
““ဒါမျိုးလုံးဝမရှိပါဘူး အဲသ သလိုမျိုးလည်း လုံးဝမဟုတ်ပါဘူး ဗျာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်းမိန့်ခွန်းပြောတဲ့ ထဲမှာ အဲသဘောတိုက်ရိုက်ပါတာ တော့မဟုတ်ပါဘူး။သို့သော်လည်း ပဲ သူ့ရဲ့ပါတီဝင်တွေကိုသူပြော တာရှိတယ်။ ကုလားထိုင်နေရာ တောင် မရှိသေးဘူး နေရာလုချင် ကြပြီ နေရာလုတာတွေပေါ်လာ ပြီ ခု ညီလာခံလုပ်တဲ့အခါ နေရာ လေးတွေပေါ်လာတယ်။ ပိုပြီး နေရာလုလာသလိုဖြစ်လာတယ် လို့ပြောတာပါ သူကိုယ်တိုင်လည်း ၂၀၁၅ဟိုဟာဖြစ်မယ်။ဒီဟာဖြစ် မယ်ဆိုပြီး ပြောတာမျိုး မိန့်ခွန်း ထဲလုံးဝမပါပါဘူး။ကျွန်တော်ကို ညီလာခံတက်တာနဲ့ပတ်သက်ပြီး အင်တာဗျူးလုပ်တဲ့ထဲမှာလည်း အဲဒါလုံးဝမပါဘူး။နောက်ကြမှ အင်တာနက်ပေါ်မှာ ဒီလိုသတင်း ကြီးပါလာတာ ဒေါ်အောင်ဆန်း စုကြည် ၂၀၁၅သမ္မတဖြစ်ဖို့ အလားအလာရှိလို့ ညီလာခံ လာတာလို့ပြောခဲ့တာမျိုးလုံးဝမရှိ ပါဘူး””ဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးဌေးဦးမှပြောကြားသည်။
အင်တာနက်သတင်းအချို့ ၌ဖော်ပြရာ၌ ဦးဌေးဦးမှ NLD ညီလာခံတက်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍သတင်းထောက်အများ ၏မေးမြန်းချက်အားဖြေကြားရာ ၌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅သမ္မတဖြစ်မှာမို့လို့လာတာ ပါဟု ပါရှိခဲ့ခြင်းများရှိနေပြီး ယင်း သတင်းအား ဦးဌေးဦးမှငြင်းဆို ကာ NLD ပါတီညီလာခံသို့တက် ရောက်ခဲ့ခြင်းမှာလည်း တစ်ဖက် မှတလေးတစားဖိတ်ကြားသည့် အတွက် မိမိတို့အနေဖြင့်တလေး တစားသွားရခြင်းဖြစ်ကြောင်း၊ ပါတီတစ်ခု၏ ညီလာခံဆိုသည် မှာ အလွန်ဂုဏ်ယူဖွယ်ရာဖြစ် သည့်အတွက် အခြားပါတီမှတာ ၀န်ရှိသူတစ်ယောက်အနေဖြင့် ဂုဏ်ပြုသည့်အနေဖြင့်သွားရောက် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ခန့်ခန့်(ဒဿနိက)
No comments:
Post a Comment