ကုဋေကုဋာ ချမ်းသာနိုင်သည့် နည်းလမ်း
Wednesday, March 6, 2013
ကုဋေကုဋာ ချမ်းသာနိုင်သည့် နည်းလမ်းက အားလုံးနှင့် တည့်အောင်
ပေါင်းခြင်း ဖြစ်နိုင်သည်။
မြန်မာပြည်တွင် ကုဋေကုဋာ ချမ်းသာသူ ထိပ်တန်း လုပ်ငန်းရှင်ကြီးများတွင် မက်စ်မြန်မာကုမ္ပဏီ ပိုင်ရှင် ဦးဇော်ဇော်လည်း ပါဝင်သည်ဟု အများအပြားက ယူဆကြသည်။
ဦးဇော်ဇော်သည် "နာမည်ပြောင်းသော်လည်း လူမပြောင်းသည့်
အစိုးရများ" အဆက်ဆက် ပုခုံးကြယ်ပွင့်တပ်ပုဂ္ဂိုလ်တချို့နှင့် နီးစပ်သည်ဟု လေ့လာသူတချို့က ယုံကြည်ကြသည်။
ထို့ပြင် ဦးဇော်ဇော်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်နှင့်လည်း အဆက်အစပ် ရှိသည်။ တကြိမ်တွင် သူက
ဒေါ်အောင်ဆန်းစုကြည်ကို ဘောလုံးပွဲတပွဲသို့ ဖိတ်ခေါ်ပြီး
ဘောလုံးပွဲအကြောင်း ပြောကြ ဆိုကြဖူးသည်။ ဦးဇော်ဇော်က
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌလည်း ဖြစ်သည်။
ထိုသို့ အစိုးရပိုင်းသာမက အတိုက်အခံတို့နှင့်လည်း ခင်မင်ရင်းနှီးရန် အသင့်ရှိခြင်းမှာ ထိပ်သီးလုပ်ငန်းရှင်တဦး၏ အရည်အချင်းဟု ဆိုနိုင်မည် ထင်သည်။
ယနေ့ နံနက်ပိုင်းက ဦးဇော်ဇော်ကို မွန်ပြည်နယ်၊ သထုံမြို့နယ်၊
နောင်ဘိုရွာတွင် ပြုလုပ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU ၏ ဆက်ဆံရေးရုံးဖွင့်ပွဲတွင် တွေ့ရသည်။
KNU ရုံး၏ မြေနေရာ၊ အဆောက်အအုံတို့ကို မက်စ်မြန်မာက လှူဒါန်းခြင်းဖြစ်သည်ဟု ဆိုသည်။
ဦးဇော်ဇော် နှင့် KNU ၏ ဆက်စပ်မှု မည်သည့်အချိန်က
အစပြုခဲ့သည် မသိပါ။
သက်တမ်းရှည် လက်နက်ကိုင်အဖွဲ့ကြီးဖြစ်သည့် KNU နှင့်လည်း ဦးဇော်ဇော်က တစုံတရာ ရင်းနှီးမှု ရှိခဲ့သည် သို့မဟုတ် ရှိတော့မည် ဟု ဆိုနိုင်သည်။
လုပ်ငန်းရှင်ကြီးတဦး ကုဋေကုဋာ ချမ်းသာလာသည့် နည်းလမ်းက အားလုံးနှင့် တည့်အောင်ပေါင်းခြင်း ဖြစ်ဖွယ်ရှိသည်။
ဧရာဝတီ
Wednesday, March 6, 2013
ကုဋေကုဋာ ချမ်းသာနိုင်သည့် နည်းလမ်းက အားလုံးနှင့် တည့်အောင်
ပေါင်းခြင်း ဖြစ်နိုင်သည်။
မြန်မာပြည်တွင် ကုဋေကုဋာ ချမ်းသာသူ ထိပ်တန်း လုပ်ငန်းရှင်ကြီးများတွင် မက်စ်မြန်မာကုမ္ပဏီ ပိုင်ရှင် ဦးဇော်ဇော်လည်း ပါဝင်သည်ဟု အများအပြားက ယူဆကြသည်။
ဦးဇော်ဇော်သည် "နာမည်ပြောင်းသော်လည်း လူမပြောင်းသည့်
အစိုးရများ" အဆက်ဆက် ပုခုံးကြယ်ပွင့်တပ်ပုဂ္ဂိုလ်တချု
ထို့ပြင် ဦးဇော်ဇော်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်နှင့်လည်း အဆက်အစပ် ရှိသည်။ တကြိမ်တွင် သူက
ဒေါ်အောင်ဆန်းစုကြည်ကို ဘောလုံးပွဲတပွဲသို့ ဖိတ်ခေါ်ပြီး
ဘောလုံးပွဲအကြောင်း ပြောကြ ဆိုကြဖူးသည်။ ဦးဇော်ဇော်က
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌလည်း ဖြစ်သည်။
ထိုသို့ အစိုးရပိုင်းသာမက အတိုက်အခံတို့နှင့်လည်း ခင်မင်ရင်းနှီးရန် အသင့်ရှိခြင်းမှာ ထိပ်သီးလုပ်ငန်းရှင်တဦး၏ အရည်အချင်းဟု ဆိုနိုင်မည် ထင်သည်။
ယနေ့ နံနက်ပိုင်းက ဦးဇော်ဇော်ကို မွန်ပြည်နယ်၊ သထုံမြို့နယ်၊
နောင်ဘိုရွာတွင် ပြုလုပ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU ၏ ဆက်ဆံရေးရုံးဖွင့်ပွဲတွင် တွေ့ရသည်။
KNU ရုံး၏ မြေနေရာ၊ အဆောက်အအုံတို့ကို မက်စ်မြန်မာက လှူဒါန်းခြင်းဖြစ်သည်ဟု ဆိုသည်။
ဦးဇော်ဇော် နှင့် KNU ၏ ဆက်စပ်မှု မည်သည့်အချိန်က
အစပြုခဲ့သည် မသိပါ။
သက်တမ်းရှည် လက်နက်ကိုင်အဖွဲ့ကြီးဖြစ်သည့် KNU နှင့်လည်း ဦးဇော်ဇော်က တစုံတရာ ရင်းနှီးမှု ရှိခဲ့သည် သို့မဟုတ် ရှိတော့မည် ဟု ဆိုနိုင်သည်။
လုပ်ငန်းရှင်ကြီးတဦး ကုဋေကုဋာ ချမ်းသာလာသည့် နည်းလမ်းက အားလုံးနှင့် တည့်အောင်ပေါင်းခြင်း ဖြစ်ဖွယ်ရှိသည်။
ဧရာဝတီ
No comments:
Post a Comment