သွဲ့သွဲ့ဝင်းဘာလဲ ဘယ်လဲ
ဒီမနက်မှေးရွာသူ သွဲ့သွဲ့ဝင်းရဲ့အစီရင်ခံစာအပေါ် ကို ဘီဘီစီကမေးမြန်းထားတာလေးနားထောင်လိုက်ရတယ် ။ ဘာမေးရင်ဘာဖြေလို့ အတင်းကာရောကြီးသင်ပေးထားတာမှန်းသိပ်သိသာတယ် ။ ဦးပိုင်ကစားစရာရှိတာ စားထားတာ လျောစရာရှိတာလည်းလျောပေါ့ ဆိုတာလည်းကြားတယ် နောက်ဆုံးလုပ်စရာရှိတာဆက်လုပ်ရမ ယ်ဆိုတော့
ဘီဘီစီမေးမြန်းသူက ပြောတယ် ဘာကိုဆိုလိုတာလဲပေါ့ ဥပဒေကြောင်းအရရော ဘာရော
လုပ်စရာရှိတာဆက်လုပ်မယ်တဲ့ ။ ဒါဆို သွဲ့သွဲ့ဝင်းကို ဥပဒေကြောင်းတွေဘာတွေ
ဘယ်သူက သင်ပေးခဲ့တာလဲ ။ ဥပဒေဆိုတဲ့အရာကလည်း သေချာလေ့လာလိုက်စားမှ ဘယ်လို
ဥပဒေမျိုးရှိတယ်ဆိုတာ သိနိုင်တဲ့အရာမျိုး ။
ပညာဘယ်လောက်တတ်တတ် မလေ့လာမိဘူးဆိုရင် လုံးဝကို တိတိကျကျမသိနိုင်တဲ့အရာမျိုးပါ ။ ဒါကို ၀က်မှေးရွာသူ သွဲ့သွဲ့ဝင်းက ဥပဒေကြောင်းအရ လုပ်မယ်ဆိုတာပြောထွက်ပုံအရ ကြိမ်းသေတာတစ်ခုရှိသွားတယ်။ သူ့ကို သင်ပေးနေတဲ့သူ ရှိတယ် မြှောက်ပေးနေတဲ့သူရှိတယ် ဒါတွေကို ဒီလိုလုပ်ဆိုပြီးအနီးကပ်ညွှန်ကြားပေးနေတဲ့သူတွေလည်းရှိတယ်။ ဘီဘီစီက သတင်းထောက်ကမေးတယ် ခွင့်ပြုချက်ယူပြီးဆန္ဒတောင်းခံတဲ့အချက်ကိုမေးတော့
ကျွန်မတို့ လုံးဝအမှားမရှိခဲ့ပါဘူးတဲ့ ။ တော်လိုက်တာ သွဲ့သွဲ့ဝင်း
အောက်စ်ဖို့မှာ ဘွဲ့ယူလာတဲ့ဒေါ်စုက ရေးထားတဲ့အစီရင်ခံစာကို သူက
လက်မခံနိုင်ပုံထောက်တော့ ဒေါ်စုထက်ပိုသိနေပုံရတယ် ထားတော့ ဒါကလည်း
သွဲ့သွဲ့ဝင်းအပြစ်မဟုတ်ပေဘူး မြှောက်ပေးတိုင်း ဘေးကနေ သွေးထိုးပေးတိုင်း
လက်ခံလုပ်နိုင်တဲ့အသိပညာ နဲ့အခြေခံပညာရေးကိုပဲ လက်ညှိုးထိုးရမှာပဲ ။
တကယ်အပြစ်တင်ရမှာက သူ့ဘေးက မြှောက်ဖိုးပင့်ကော်တွေနဲ့
သွဲ့သွဲ့ဝင်းလုပ်ဆောင်ချက်တွေကို အရောင်ဆိုးနေကြတဲ့ မီဒီယာတွေပဲ ။
