Tuesday, March 12, 2013

အဖေ့မျက်ရည် နှင့်  အဖေ နဲ့  ကျနော်တို့ ဘဝ

အဖေ့မျက်ရည် နှင့်  အဖေ နဲ့  ကျနော်တို့ ဘဝ
===========================
by Ye Yint Thet Zwe on Friday, March 25, 2011 at 7:52pm ·

(မထင်မှတ်ပဲ ဒီဆောင်းပါးလေးကို ဖတ်မိတော့ ရင်ထဲမှာ ဆို့ နင့်သွားတယ်။ဟုတ်ပါရဲ့  ကျနော်တို့  လူ့ အဖွဲ့ အစည်းမှာ ဖခင်တို့ ရဲ့ အခန်း

ကဏ္ဍဟာတဖြည်းဖြည်း မှေးမှိန်လာတာကို တွေ့ ရ မြင်ရ ကြားရတာ တော်တော်ကြာပါပီ။ကိုယ်ကိုယ်တိုင် ဖခင်နေရာကို ရောက်လာတဲ့အခါ

အဖေတွေ ရဲ့ ဘ၀ကိုပိုပီးနားလည်ခံစားလာမိပါတယ်။ မြန်မာ့လူ့ ဘောင်မှာ ဇနီးမယား သမီးများ သားများ အိမ်ဦးနတ်အဖြစ် ရို့ ကြိုးလေးစားချစ်မြတ်နိုး ခဲ့ကြတဲ့အစဉ်အလာများ သွန်သင်ဆုံးမမှုများ တိုးတက်သော ခေတ်မှီသောအတွေးအခေါ်များဖြင့် ရာစုသစ်ထဲသို့ တိုးဝင်နေသော လမ်းပေါ်တွင်ဖိတ်စဉ်လွင့်ပါးခဲ့လေပြီလား။ဖခင်များအတွက် သင်မည်ကဲ့သို့ ခံစားရပါသလဲ။ မိတ်ဆွေ ခံစားချက်များကို ဝေငှခဲ့ပါလား။ဝေမျှလိုက်ပါလား။

လေးစားစွာဖြင့် .....ရဲရင့်သက်ဇွဲ )

အဖေ့မျက်ရည်

* Posted by KaeKae0 on October 16, 2010 at 1:37pm

* View KaeKae0's blog

*****************

လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့စည်းပြီးဈေးအ၀မှာသွားရောင်းတာနေမွန်းမတည့်ခင် ပန်းအားလုံးရောင်းလို့ကုန်သွားပြီးငွေငါးဆလောက်အမြတ်ရခဲ့တယ်၊ ဖခင်များနေ့ရောက်တောဲ့ဒီလူကအဲဒီနည်းအတိုင်း

ပန်းကလေးတွေရောင်းခဲ့ပြန်တယ်။ နေစောင်းတဲ့အထိလေးပုံပုံတစ်ပုံတောင်ရောင်းမထွက်လို့ငွေရှုံးပြီးအိမ်ပြန်ခဲ့ရတယ်။

ဒါကိုကြည့်ရင်သားသမီးတွေကဖခင်ကိုဂုဏ်ပြုဖို့ထက်မိခင်ကိုပဲအလေးထားတယ်ဆိုတာထင်ရှားနေပါတယ်။

အဲဒါကိုအဖေများသိရင်ဘယ်လောက်များမျက်ရည်ကျလိုက်မလဲ။

စင်္ကာပူနိုင်ငံမှာ တစ်ချို့  PR (Permanent Resident)ဖြစ်သွားတဲ့ဇနီးမောင်နှံကသားဦးသမီးဦးလေးတွေမွေးလာတဲ့အခါစင်္ကာပူက လူနေမှုစရိတ်မြင့်မားတဲ့အတွက် ကလေးထိန်းဖို့ရောမီးဖိုချောင်တာဝန်ယူဖို့ ရောကူဖော်လောင်ဖက် လိုအပ်တဲ့အတွက် မြန်မာနိုင်ငံကမိခင်ကြီးတွေကို စင်္ကာပူနိုင်ငံကိုအလည်လာဖို့လေယာဉ်လက်မှတ်ဝယ်ပြီးပို့ပေးကြပါတယ်

ဖခင်အိုကြီးတွေကိုဘာလို့မခေါ်တာလဲလို့မေးကြည့်တော့အဖေကကလေးလည်းမထိန်းတက်ဘူး၊

ထမင်းဟင်းလည်းကောင်းကောင်း မချက်တက်ဘူးတဲ့။

သြော်သူတို့လေးတွေနိုင်ငံခြားမှာပညာသင်နိုင်ဖို့ လျှာမြက်ပေါက်လုမတက်ခြိုးခြံပြီးပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့တဲ့ဖခင်ကို သူတို့တွေကောင်းစားတဲ့နိုင်ငံခြားမှာကြီးပွားချိန်ရောက်တော့အလည်တောင်မခေါ်ဘဲ မြန်မာပြည်မှာချန်ထားရစ်ခဲ့ကြတာ အဖေများသိရင်ဘယ်လောက်များ မျက်ရည်ကျလိုက်မလဲ။

