Thursday, March 14, 2013

“မနေနိုင်လွန်းလို့ ပြောရအုံးမယ်ဗျို့”

“မနေနိုင်လွန်းလို့ ပြောရအုံးမယ်ဗျို့”

ဘာတဲ့……
“ဒေါ်စုအလိုမရှိ” တဲ့ 
“သမိုင်းတရားခံ” ဖြစ်သွားမယ်တဲ့
ကြားရသည်ရှိ 
နားခါးဘိမို့
ပြောရအုံးမယ် ပြောအုံးမယ်ဗျို့…….။

ဆန္ဒပြ 
ခပ်အအ ငနတွေ
မင်းတို့ရဲ့ဆန္ဒ 
ပြင်းပြမှုကို လေးစားတယ်
အသိအမှတ်ပြုတယ်
ဒါပေမဲ့ ….
ဦးနှောက် မရှိတာ
အတွေးအခေါ်မရှိတာ
ဆင်ခြင်တုံတရားမဲ့တာ
ဒါတွေကိုတော့
လက်ခံဘို့ဝေး တွေးတောင်မတွေးခြင်ဘူး….။

ဒေါ်စုကိုကန့်ကွက်ရအောင်
ဒေါ်စုလုပ်တာတွေ မှားနေသလား
ဒေါ်စုလုပ်ခဲ့တာတွေ မှားခဲ့သလား
ပြောကြစမ်းပါ
ဒေါ်စုရဲ့ 
အနှစ်-နှစ်ဆယ်ကျော်သမိုင်းက
မှတ်ကျောက်တင်ခံရဲတဲ့ သမိုင်း
မရိုင်းခဲ့တာသေချာပါတယ်…..။

ဒေါ်စုကိုကန့်ကွက်ရအောင်
အစီရင်ခံစာက မှားနေသလား
ပေါ့ပေါ့တိမ်တိမ်လေး မတွေးနဲ့
အစီရင်ခံစာကို သေသေချာချာဖတ်
လေးလေးနက်နက်တွေး
ပညာသားလေးတွေ မြင်အောင်ကြည့်

ဦးနှောက်ရှိရင် 
အတွေးအခေါ်လေးနည်းနည်းသုံး
ဆင်ခြင်တုံတရားလေးထပ်လောင်းလို့ 
အစီရင်စာရဲ့ အနာဂတ်ကို
ခြေဖျားလေးထောက်
မျက်မွှေးတစ်ထောက်ကျော်ကျော်
ကဲပြီးနော်  ကြည့်လိုက်စမ်း
ကိုယ်ကျိုးမပါ ခဝါချလို့
နိုင်ငံတော်အတွက်
ပြည်သူအတွက်
လူ့အခွင့်အရေးအတွက်
တရားဥပဒေစိုးမိုးရေးအတွက်
တည်ငြိမ်အေးချမ်းရေးအတွက်
အတွက်ပေါင်းများစွာမြင်ရမှာမလွဲ
ဒေါ်စုဆိုတာ အဲဒါပဲလေ
ယုံကြည်အားကိုးလောက်တဲ့
အသိ သတိ ပညာပြည့်သူတစ်ယောက်ဆိုတာ
ငြင်းကြမလား…ငြင်းနိုင်ကြသလား……။

ခင်ဗျားတို့လည်းသိပြီးသား
ဒီကိစ္စက
စကတည်းကယဉ်သကိုဆိုတာမျိုး
ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းဒုတ်ဆိုတာ
ချောက်ကမ်းပါး အစွန်းနားသွားခိုင်းတာ
သူ့ကိုအသုံးချလိုက်တာဆိုတာ
ဒါတွေကို
သူမသိဘူးထင်လို့လား
သိသိကြီးနဲ့ကို
တိုင်းပြည်နဲ့လူမျိုးအပေါ်ထားတဲ့
သစ္စာတရားကို ရင်မှာပိုက်ပြီး
မီးပုံထဲ ရဲရဲကြီး ခုန်ဆင်းပြလိုက်တာ
“တိုင်းပြည်နဲ့လူမျိုးအတွက်
အကျိုးရှိမယ်ဆိုရင်
သူ့ကိုအသုံးချနိုင်ပါတယ်
အသုံးချ ခံရဲပါတယ်” လို့ ပြောခဲ့တဲ့
သူ့လိုလူမျိုး
ထပ်ပြောအုံးမယ်
“စု”လိုလူမျိုး
ခင်းဗျားတို့ မြင်ဘူးကြသလား
ကြုံဘူးကြသလား
တွေ့ဘူးကြသလား 
ခင်ဗျားတို့ ဖြတ်သန်းခဲ့ကြ
ကြားဖူးခဲ့ကြ 
မ-ဆ-လ ခေတ်
န-အ-ဖ ခေတ်
စစ်အာဏာရှင်ခေတ်မှာ
ကောလဟာလလေးအဖြစ်နဲ့တောင်
ကြားဖူးခဲ့ကြသလား
ပြောကြစမ်းဗျာ ပြောစမ်းပါဗျ…..။