သူစဖြေကတည်းက လုံးဝလက်မခံနိုင်ဘူးကိုကျက်ထား ပုံရတယ် မီးလောင်ဗုံးပစ်ဖို့ ဆိုတဲ့ အသုံးအနှုန်းတွေ့ရတယ် ဘယ်သူအမိန့်ပေးတာလဲမဖော်ထုတ်သွားဘူးတဲ့ ။ အံမယ် ဘာကြောင့်ဆက်လုပ်သင့်လည်းဘာကြောင့်ဆက်မလုပ်သင့်ဘူးလဲဆိုတာ
ပွင့်လင်းမြင်သာအောင် ဘာတစ်ခုမှ ချမပြထားဘူးတဲ့ ။ ကြည့် . . Transparancy
တွေဘာတွေပါလာတော့ ဘေးကလူတွေ အတော်ကြီးကို သင်ပေးထားတာပဲ ။ ဒီလယ်ယာမြေတွေကို
လျောကြေးပေးတယ်ဆိုတော့ ကျွန်မတို့လျော်ကြေးလည်း မလိုချင်ဘူး
ကျွန်မတို့လယ်ယာမြေတွေလည်းအဆုံး အရှုံးမခံနိုင်ဘူးတဲ့
။ ဒါဆို အရင်ကတည်းက လျော်ကြေးညှိတာ အဆင်မပြေလို့ ဆန္ဒပြခဲ့တယ်ဆိုတာကရော
ဘယ်ပျောက်သွားတာလဲ ။ ထားပါတော့ ဆက်နားထောင်ကြည့်ရအောင် ။
ကျွန်မတို့လုပ်မှာက လက်ပံတောင်းတောင်စီမံကိန်းဖျက်သိမ်းရေးကိုကြိုးစားသွားမှာတဲ့ ။ သေချာသွားပြီ လက်ထပ်သင်ပေးထားတယ်ဆိုတာ လယ်သမားတစ်ယောက် က ဒီစီမံကိန်းကြီးဖျက်ရလောက်အောင် လုပ်မယ်ဆိုတဲ့အသိမျိုးလုံးဝမရှိ ဘူး ။ လယ်သမားတွေကရိုးတယ် ။ အခြေခံပညာရေး နိမ့်တယ် ။ ဒီတော့တွေးတော်ဆင်ခြင်နိုင်မှုနည်းသွားတယ်
။ ဒီလိုအားနည်းချက်တွေကို အခွင့်ကောင်းယူပြီး
လုပ်စားတချို့နဲ့ဆူပူမှုဖြစ်မှ ထမင်းဝမဲ့ ရေပေါ်ဆီအဖျက်သမားတွေရဲ့
မြှောက်ထိုးပင့်ကော်လက်ထပ်သင်စကားတွေကနေ
သွဲ့သွဲဝင်းက ဓါးစာခံဖြစ်ပြီး ဒီလိုစကားတွေထွက်လာပုံရတယ် ။
သွဲ့သွဲ့ဝင်းအနေနဲ့တော့ သူ့ကို မြှောက်ပေးတဲ့သူတွေ သင်ပေးတဲ့သူတွေက
မှန်နေတာလားမှားနေတာလား သူ့မှာ တွေးတောနိုင်စွမ်းရှိမှာမဟုတ်ဘူး ။ ဒါကလည်း သူ့ရဲ့ တတ်မြောက်လာတဲ့အခြေခံပညာရေးနဲ့ပဲဆိုင်တယ် ဆက်နားထောင်ရအောင် ။
ဘီဘီစီကမေးတယ် နှစ်နိုင်ငံ သဘောတူ ချုပ်ထားတဲ့ စီမံကိန်းတစ်ခုကို လွယ်လွယ်ကူကူမဖျက်သိမ်းသင့်ဘူးဆိုတဲ့အချက်
အစီရင်ခံစာမှာ ပါလာတယ် ပြီးတော့ဆက်လုပ်မယ်ဆိုရင်လည်း
ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကိစ္စ လယ်မြေလျောကြေးတွေကိစ္စ အဆင်ပြေအောင်
