[ Voice of the Day ]
=============
Wednesday, March 13, 2013
ဆန္ဒထုတ်ဖော်မှု အချို့တွင် ကြားမှ အားပေးဦးဆောင်သူ အချို့က နာမည်လူသိ
များလာသော နိုင်ငံရေး အကျိုးအမြတ်အပြင် ငွေကြေး အကျိုးအမြတ်အတွက်
ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း ကိုယ်တွေ့ ကြုံတွေ့သူများက ပြောသည်။
ဆန္ဒပြပွဲများအား စီစဉ်ပေးမည်ဟု ဆိုကာ လယ်သမား များထံမှ ငွေကြေး
တောင်းခံသူများလည်း ရှိကြောင်း ဆန္ဒပြ ခဲ့ကြသည့် လယ်သမားများက ပြောသည်။
ယင်းအပြင် ငွေကြေး တတ်နိုင်သူ များက ၄င်းတို့အကျိုးအတွက် နေ့စားခပေးကာ
ခေါ်ဆောင်လာမှု များလည်း ရှိသည်။
ဆန္ဒပြပွဲများတွင် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ် လာရခြင်းသည် လှုံ့ဆော်သူ များကြောင့် သာမက အစိုးရဘက်မှ စေ့စပ် ညှိနှိုင်းသူများ
ကြောင့်လည်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ဆိုသည်။
နစ်နာသူများ၏ တောင်းဆိုမှုများကို ပေါက်ကွဲမှုများ မဖြစ်ပေါ်မီ အထိ ဂရုတစိုက်
ပြုလုပ်လေ့ မရှိခြင်း၊ စေ့စပ်ညှိနှိုင်းမှု များတွင်လည်း မောက်မာစွာ
ဆက်ဆံခြင်း စသည့် အစိုးရအောက်ခြေ ဝန်ထမ်းများ၏ လုပ်ရပ်များ ကလည်း
ပဋိပက္ခအရှိန်ကို မြင့်မားစေခဲ့သည်။
မတ်လ ၇ ရက်နေ့ထုတ် 7 Day သတင်းဂျာနယ်ပါ ဆောင်းပါးရှင်
အောင်ခိုင်၊ ရန်မျိုးနိုင်၊ ထွန်းခိုင်တို့ ပူးပေါင်းရေးသားသည့်
“ဆန္ဒထုတ်ဖော်မှု အချို့ နောက်ကွယ်၌ ခေါင်းစဉ်ပေးထားသော” သတင်းဆောင်းပါးမှ ကောက်နုတ်ချက်
The Voice Weekly
[ Voice of the Day ]
=============
Wednesday, March 13, 2013
ဆန္ဒထုတ်ဖော်မှု အချို့တွင် ကြားမှ အားပေးဦးဆောင်သူ အချို့က နာမည်လူသိ များလာသော နိုင်ငံရေး အကျိုးအမြတ်အပြင် ငွေကြေး အကျိုးအမြတ်အတွက် ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း ကိုယ်တွေ့ ကြုံတွေ့သူများက ပြောသည်။ ဆန္ဒပြပွဲများအား စီစဉ်ပေးမည်ဟု ဆိုကာ လယ်သမား များထံမှ ငွေကြေး တောင်းခံသူများလည်း ရှိကြောင်း ဆန္ဒပြ ခဲ့ကြသည့် လယ်သမားများက ပြောသည်။ ယင်းအပြင် ငွေကြေး တတ်နိုင်သူ များက ၄င်းတို့အကျိုးအတွက် နေ့စားခပေးကာ ခေါ်ဆောင်လာမှု များလည်း ရှိသည်။
ဆန္ဒပြပွဲများတွင် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ် လာရခြင်းသည် လှုံ့ဆော်သူ များကြောင့် သာမက အစိုးရဘက်မှ စေ့စပ် ညှိနှိုင်းသူများ
ကြောင့်လည်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ဆိုသည်။
နစ်နာသူများ၏ တောင်းဆိုမှုများကို ပေါက်ကွဲမှုများ မဖြစ်ပေါ်မီ အထိ ဂရုတစိုက် ပြုလုပ်လေ့ မရှိခြင်း၊ စေ့စပ်ညှိနှိုင်းမှု များတွင်လည်း မောက်မာစွာ ဆက်ဆံခြင်း စသည့် အစိုးရအောက်ခြေ ဝန်ထမ်းများ၏ လုပ်ရပ်များ ကလည်း ပဋိပက္ခအရှိန်ကို မြင့်မားစေခဲ့သည်။

No comments:
Post a Comment