ရပ်ဝေးမှာကျောင်းဆရာမအလုပ်လုပ်နေတဲ့အပျိုကြီးသမီးဖြစ်သူကို စိတ်မချဘဲဖခင်ကရထားဘူတာရုံအထိ လာကြိုတော့တောသားကြီးတို့ထုံးစံအတိုင်းဖိနပ်မပါ၊ကွမ်းတမြုံ့မြုံ့ဝါးပြီး လူကြားထဲမှာသမီး၊သမီးလို့ ၀မ်းသာအားရသမီးရဲ့ထမီထုပ်ကိုထမ်းဖို့အနားကပ်လာတဲ့ဖခင်ဖြစ်သူရဲ့ ပုံဆိုးပန်းဆိုးပုံစံကြောင့် သူငယ်ချင်းကျောင်းဆရာမတွေ ကြားမှာ ရှက်သွားတဲ့မြို့ကျောင်းက ဆရာမလေး သမီးဖြစ်သူက အဖေသမီးကို လူကြားထဲမှာ သမီးလို့ခေါ်ပါနဲ့တဲ့။

သြော်ဒါတွေကို အဖေများသိရင် ဘယ်လောက်များ မျက်ရည်ကျလိုက်မလဲ။

နယ်မြို့လေးကနေညကားနဲ့ပြန်လာတဲ့သမီးကိုဒီဇင်ဘာဆောင်းတွင်းကြီးအိမ်တံခါးပိတ်မအိပ်ဘဲထိုင်စောင့်နေတဲ့အဖေဟာအအေးဒဏ်ကြောင့် ကိုယ်တခြမ်းလေဖြန်းသွားခဲ့ဖူးတယ်။ကိုယ်ခန္ဓာပိုင်းဆိုင်ရာမှာအားကြီးပေမဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာမှာအားနည်းတက်တဲ့အဖေတွေဟာ

စားဝတ်နေရေးအရှုပ်တော်ပုံတွေကြောင့် ဆေးလိပ်၊အရက်တွေနဲ့စိတ်ထွက်ပေါက်ရှာရင်းယစ်ထုတ်ကြီး ဖြစ်သွားခဲ့ကြတယ်။

နောက်ဆုံးမှာ သားသမီးရဲ့အညုအတုတွေဇနီးမယားရဲ့စကားနုနုတွေမတွေ့မကြားရတဲ့အဖေတွေဟာ ရေကြည်ရာမြက်နုရာရှာရင်း အပျော်မိန်းမတွေရဲ့မာယာဂယက်တွင်းသက်ဆင်းခဲ့ကြရင်း အိမ်ထောင်ရဲ့ဗီလိန်လူကြမ်းကြီးတွေဖြစ်သွားကြရတယ်။

အဲဒီလိုအိမ်ထောင်ဦးစီးမဖြစ်ခဲ့တဲ့ဗီလိန်လူကြမ်းကြီးအဖေတွေကိုစိတ်နာလွန်းလို့ အရွယ်ရောက်လာတဲ့သားသမီးတွေရဲ့ မင်္ဂလာဆောင်ဖိတ်စာတွေထဲမှာ အဖေကိုသေပြီလို့သဘောမှတ်ပြီး အဖေ့နာမည်ကိုကွင်းကလေးထဲခတ်ပြီး ဖိတ်စာမှာ ပုံနှိပ်ဖော်ပြခဲ့ကြတယ်။

ဒီထက်ပိုဆိုးတာကသားတစ်ဦးရဲ့မင်္ဂလာဆောင်ဖိတ်စာမှာတာဝန်မကျေတဲ့အဖေကို စိတ်အနာကြီးနာခဲ့တာကြောင့် မိဘအုပ်ထိန်းသူနေရာမှာအဖေရဲ့နာမည်ကိုလုံးဝဖျောက် အမေနာမည်တစ်လုံးတည်း ကို ပုံနှိပ်ဖော်ပြထားတာတွေ့ဖူးလိုက်ရဲ့။ ဒါဆိုဒီကလေးအဖေမပါဘဲမွေးခဲ့တာပေါ့။