ဒီတော့….မေးလိုက်အုံးမယ်
သူ့လိုလူကိုမှ အလိုမရှိကြရင်
ဘယ်လိုလူကို လိုချင်တာလဲ
ကိုသန်းရွှေလိုလူလား
ကိုအေးလိုလူလား
ကိုခင်ညွန့်လိုလူလား
ကဲပြောကြ
စစ်အာဏာရှင်ကို
လက်ယပ်ခေါ်နေမိကြပြီဆိုတာ
တွေးမိကြရဲ့လား ….။

အောင်ဆန်းသမီး
အောင်ဆန်းစုကြည်ဆိုတဲ့သူ
တစ်သန်းအယောက် 
တစ်ယောက်မရှိတဲ့သူ
အေးချမ်းပြည့်စုံတဲ့ 
မိသားစုဘဝလေးကိုစတေး
လင်ကိုစွန့် သားကိုခွါ
ရင်နာစရာဘဝကိုဖန်တီး
ပစ်ခွာခဲ့သူကြီးမို့
“တာဝန်မဲ့” သူကြီးလို့
ပြောကြမှာလား
ပြောကြလေဗျာ
ပြောကြစမ်းပါ…..

မိခင်တစ်ယောက်
အရွယ်မရောက်သေးတဲ့သားတွေကိုစွန့်ခွာ
လွယ်တယ်များထင်လား
ဇနီးတစ်ယောက်
အပြစ်မဲ့လင်သားကို ကြောခိုင်းခဲ့ရတာ
စိတ်ချမ်းသာမယ်ထင်လား 
သူ့ခမျာ
စိတ်ဒဏ်ရာတွေ ပြန့်ကြဲ 
ဘယ်လောက်တောင် ကြေကွဲရှာမလဲ
စာနာစိတ်ကလေးနဲ့
တွေးကြည့်ကြ
မိန်းမတစ်ယောက်အဖို့
မိသားစုကိုစွန့်လွှတ်ရတာ
ကြီးမားတဲ့ စွန့်လွှတ်မှုကြီးပါ

ဒါပေမဲ့ သိတယ်မို့လား
အောင်ဆန်းသမီးလေ
ပုဂ္ဂလိကခံစားချက်တွေကို
ရင်မှာသော့ခတ်
ကိုယ်ကျိုးနဲ့မိသားစုအကျိုးထက်
နိုင်ငံနဲ့ပြည်သူ့အကျိုး ဆောင်ရွက်တာ
ပိုပြီးအကျိုးကြီးမားတယ်လို့ဆုံးဖြတ်ကာ
ဒီလမ်းကိုသူကိုယ်တိုင် 
ရွေးချယ်လျှောက်လှမ်းခဲ့တယ်
ကြီးမားတဲ့ “မဟာစာနာစိတ်”က
နိုင်ငံနဲ့ပြည်သူ့အကျိုးကို
ဆောင်ရွက်စေခဲ့တာပဲ
ဒါကြောင့် 
အောင်ဆန်းစုကြည်ဆိုတဲ့ ဒေါ်စုဟာ
တာဝန်မဲ့သူတစ်ယောက်မဟုတ်ဘူး
“တာဝန်ယူရဲသူ”တစ်ယောက်
သူပြောတဲ့စကား 
သူလုပ်တဲ့အလုပ်အတွက်
တာဝန်ယူရဲသူတစ်ယောက်ဆိုတာ
ကျုပ်ယုံကြည်တယ်

ဝင်္ကဘာလို
အကွေ့အကောက်ထွေပြား
လှည့်ကွက်တွေကြားထဲမှာ
ဒေဝဒတ်ဥာဏ်နဲ့
နောက်ကွယ်ကသွေးထိုး
ကိုယ်ကျိုးရှာလူတစ်စု
ဆူပူမှုဖြစ်မှထမင်းဝမဲ့သူ
ဒီလိုလူတွေရဲ့
အမြှောက် အပင့် 
အကော် အထိုး
မရိုးတဲ့နည်းနာတွေ
မြင်အောင်ကြည့်
သိအောင်လုပ်
မှားမှန်းသိရင် နောက်ဆုတ်
ဒီလိုမှမဟုတ်ရင်
မင်းတို့စကားအတိုင်း
သမိုင်းရဲ့တရားခံ
သမိုင်းက ဒဏ်ခတ်တာခံရလိမ့်မယ်….။
                                            (နဂါးမာန်)
“မနေနိုင်လွန်းလို့ ပြောရအုံးမယ်ဗျို့”
ဘာတဲ့……
“ဒေါ်စုအလိုမရှိ” တဲ့
“သမိုင်းတရားခံ” ဖြစ်သွားမယ်တဲ့
ကြားရသည်ရှိ
နားခါးဘိမို့
ပြောရအုံးမယ် ပြောအုံးမယ်ဗျို့…….။

ဆန္ဒပြ
ခပ်အအ ငနတွေ
မင်းတို့ရဲ့ဆန္ဒ
ပြင်းပြမှုကို လေးစားတယ်
အသိအမှတ်ပြုတယ်
ဒါပေမဲ့ ….
ဦးနှောက် မရှိတာ
အတွေးအခေါ်မရှိတာ
ဆင်ခြင်တုံတရားမဲ့တာ
ဒါတွေကိုတော့
လက်ခံဘို့ဝေး တွေးတောင်မတွေးခြင်ဘူး….။

ဒေါ်စုကိုကန့်ကွက်ရအောင်
ဒေါ်စုလုပ်တာတွေ မှားနေသလား
ဒေါ်စုလုပ်ခဲ့တာတွေ မှားခဲ့သလား
ပြောကြစမ်းပါ
ဒေါ်စုရဲ့
အနှစ်-နှစ်ဆယ်ကျော်သမိုင်းက
မှတ်ကျောက်တင်ခံရဲတဲ့ သမိုင်း
မရိုင်းခဲ့တာသေချာပါတယ်…..။

ဒေါ်စုကိုကန့်ကွက်ရအောင်
အစီရင်ခံစာက မှားနေသလား
ပေါ့ပေါ့တိမ်တိမ်လေး မတွေးနဲ့
အစီရင်ခံစာကို သေသေချာချာဖတ်
လေးလေးနက်နက်တွေး
ပညာသားလေးတွေ မြင်အောင်ကြည့်

ဦးနှောက်ရှိရင်
အတွေးအခေါ်လေးနည်းနည်းသုံး
ဆင်ခြင်တုံတရားလေးထပ်လောင်းလို့
အစီရင်စာရဲ့ အနာဂတ်ကို
ခြေဖျားလေးထောက်
မျက်မွှေးတစ်ထောက်ကျော်ကျော်
ကဲပြီးနော် ကြည့်လိုက်စမ်း
ကိုယ်ကျိုးမပါ ခဝါချလို့
နိုင်ငံတော်အတွက်
ပြည်သူအတွက်
လူ့အခွင့်အရေးအတွက်
တရားဥပဒေစိုးမိုးရေးအတွက်
တည်ငြိမ်အေးချမ်းရေးအတွက်
အတွက်ပေါင်းများစွာမြင်ရမှာမလွဲ
ဒေါ်စုဆိုတာ အဲဒါပဲလေ
ယုံကြည်အားကိုးလောက်တဲ့
အသိ သတိ ပညာပြည့်သူတစ်ယောက်ဆိုတာ
ငြင်းကြမလား…ငြင်းနိုင်ကြသလား……

ခင်ဗျားတို့လည်းသိပြီးသား
ဒီကိစ္စက
စကတည်းကယဉ်သကိုဆိုတာမျိုး
ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းဒုတ်ဆိုတာ
ချောက်ကမ်းပါး အစွန်းနားသွားခိုင်းတာ
သူ့ကိုအသုံးချလိုက်တာဆိုတာ
ဒါတွေကို
သူမသိဘူးထင်လို့လား
သိသိကြီးနဲ့ကို
တိုင်းပြည်နဲ့လူမျိုးအပေါ်ထားတဲ့
သစ္စာတရားကို ရင်မှာပိုက်ပြီး
မီးပုံထဲ ရဲရဲကြီး ခုန်ဆင်းပြလိုက်တာ
“တိုင်းပြည်နဲ့လူမျိုးအတွက်
အကျိုးရှိမယ်ဆိုရင်
သူ့ကိုအသုံးချနိုင်ပါတယ်
အသုံးချ ခံရဲပါတယ်” လို့ ပြောခဲ့တဲ့
သူ့လိုလူမျိုး
ထပ်ပြောအုံးမယ်
“စု”လိုလူမျိုး
ခင်းဗျားတို့ မြင်ဘူးကြသလား
ကြုံဘူးကြသလား
တွေ့ဘူးကြသလား
ခင်ဗျားတို့ ဖြတ်သန်းခဲ့ကြ
ကြားဖူးခဲ့ကြ
မ-ဆ-လ ခေတ်
န-အ-ဖ ခေတ်
စစ်အာဏာရှင်ခေတ်မှာ
ကောလဟာလလေးအဖြစ်နဲ့တောင်
ကြားဖူးခဲ့ကြသလား
ပြောကြစမ်းဗျာ ပြောစမ်းပါဗျ…..။


ဒီတော့….မေးလိုက်အုံးမယ်
သူ့လိုလူကိုမှ အလိုမရှိကြရင်
ဘယ်လိုလူကို လိုချင်တာလဲ
ကိုသန်းရွှေလိုလူလား
ကိုအေးလိုလူလား
ကိုခင်ညွန့်လိုလူလား
ကဲပြောကြ
စစ်အာဏာရှင်ကို
လက်ယပ်ခေါ်နေမိကြပြီဆိုတာ
တွေးမိကြရဲ့လား ….။

အောင်ဆန်းသမီး
အောင်ဆန်းစုကြည်ဆိုတဲ့သူ
တစ်သန်းအယောက်
တစ်ယောက်မရှိတဲ့သူ
အေးချမ်းပြည့်စုံတဲ့
မိသားစုဘဝလေးကိုစတေး
လင်ကိုစွန့် သားကိုခွါ
ရင်နာစရာဘဝကိုဖန်တီး
ပစ်ခွာခဲ့သူကြီးမို့
“တာဝန်မဲ့” သူကြီးလို့
ပြောကြမှာလား
ပြောကြလေဗျာ
ပြောကြစမ်းပါ…..

မိခင်တစ်ယောက်
အရွယ်မရောက်သေးတဲ့သားတွေကိုစွန့်ခွာ
လွယ်တယ်များထင်လား
ဇနီးတစ်ယောက်
အပြစ်မဲ့လင်သားကို ကြောခိုင်းခဲ့ရတာ
စိတ်ချမ်းသာမယ်ထင်လား
သူ့ခမျာ
စိတ်ဒဏ်ရာတွေ ပြန့်ကြဲ
ဘယ်လောက်တောင် ကြေကွဲရှာမလဲ
စာနာစိတ်ကလေးနဲ့
တွေးကြည့်ကြ
မိန်းမတစ်ယောက်အဖို့
မိသားစုကိုစွန့်လွှတ်ရတာ
ကြီးမားတဲ့ စွန့်လွှတ်မှုကြီးပါ

ဒါပေမဲ့ သိတယ်မို့လား
အောင်ဆန်းသမီးလေ
ပုဂ္ဂလိကခံစားချက်တွေကို
ရင်မှာသော့ခတ်
ကိုယ်ကျိုးနဲ့မိသားစုအကျိုးထက်
နိုင်ငံနဲ့ပြည်သူ့အကျိုး ဆောင်ရွက်တာ
ပိုပြီးအကျိုးကြီးမားတယ်လို့ဆုံးဖြတ်ကာ
ဒီလမ်းကိုသူကိုယ်တိုင်
ရွေးချယ်လျှောက်လှမ်းခဲ့တယ်
ကြီးမားတဲ့ “မဟာစာနာစိတ်”က
နိုင်ငံနဲ့ပြည်သူ့အကျိုးကို
ဆောင်ရွက်စေခဲ့တာပဲ
ဒါကြောင့်
အောင်ဆန်းစုကြည်ဆိုတဲ့ ဒေါ်စုဟာ
တာဝန်မဲ့သူတစ်ယောက်မဟုတ်ဘူး
“တာဝန်ယူရဲသူ”တစ်ယောက်
သူပြောတဲ့စကား
သူလုပ်တဲ့အလုပ်အတွက်
တာဝန်ယူရဲသူတစ်ယောက်ဆိုတာ
ကျုပ်ယုံကြည်တယ်

ဝင်္ကဘာလို
အကွေ့အကောက်ထွေပြား
လှည့်ကွက်တွေကြားထဲမှာ
ဒေဝဒတ်ဥာဏ်နဲ့
နောက်ကွယ်ကသွေးထိုး
ကိုယ်ကျိုးရှာလူတစ်စု
ဆူပူမှုဖြစ်မှထမင်းဝမဲ့သူ
ဒီလိုလူတွေရဲ့
အမြှောက် အပင့်
အကော် အထိုး
မရိုးတဲ့နည်းနာတွေ
မြင်အောင်ကြည့်
သိအောင်လုပ်
မှားမှန်းသိရင် နောက်ဆုတ်
ဒီလိုမှမဟုတ်ရင်
မင်းတို့စကားအတိုင်း
သမိုင်းရဲ့တရားခံ
သမိုင်းက ဒဏ်ခတ်တာခံရလိမ့်မယ်….။
(နဂါးမာန်)

No comments: