မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ဒါဖတ်ပြီးမှ……… မကွေးမှာထမင်းစားပါ
မကွေးတိုင်းဒေသကြီး..ဆိပ်ဖြူမြို့နယ်
မြင်းက၀ကျေးရွာအုပ်စု ဆူးလေကုန်းကျေးရွာ ဦးသောင်းမြင့် (၄၀) နှစ်သည် သူ၏
(၃) နှစ်အရွယ်သားငယ်နှင့်အတူ မတ်(၄)ရက်က မကွေးမြို့သို့လာက
ချမ်းမြေ့ဆေးခန်းတွင်ဆေးစစ်ခံပြီး
မတ်(၅)ရက်တွင်ရွာသို့ပြန်ရန်မကွေးမြို့အဝေးပြေးကားကြီးဝင်းသို့လာရာ
ကားကြီးကွင်း တောင်ဘက်အပေါက်ဝအရောက်တွင် လမ်းဘေးထမင်းဆိုင်တစ်ဆိုင် မှ
အမျိုးသမီးတစ်ဦးက ဦးသောင်းမြင့်အားလက်ဆွဲပြီးဆိုင်ထဲခေါ်သွားကြောင်း
ဆိုင်ထဲရောက်ပြီး ထမင်းဖိုးရှင်းမှ မိမိ အလိမ်ခံလိုက်ရကြောင်း
သိရှီသွားကြောင်း နောင်တွင် မိမိလိုတစ်နယ်တစ်ကျေးမှ လာရောက်သူများ
မိမိလိုမခံရအောင် မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်းသို့လာရောက်ပြီး
ထုတ်ဖေါ်တင်ပြခြင်းဖြစ်ကြောင်းပြောဆိုသွားခဲ့သည်။ဦးသောင်းမြင့်က-”ကျွန်တော်ဟာ
ဆိပ်ဖြူမြို့နယ် မြင်းက၀အုပ်စု ဆူးလေကုန်းကျေးရွာက
ဖြစ်ပါတယ်။နှလုံးရောဂါရှိလို့ မကွေးမြို့ “ချမ်းမြေ”့ဆေးခန်းကို
နှစ်လတစ်ကြိမ်၊သုံးလတစ်ကြိမ်ဆေးစစ်ဖို့လာရပါတယ်။မတ်(၅)ရက်မှာဆေးစစ်ပြီးလို့ရွာကို
ပြန်ဖို့ ကျွန်တော်နဲ့ သုံးနှစ်အရွယ်သားကလေး မောင်သန်းတိုးအောင်တို့
မကွေးမြို့အဝေးပြေးကားကြီးဝင်းကို
လမ်းလျှောက်လာကြပါတယ်။ကားကြီးဝင်းတောင်ဘက် ပေါက်အ၀င်ဝလည်းရောက်ရော
လမ်းဘေးထမင်းဆိုင်ထဲက အမျိုးသမီးတစ်ဦးထွက်လာပြီး
ကျွန်တော့လက်ကိုဆွဲပြီးဆိုင်ထဲခေါ်သွားတယ်အထဲရောက်တော့ထမင်းစားဖို့ပြောတယ်။ဟင်းတွေစုံကြောင်းပြောတယ်။ကျွန်တော်က
ထမင်းကြော်တစ်ပွဲကြက်ဥနဲ့ ရှမ်းခေါက်ဆွဲတစ်ပွဲမှာတယ်
မစားခင်ထမင်းကြော်တစ်ပွဲဘယ်လောက်လဲ?ရှမ်းခေါက်ဆွဲတစ်ပွဲဘယ်လောက်လည်း?လို့မေးတယ်။အဲ့ဒီအမျိုးသမီးက
စားပြီးမှပြောမယ်လို့ပြောတယ်။စားလည်းပြီးရော ထမင်းကြော်က ၂၅၀၀ တဲ့
ရှမ်းခေါက်ဆွဲက ၁၅၀၀ တဲ့အဲ့ဒီမှာတင်ငါတော့ခံလိုက်ရပြီလို့ သိလိုက်တယ်၊၄၀၀၀
ပေးလိုက်ရတယ်၊လမ်းဘေးထမင်းဆိုင်တစ်ဆိုင်က
မသိကျွမ်းကျင်တဲ့ခရီးသည်တွေအပေါ်လိမ်နည်းတစ်မျိုးပဲလို့ခံစားလိုက်ရတယ်…ဒါနဲ့ကျွန်တော်လည်းအနီးမှာရှိတဲ့