လုပ်ပြီးမှ ဆက်လုပ်သင့်တယ်လို့ဖော်ပြထားတဲ့ အပေါ်
ဘယ်လိုမြင်လဲမေးတယ် ။ သွဲ့သွဲ့ဝင်းကဖြေတယ် . . ဒီစီမံကိန်းဟာ
နိုင်ငံတော်နဲ့ ချုပ်ထားတာမဟုတ်ဘူး ဦးပိုင်နဲ့ချုပ်ထားတာ
ဒီတော့လျော်စရာရှိဦးပိုင်ကလျော်ပေါ့တဲ့ စားစရာရှိစားထားတာပဲတဲ့ သွဲ့သွဲ့ဝင်းဒီလောက်ထိလှချည်လား နိုင်ငံတော်ကစာချုပ်တွေမှာ ဘယ်သူတွေက ဘယ်အခန်းကဏ္ဍက ချုပ်ထားတာလဲဆိုတာသိလှချည်လားလို့ မထင်လိုက်ပါနဲ့ဦး ။ သင်ပေးထားတာပါ ထပ်ပြောပါဦးမယ် သူ့ကို သင်ပေးထားတာပါ ။ နောက်ပြီး ဘာဆက်လုပ်မှာလဲဆိုတော့ဥပဒေကြောင်းအရဆက်လုပ်မယ်ဖြေတယ် ။
ဆန္ဒပြတယ်ဆိုတဲ့နေရာမှာ စီတန်းလှည့်လည်ခွင့်ကိုကြိုတင်ခွင့်ပြုချက်တောင်းတဲ့ကိစ္စနဲ့လူစုခွဲဖို့ ကိစ္စကို တောင်းဆိုတဲ့အခါလက်မခံလို့သူတို့ ဖက်က အင်အားသုံးပြီးဖြိုခွဲတယ်ဆိုတဲ့ အပေါ်အမြင်ကို ဘီဘီစီက ဆက်မေးထားတယ် ။ ကျွန်မတို့ဖက်က အားနည်းချက် ဘာတစ်ခုမှမရှိခဲ့ပါဘူးတဲ့ ။ ဘီဘီစီသတင်းထောက်ကလည်းမေးတတ်တယ် ကိုယ့်ဖက်ကလိုက်နာမှုမရှိတာကို ဘာကြောင့်ကိုယ့်ဖက်က အမှားမရှိဘူးလို့ပြောရတာပါလဲတဲ့ ။ ၁၂ ခါတိတိ တင်တယ်တဲ့ ပယ်ချခဲ့တယ် တကယ်ဆို သူတို့ကတောင်ဘေးကနေ လိုက်စောင့်ရှောက်ရဦးမှာတဲ့ သူတို့တောင်ဥပဒေကိုချိုးဖောက်သေးတာပဲ ကျွန်မတို့ဥပဒေချိုးဖောက်တယ်ဆို တာ ဘာတစ်ခုမှမရှိခဲ့ပါဘူးတဲ့ ။
ထားပါတော့တကယ်ကအဖြစ်အပျက်တွေအား လုံးဟာ အရိုးခံရွာသူရွာသားတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူတဲ့ တိုင်းပြည်ဆူပူလိုသူတချို့ရဲ့လု ပ်ကွက်နဲ့ ဒီရွာသူရွာသားတွေရဲ့လုပ်ဆောင်ချ က်တွေကို ခေါင်းစည်းပိုင်းကြီးတွေမှာ အထင်ကနဲ့ အရောင်ဆိုးခဲ့ကြတဲ့မီဒီယာအချို့ ရဲ့စနက်ကြောင့်ဒီလိုတွေဖြစ်လာရတ ယ်လို့ပဲမြင်တယ် ။ ဒီတော့ကျွန်တော်တို့နိုင်ငံရဲ့အ ခြေခံပညာရေးစနစ်ကို ကျွန်တော်တို့ပြုပြင်ကြဖို့လြို ပီဆိုတာသိလာရပြီ ။ ပညာရေးဆိုတာ ဘွဲ့တွေဒီဂရီတွေကိုဆိုလိုတာမဟုတ်ဘူး ။
