မတ်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်း အပါအ၀င် အခြားသောရေကာတာ စီမံကိန်းများ ရပ်တန့် ပြီး ပြောင်းရွှေ့နေထိုင်ခဲ့ရသည့် ဒေသခံများ နေရပ်ပြန်လည်အခြေချနိုင်ရေးအတွက
ဆုတောင်းပွဲတွင် ပါဝင်သည့် ကချင်ပြည်နယ်အခြေစိုက် လူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့မှ
လက်ရှိအချိန်တွင် မြစ်ဆုံစီမံကိန်းအကောင်အထည်ဖော်
ပြောင်းရွှေ့ပေးလိုက်ရသည့် ဒေသခံများသည် သက်ဆိုင်ရာမှ ပေးထားသည့် အောင်မြင်သာစံပြကျေးရွာတွင် အိမ်ထောင်စု ၈၀ စုနှင့် မလိရန်ဒေသတွင် အိမ်ထောင်စု ၄၀စုတို့မှာ နေရာသစ်တွင် နေထိုင်ရခြင်းကြောင့် စားဝတ်နေရေးနှင့် နေရေးထိုင်ရေး အခက်အခဲ ကြုံတွေ့ကာ နေရပ်ပြန်ချင်နေကြသည်ဟု သိရသည်။
ဆရာရှဂေါန်တန်ဂွန်းက “ပြောင်းရွှေ့ခံရတဲ့ ဒေသခံတွေဟာ ခြံဝင်းသေးသေးလေးထဲမှာ နေရတယ်။ အိမ်တိုင်တွေကလည်း ကျွန်းသစ်ပွတွေနဲ့ လုပ်ထားတော့ ကြာကြာမခံဘူး။ ပိုဆိုးတာက ကိုယ်ပိုင်အသက်မွေးကျောင်း လုပ်ငန်းတွေ မရှိတော့ သား သမီးတွေ ကျောင်းနေဖို့ ပိုက်ဆံမရှိကြဘူး။ အရင်တုန်းကဆိုရင် ပိုက်ဆံမရှိလည်း ကိုယ့်ခြံထဲက ၀ါးတွေခုတ်ပြီး ရောင်းရင် ပိုက်ဆံရတယ်လေ”ဟု ပြောသည်။
ဧရာဝတီမြစ်ချောင်းအတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းအပါအ၀င် အခြေားသော ရေကာတာစီမံကိန်း (၇)ခုစလုံး ရပ်တန့်ရေး နှင့် ရွှေတူးဖော်ရေးလုပ်ငန်းများကြောင
ရေအားလျှပ်စစ် မီဂါဝပ် ၆,၀၀၀ ထုတ်လွှတ်ပေးနိုင်မည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း”အရ မေခမြစ်အပိုင်းတွင် တာငါးခု၊ မလိခ မြစ်မှာ နှစ်ခု ပိတ်ရမည် ဖြစ်ပြီး မြစ်ဆုံဆည် နယ်မြေအကျယ်အဝန်းမှာ စတုရန်းမိုင် ၁၈,၀၀၀ ရှိသည်။ ဆည်အမြင့်မှာ ၁၅၂မီ တာ (ပေ ၅၀၀)နှင့် အထက်၊ ရေလှောင်ကန်အမြင့်မှာ ၂၉၉မီတာ (ပေ ၉၈ဝ) ရှိကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖ
တရုတ်ပြည်သို့ လျှပ်စစ်ဓါတ်အား ရောင်းချရန်အတွက် ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ်နှင့် ယင်းမြစ်လက်တက်များပေါ် တွင် ရေကာတာပေါင်း ၇ခုကို တည်ဆောက်ရန် တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရ
ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့၌ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က လက်ရှိ ၎င်း၏ အစိုးရသက်တမ်းတွင် ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကို ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တရားဝင် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။
No comments:
Post a Comment