မ.ထ.သ ရုံးသွားပြောတော့ သူတို့က အမှတ် (၂) ရဲစခန်းကိုသွားပါတဲ့
“ဒီဆိုင်ဟာဒီလိုပဲလိမ်ပေါင်းများပြီတဲ့ တစ်ခါကလူသုံးယောက်ထမင်းစားတာ
ငွေငါးသောင်းရှင်းလိုက်ရလို့ ပြဿနာဖြစ်ဘူးတယ်”တဲ့ ဒါနဲ့
ကျွန်တော်တို့သားအဖလည်း ဆိုင်ကယ်ကယ်ရီ ၅၀၀ ကျပ်ပေးပြီး ရဲစခန်းသွားတယ်
တာဝန်ကျရဲကြပ်ကြီးက”ရာဇ၀တ်မှုမဟုတ်တော့ဂွကျတယ်တဲ့
စည်ပင်နဲ့ဆိုင်တယ်၊စည်ပင်ကိုသွားပါတဲ့”ကျွန်တော်တိုင်းစည်ပင်ရုံးကိုသွားတယ်…တိုင်းစည်ပင်ရုံးကိုသွားတော့
စာရေးမတစ်ယောက်နဲ့တွေ့တယ်၊လူကြီးတွေမရောက်သေးတော့ ရုံးရှေ့
ကအုတ်ခုံပေါ်ထိုင်နေရတယ် ခနနေတော့ ရုံးထဲ က
အသက်ကြီးကြီးလူတစ်ယောက်ထွက်လာတယ်။ကျွန်တော်ကသူ့ကိုတိုင်တယ် သူကရယ်တယ်
နောက်သူက – “ရယ်စရာတော့ဖြစ်နေပြီ အဲ့ဆိုင်ကတော်တော်ကြာပြီ
ခံရတဲ့သူပေါင်းလည်းမနည်းတော့ဘူး”လို့ဆို တယ် နောက်သူက
ရုံးအနောက်ဘက်တိုက်တန်းမှာနေတဲ့ အမျိုးသမီးအရာရှိတစ်ယောက်ဆီညွှန်တယ်
အရာရှိအမျိုးသမီးက-”ဦးလေးတို့ပိုက်ဆံတော့ပြန်ရချင်မှရမယ်
အဲ့ဒီပိုင်ရှင်ကိုခေါ်တွေ့ပြီးသတိပေးလိုက်ပါမယ်-ကျွန်မတို့ က ၂၅ မြို့နယ် က
စည်ပင်ရုံးတွေကို အုပ်ချုပ်ရတာ’”လို့ပြောလိုက်တယ် ကျွန်တော်တို့လည်း
အဝေးပြေးကားကွင်းကြီးကိုခြေကျင်ပဲပြန်လျှောက်ခဲ့ကြတယ်။စိတ်ထဲမှာစနိုးစနောင့်ကြီးဖြစ်နေတယ်
ဘ၀င်မကျဘူး မတရားမှုတွေဖြေရှင်းမပေးနိုင်ဘူးလားလို့လည်း ခံစားနေရတယ်ဒါနဲ့
အဝေးပြေးကားကွင်းကြီးအနီးလမ်းထောင့်မှာရှိတဲ့ မ-ထ-သ ရုံးကိုထပ်ဝင်တယ်
အဲ့ဒီအထဲက အသက်ကြီးကြီးလူတစ်ယောက်အကြံပေးတယ်၊မကွေးတိုင်း
သတင်းစာဆရာအသင်းကလူကြီး
တစ်ယောက်ကားကွင်းအရှေ့ဘက်မှာရှိတယ်၊သူ့ဆီသွားဖို့ညွှတ်လိုက်လို့လာတာပါဗျာ
သတင်းထဲထည့်ပေးစမ်းပါဗျာ ဒါမှ သူတို့ဆက်ပြီးအတင့်မရဲတော့မှာ
ကျွန်တော့ကိုအလုပ်သမားတစ်ယောက်အတွက် ငွေ ၄၀၀၀
ဆိုတာမနည်းပါဘူး။တစ်နေကုန်လုပ်မှ ငွေ ၂၀၀၀လောက်ရတာ ဆိပ်ဖြူဟိုးဘက်
ကဇွန်းမဘက်သွားပြီးအလုပ်လုပ်ရတယ်။မိုးလေ၀သမညီညွတ်တဲ့အခါ က-ပ-စ (၂)
ကဇွန်းမဘက်သွားပြီးမြေကျင်းတူးစားရတာ တစ်နေ့လုပ်မှ ၂၀၀၀ ပဲရတာ”ဟု
ရင်ဖွင့်သွားခဲ့သည်။
မကွေးလှမြင့်
No comments:
Post a Comment