မောင်နေ
ဒီမနက်မှေးရွာသူ သွဲ့သွဲ့ဝင်းရဲ့အစီရင်ခံစာအပေါ် ကို ဘီဘီစီကမေးမြန်းထားတာလေးနားထောင
ပညာဘယ်လောက်တတ်တတ် မလေ့လာမိဘူးဆိုရင် လုံးဝကို တိတိကျကျမသိနိုင်တဲ့အရာမျိုးပါ ။ ဒါကို ၀က်မှေးရွာသူ သွဲ့သွဲ့ဝင်းက ဥပဒေကြောင်းအရ လုပ်မယ်ဆိုတာပြောထွက်ပုံအရ ကြိမ်းသေတာတစ်ခုရှိသွားတယ်။ သူ့ကို သင်ပေးနေတဲ့သူ ရှိတယ် မြှောက်ပေးနေတဲ့သူရှိတယ် ဒါတွေကို ဒီလိုလုပ်ဆိုပြီးအနီးကပ်ညွှန်ကြာ
သူစဖြေကတည်းက လုံးဝလက်မခံနိုင်ဘူးကိုကျက်ထား
ကျွန်မတို့လုပ်မှာက လက်ပံတောင်းတောင်စီမံကိန်းဖျက်သ
ဘီဘီစီကမေးတယ် နှစ်နိုင်ငံ သဘောတူ ချုပ်ထားတဲ့ စီမံကိန်းတစ်ခုကို လွယ်လွယ်ကူကူမဖျက်သိမ်းသင့်ဘူးဆ
ဆန္ဒပြတယ်ဆိုတဲ့နေရာမှာ စီတန်းလှည့်လည်ခွင့်ကိုကြိုတင်ခ
ထားပါတော့တကယ်ကအဖြစ်အပျက်တွေအား
မောင်နေ
1 comment:
ဒေါ်စုက နယ်ခံတွေအတွက်ရော တိုင်းပြည်အတွက်ပါ အကျိုးရှိစေဖို့ ဓားခုတ်ရာ လက်ဝင်လျှိုပေးတယ်။ နယ်ခံတချို့က ဒေါ်စုရဲ့ မေတ္တာစေတနာတွေကို နားမလည်ကြဘူး။ သူတို့ကိုချည်း အပြစ်တင်လို့လည်း မရဘူး၊ တောသူတောင်သားဆိုတာ စာပေနဲ့ သိပ်အကျွမ်းဝင်တာ မဟုတ်တော့ ကော်မရှင်ရဲ့ အစီရင်ခံစာကို သေချာနားလည်အောင်ဖတ်နိုင်စွမ်း ကောင်းကျိုးဆိုးကျိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိပုံမရပါဘူး (အဲဒီအထဲမှာ ဒိတ်ဒိတ်ကြဲ ဆရာ့ဆရာကြီးတွေ တတ်သိပညာရှင်ကြီးတွေတောင် ပါလိုက်သေးတယ်)။ ဒီကြားထဲ အစီရင်ခံစာကို မီးရှို့လိုက်သေးတယ်။ အဆိုးဆုံးကတော့ ပြည်တွင်းပြည်ပက ခွက်ပျောက်ဆရာကြီးများနဲ့ ရခိုင်အရေး ကချင်အရေး မှေးမှိန်စေလိုသူများ ရှူးတိုက်လို့ ကိုယ့်ခေါင်းဆောင် ကိုယ်ပြန်ကိုက်နေတဲ့ အဖြစ်မျိုး ကြုံနေရတာဘဲ။ သတိတရားလေးနဲ့ ဆင်ခြင်နိုင်ကြပါစေ။
Post a Comment