စာရေးဆရာတစ်ဦးကပြောဖူးတယ်။ အဖေ့အကြောင်းရေးထားတဲ့စာအုပ်ကို သူပုံနှိပ်ထုတ်တာရောင်းမထွက်ဘဲရှုံးခဲ့ဖူးသတဲ့။ ဟုတ်ကဲ့ကျွန်တော်ရေးတဲ့ အဖေ့မျက်ရည်ကိုဖတ်သူမရှိရင်လည်းနေပါစေ- အဖေတွေရဲ့ မျက်ရည်ကိုသားသမီးတိုင်း နားလည်ပေးမယ်ဆိုရင် မျက်ရည်ထွက်ရကျိုးနပ်ပါတယ်လေ။

အဲဒီလိုအဖေတွေကိုအဆိုးမြင်နေရင်လဲ အဖေဆိုတာဟာမနှိုင်းကောင်းနှိုင်းကောင်းလောကဓံနဲ့ သားသမီးတွေကြားမှာ တရားခံဖြစ်ခဲ့တာ ဓါးစာခံဖြစ်ခဲ့တာခြေဖ၀ါးနဲ့မြေသားကြားကရော်ဘာဖိနပ်ပါးပါးလေးလိုပါပဲ။

အဲဒါကြောင့်ရော်ဘာဖိနပ်ပါးပါးလေးတွေကိုမြင်ရင်မိတ်ဆွေတို့ရဲ့အဖေကိုသာ သတိရလိုက် ကြပါလို့……………..။

~~~~~~~~

Forward mail မှ မျှဝေခံစားသည်။

ကဲ သူငယ်ချင်းတို့ရေ ဒီစာလေးက မင်းဖေဖေနဲ့ပတ်သက်ပြီး မင်းရဲ့စိတ်ကို တစ်စုံတစ်ရာ လှုပ်ခတ်သွားစေခဲ့တယ်ဆိုရင်

အဖေ့အတွက် စိတ်ထဲကနေ ဆုတောင်းပေးလိုက်ပါနော်.... အဖေတစ်ယောက် ဘေးကင်းပြီး ကျန်းမာပါစေလို့...။

မိဘကျေးဇူးနားလည်သိတတ်သောသားသမီးများဖြစ်ကြပါစေလို့ဆုတောင်းရင်း။ ။

ခင်မင်မှုများစွာဖြင့်-

ကဲကဲ0

အဖေ နဲ့  ကျနော်တို့ ဘဝ

ငယ်စဉ် ခလေးဘဝ

အဖေထက် အမေ့ကို

အချစ်ပိုခဲ့ကြ …၊

လူတိုင်းထက် မသာတောင်မှ

လူတိုင်းထက် အောက်မကျစေရအောင်

ရှာဖွေကျွေးမွေး

မိသားစုနဲ့ ဝေးရ အဖေ့ဘဝ …..။

အရွယ်ရောက်လို့ 

လူလားမြောက်လာ

မိသားစုအပေါ် ထားရှိတဲ့

အဖေ့ အကြင်နာ မေတ္တာ

စာနာ နားလည်တတ် လာတဲ့အခါ

အဖေ က …

ဘုရားသခင်ရဲ့ ထံတော်အပါးမှာ

အနားယူ အိပ်စက်သွားခဲ့ရှာပြီ …..။

အဖေရဲ့  သားသမီးတွေအပေါ်

အချစ်တွေကို ပုံအောခဲ့တာ

ငါတို့  … မမြင်တတ်ခဲ့ကြဘူး

သားသမီးတွေကို ပညာတတ်တွေဖြစ်စေချင်ခဲ့သူ

သားသမီးဟာ မိဘထက် တော်ရမယ်

ကိုယ့်ရေ ကိုယ့်မြေ ဘာသာ သာသနာ

လွတ်လပ်မှု တန်းတူညီမျှမှု အတွက်

တိုက်ပွဲဝင်ရမယ် …

အဖေ့ရဲ့  အယူဝါဒ

ငါတို့  … နားမကျခဲ့ကြဘူး …

အခုတော့ ရင်မှာ နာကျင်စူးရှ

ဘဝမှာ ပြန်ပြင်မရတဲ့ နောင်တတွေနဲ့ 

အဖေ ကတော့

ကောင်းကင်ဘုံကနေ

ခွင့်လွှတ်ပြုံးနဲ့  ပြုံးနေဦးမှာပဲ

သားတို့ ယုံတယ် …..။

ဝဠှ်ဆိုတာ

နောက်ဘဝအထိ

စောင့်တဲ့ အရာမဟုတ်တော့ပါဘူး

သားတို့  အလှည့်ကျမှ …..

အဖေ … ရေ ……. တဖွဖွ

အဖေ … ရေ …..တသသ …..။။

(ဖခင်မေတ္တာကို မသိတတ်ခဲ့ကြသော အလေးမမူ ဂရုမထားခဲ့မိကြသော သားသမီးများအတွက်)

ရဲရင့်သက်ဇွဲ

၂၀ ၁၂ ၂၀၁၀

No comments: