Monday, March 11, 2013

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ မြစ်ကြီးနားအ၀င်တွင် တားဆီးခံရ


မြစ်ကြီးနား မတ် ၁၁

ရန်ကုန်မြို့မှ ကချင်ပြည်နယ်လိုင်ဇာမြို့သို့ငြိမ်းချမ်းရေး လမ်းလျှောက် သူများအဖွဲ့သည်မတ်လ၁၁ရက်နေ့နံနက်၉နာရီတွင် မြစ်ကြီးနားမြို့သို
့ရောက်ရှိလာရာ မြို့အ၀င် (ပမ္မတီး ရပ်ကွက်အ၀င်) တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်မှသံဆူးကြိုးများခတ်ထားသည့် အရံအတား များဖြင့်တားဆီးခဲ့ကြောင်းငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကိုအောင်မင်းနိုင် က The Voice Weekly သို့ပြောကြားသည်။

ယင်းကဲ့သို့ တားဆီးရခြင်း၏ အကြောင်းအရင်းကိုမေးမြန်းရာတွင်
အထက်အမိန့်အရဟုသာဆိုကြောင်း၊ မည်သည့်အမိန့်စာ ထုတ်ပြန်ချက်မှ
ပြသနိုင်ခြင်းလည်းမရှိကြောင်း၊ ဆွေးနွေးညှိနှိုင်းရန်အတွက်တာဝန်ရှိ ပုဂ္ဂိုလ်အားမေးမြန်းရာတွင်လည်း ရေရေရာရာ ပြောပြခြင်း မရှိကြောင်း၊ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးမှမိမိတို့ဆန္ဒအလျှောက်ဖြတ်လို
ကြ ဖတ်သွားနိုင်ကြောင်း ဆိုသဖြင့် လမ်းမကြီးပေါ်တွင် ပိတ်ထားသော သံဆူးကြိုးအရံအတားများကို ရှောင်ကွင်းကာ ဖြတ်သန်းလာခဲ့ကြောင်း ၎င်းက ဆိုသည်။

“မနေ့ကအထိ ဒီလမ်းကြောင်းကိုဖွင့်ထားတယ်လို့ကြားတယ်။ ဒီမနက်ကျမှ
တားတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်””ဟုကိုအောင်မင်းနိုင်က ပြောသည်။

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့များ ဖြတ်သန်းသွားပြီးနောက်ပိုင်း
ခဏအကြာတွင်ပိတ်ထားသည့်အရံအတားများကို ပြန်လည်ဖယ်ရှားခဲ့ကြောင်းမျက်မြင်တစ်ဦး၏ ပြောပြချက်အရသိရသည်။ယခုလတ်တလောတွင် ငြိမ်ချမ်းရေးလမ်းလျှောက်အဖွဲ့ဝင်များပမ္မတီးရပ်ကွက်အတွင်းရှိ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်းအတွင်းရပ်နားလျှက်ရှိပြီး မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင်မြစ်ကြီးနားမြို့အတွင်းသို့ ၀င်ရောက်မည်ဖြစ်ရာ ထိုသို့ ၀င်ရောက်ရာတွင်စစ်တပ်မှ မြို့ပတ်လမ်းကိုသာအသုံးပြုရန် ပြောကြားထားသော်လည်းလမ်းလျှောက်အဖွဲ့အနေဖြင့် ပြည်ထောင်စုလမ်းမကြီးပေါ်မှသာဝင်ရောက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသွားသည်။

“ ကျွန်တော်တို့ရှေ့မှာတင် ဂိတ်တွေမှာ အင်အားတွေ ထပ်ဖြည့်နေတာ တွေ့ရတယ်။မနက်ဖန် မနက်မှာတော့ ကျွန်တော်တို့အနေနဲ့ တော်တော်လေးအင်အားကြီးတဲ့
အတားအဆီးတစ်ခုကြုံရမယ်လို့ ယုံကြည်တယ်” ဟု
ကိုအောင်မင်းနိုင်ကဆိုသည်။

ပမ္မတီးခရမ်းကျောင်းတိုက်ရှေ့တွင် ရှိသောတာဝန်ကျတပ်သားတစ်ဦးကို လမ်းပိတ်ထားသည့် အကြောင်းရင်းကို မေးမြန်းကြည့်ရာတွင်
စစ်ရေးပြလေ့ကျင့်ရေးရှိသောကြောင့် ခေတ္တပိတ်ထားခြင်းဖြစ်ကြောင်နှင့်
မနက်ဖန် (မတ်လ ၁၂ ရက်) တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာခွင့်
ပြုသွားမည် ဖြစ်ကြောင်းဖြေကြားသည်။

No comments: