ၊ မည်သည့် စစ်တပ်များကမှ လူထုနှင့်တိုင်းပြည်ပိုင်သည့်အမွေအနှစ်ထိုမြေများကို ရောင်းချ၊ အလွဲသုံးစားပြုပိုင်ခွင့်မရှိပေ။  အခုဖြစ်နေ သည်မှာတော့ တတိုင်းပြည်လုံးကို အမြှီးကခုတ်လိုက်၊ ခေါင်းကထစ်လိုက်နှင့် အမျိုးသားရေးတွင်တွင်ပါးစပ်ကအရှက်မရှိ ကြယ်ကြယ်သြော်ပြီး ရောင်းစားကြသည်။  ဘယ်နေရာတွင် ဂုဏ်ယူစရာရှိသော လက်နက်ကိုင်အဖွဲ့ဖြစ်သလဲကိုလဲ သူတို့ ဘာသာသူတို့မသိပေ။  သေချာတာက အားလုံးဓါးပြတွေနှင့် မကောင်းတဲ့မိန်းမတွေစပ်ဖေါက်ထားကြသည့်ကောင်များ လောက်သာဦးနှောက်ရှိကြသူများဖြစ်တာပဲ။  အရှက်မရှိ၊ မျက်နှာပြောင်တိုက်ပြီး မဟုတ်ကို အဟုတ်လုပ်ကာလိမ်တတ်ကြ ပြီး ပြည်သူကို နည်းမျိုးစုံဒုက္ခပေးကာ တိုင်းပြည်ကို အဖက်ဖက်ကရောင်းစားနေသူများကို တပ်မတော်ဟုခေါ်သည်။ 
ဒီမုဒိမ်းဓါးပြမာဖီးယားလက်နက်ကိုင်အစိမ်းဝတ်တွေက တိုင်းပြည်မြေတွေသိမ်းပြီး ရောင်းစား၊ သူတို့အမျိုးတွေခွဲပေး၊ တရုတ်ကိုအဖေခေါ်လုပ်နေကြသည်ကို ဘာမျှမလုပ်ရဲရှာပဲ၊ စုံစမ်းစစ်ဆေးရေးလုပ်ပြီး ဒီတပ်မတော်ဆိုတာကြီးတခုလုံးက လုပ်နေတာလား၊ ဒါမှမဟုတ် တပ်မတော်အရေခြုံပြီး ရောက်နေကြတဲ့ ရာထူးကြီးကြီး သတ္တဝါကြီးများကလုပ်နေကြတာ လား၊ ဒီလိုလုပ်တာကို တိုင်းပြည်ကကော၊ အစိုးရကောဘာမှမလုပ်နိုင်ရင် ဒီတပ်မတော်ဆိုတဲ့ဓါးပြအဖွဲ့ကြီးက တိုင်းပြည် အတွက်မဟုတ်ပဲ တိုင်းပြည်ကို လက်နက်ပြဓါးထောက်ပြီး မုဒိမ်းကျင့်နေကြသူများသာဖြစ်တာ သေချာကြောင်းပြသလို ဖြစ်နေပေမည်။ 
ဦးသိန်းစိန်အစိုးရကလဲ ဒီဟာတွေကို စစ်ဆေးအရေးယူရဲဘို့နေနေသာသာ မျက်စိပိတ်နားပိတ်နှင့် မကြားလိုပါ၊ မကြား လိုပါဆိုပြီး ဗလာဂျီမသိချင်ယောင်၊ ဆွံ့အနားမကြားသယောင်လုပ်နေကြသည်။ ထိုသို့အစိမ်းရောင်ဝတ်မတရားပြုကျင့် မှုများကို အစိမ်းရောင်ပြောင်းတို့က လုပ်ရဲသည့်သတ္တိနှင့် စွမ်းရည်လဲ မရှိကြပေ။  အစိမ်းရောင်လက်နက်ကိုင်ဓါးပြများ၏ မတရားမှုများကိုသာမဟုတ်၊ ထိုသူတို့နှင့်မကင်းရာမကင်းကြောင်း ခရိုနီများလုပ်သမျှကိုလဲ စစ်ဆေးဖေါ်ထုတ်နိုင်လိမ့် မည် မဟုတ်ပေ။  မဟုတ်တမ်းတရားလုပ်နေသော ဆင်ကောင်လုံးဗြောင်တွေ့နေပါလျှက်နှင့်၊ လူတိုင်းလဲ သိပါလျှက်နှင့် ဆင် လုပ်တာကို မပြောရဲပဲ ပုရွက်ဆိတ်လိုက်ရှာဖမ်းနေရသော သိန်းစိန်တို့ဖြစ်ရပ်ကလဲ ရီစရာကောင်းလှသည်။   မည်သို့ဆို စေ အစိမ်းရောင်ဝတ်လက်နက်ကိုင်ရမ်းကားနေကာ တိုင်းပြည်ရောင်းစားနေသူများနှင့် ခရိုနီများကို မဟုတ်တာလုပ်သည် များမဖေါ်ထုတ်နိုင်ပါက သိန်းစိန်အစိုးရကော၊ နောက်တက်မည့်မည်သည့်အစိုးရ၏ပြုပြင်ပြောင်းလဲရေးကမျှ အဓိပါယ်သိပ် ရှိလှမည်မဟုတ်ပါ။ 
အမှန်တကယ်ပြုပြင်ပြောင်းလဲရေးလုပ်မည်ဆိုလျှင် ဦးသိန်းစိန်အစိုးရအနေနှင့် ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံများအားလုံးတွင် ကျင့်သုံးလေ့ရှိသော လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေးကော်မရှင်ကဲ့သို့သီးခြားလွတ်လပ်သည့်အဖွဲ့များနှင့် ပြည်သူ့ လစာစားနေကြသူများအားလုံးနှင့်သူတို့ဆွေမျိုးမိသားစုတို့၏ပိုင်ဆိုင်မှုများဝင်ငွေများကို စူးစမ်းလေ့လာခြင်း၊ မည်သို့မည် ပုံရခဲ့ကြသည်ကို ဖေါ်ထုတ်ခြင်း၊ ခရိုနီများ၏ပိုင်ဆိုင်မှုများနှင့်ဝင်ငွေများကိုပါ စုံစမ်းစစ်ဆေးခြင်းနှင့် တရားဝင်မဖေါ်ပြမရှင်း လင်းနိုင်သောငွေကြေးများကို ပြည်သူ့ဘဏ္ဍာအဖြစ်ပြန်လည်သိမ်းယူနိုင်ခြင်းတို့မလုပ်ဆောင်ပါက ဦးသိန်းစိန်အစိုးရ မည်သို့ရှေ့ကနေကပြကပြ နောက်ကွယ်ကကြိုးဆွဲခံထားရသည့် ရုပ်သေးရုပ်များသာမျှသာဖြစ်နေလိမ့်မည်ကိုလဲ လူတိုင်း သိနေကြသည် ကို မမေ့သင့်ပေ။  ထိုသို့ပိုင်ဆိုင်မှုများကို စစ်ဆေးခံရသင့်သူများထဲတွင် အစိမ်းရောင်စစ်ဝတ်စုံဝတ်ထား သောလက်နက်ကိုင်ထားသည့်သူများလည်းပါဝင်သည်ကိုလဲ 
 ကျော်မကြည့်သင့်ပေ။  

 ငြိမ်းချမ်း

No comments: