Thursday, March 14, 2013

Pမြိတ်မြို့၊ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကြီး (၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကျင်းပမည်

PPPPPPP
=======================================

မြန်မာသက္ကရာဇ် ၁၀၉၃ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့၍ သက်တမ်း (၂၈၁)နှစ်ရှိပြီဖြစ်သော မြိတ်မြို့၊ လေးကျွန်းဆီမီးစေတီတော်ကြီးကို ၁၃၇၄ ခုနှစ်တွင် ငွေကျပ်သိန်း (၁၃၀၀)ကျော်ဖြင့် လုံးတော်ပြည့် ရွှေစင်၊ ရွှေပြားနှင့် ရွှေဆိုင်းများကပ်လှူပူဇော်၍ ရောင်တော်ဖွင့်ခဲ့ပြီး ဖြစ်ပါသည်။

စေတီတော်ကြီး၏ (၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို ၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀)ရက်မှ တပေါင်းလပြည့်ကျော် (၁)ရက် (၂၁-၃-၂၀၁၃ မှ ၂၇-၃-၂၀၁၃)ရက်နေ့အထိ (၇)ရက်တိုင်တိုင် အောက်ပါနေ့ရက်များအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(၁) ဗုဒ္ဓပူဇနိယတပေါင်းပွဲတောင် ဖွင့်ပွဲအခမ်းအနား
၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀)ရက်၊ (၂၁-၃-၂၀၁၃)ရက်၊ ကြာသပတေးနေ့၊ နံနက် (၉း၀၀)နာရီ။

(၂) ရွှေစင်၊ ရွှေပြား၊ ရွှေဆိုင်း အလှူတော်ရေစက်ချမင်္ဂလာအခမ်းအနား
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၆-၃-၂၀၁၃)ရက်၊ အင်္ဂါနေ့၊ နံနက် (၉း၀၀)နာရီ။

(၃) ဆီမီး (၅၀၀၀)ပူဇော်ပွဲ
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၆-၃-၂၀၁၃)ရက်၊ အင်္ဂါနေ့၊ ညနေ (၆း၀၀)နာရီမှ (၉း၀၀)နာရီအထိ။

(၄) ဗုဒ္ဓါဘိသေကမင်္ဂလာ အနေကဇာတင်အခမ်းအနား
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁)ရက်၊ (၂၇-၃-၂၀၁၃)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၅း၀၀)နာရီ။

(၅) ဆွမ်းဆန်လောင်းလှူပွဲ
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁)၇က်၊ (၂၇-၃-၂၀၁၃)ရက်၊ ဗုဒ္ဓဟူးနေ့၊ ညနေ (၃း၀၀)နာရီ။

ဆွမ်းဆန်တော်လောင်းလှူပွဲတွင် စေတီတော်သြ၀ါဒါစရိယ ဆရာတော်ကြီးများအပါအ၀င် သံဃာတော်များနှင့် သီလရှင်များ စုစုပေါင်း (၁၁၅)ပါးတို့အား စေတီတော်ရင်ပြင်ပေါ်၌ ဆွမ်းဆန်လောင်းလှူမည်ဖြစ်ပါ၍ အလှူရှင်များမှ သဒ္ဒါတရားထက်သန်စွာဖြင့် ကုသိုလ်ပြုပါဝင်လှူဒါန်းနိုင်ကြောင်းနှင့် ဖုန်း ၀၅၉ ၄၁၁၁၆ သို့ ကြိုတင်စာရင်းသွင်းလှူဒါန်းနိုင်ကြောင်းကို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ နှိုးဆော်ထားကြောင်း သိရှိရသည်။

No comments: