Thursday, March 6, 2014

မြောက်ကိုရီးယားဟာ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို တောင်ကိုရီးယားက ရှုတ်ချပြောဆို

မြောက်ကိုရီးယားဟာ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို တရုတ် ခရီးသည်တင် လေယာဉ်တစ်စင်း ပျံသန်းနေတဲ့ လမ်းကြောင်းနေရာမှာ ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားက ရှုတ်ချပြောဆိုလိုက်ပါတယ်။
အင်္ဂါနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ကနေ တရုတ်နိုင်ငံ ရှန်ယန်းမြို့ကို ပျံသန်းတဲ့ လေယာဉ်ဟာ အဲဒီနေရာကို ဖြတ်မသွားခင် မိနစ် အနည်းငယ်လောက် အလိုမှာ ကပ်ပြီး မြောက်ကိုရီးယားကနေ ဒုံးကျည်ကို ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ဒီလို ပစ်လွှတ်ဖို့ မြောက်ကိုရီးယားဘက်က ဘယ်လို ကြိုတင် သတိပေးမှုမှ မလုပ်ခဲ့ဘူး၊ အခြေအနေတွေဟာ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ် လို့ တောင်ကိုရီးယားက ပြစ်တင်ရှုတ်ချလိုက်တာ ဖြစ်ပါတယ်။

ယခင် သီတင်းပတ်ကလည်း မြောက်ကိုရီးယားဟာ သူတို့ရဲ့ အရှေ့ဘက်ကမ်းခြေ ပင်လယ်ပြင်ကို တာတိုဒုံးကျည် တော်တော်များများ စမ်းသပ် ပစ်လွှတ်ခဲ့ပါသေးတယ်။

ဒီပစ်လွှတ်မှုဟာ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်စဉ် ပူးပေါင်းဆောင်ရွက်တဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ တိုက်ဆိုင်ပြီး ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

http://www.bbc.co.uk/burmese/world/2014/03/140306_north_korea_missiles.shtml

No comments: