Sunday, March 9, 2014

စဉ်စားစရာ မ လေးရှား လေယာဉ်ပျက်မှု



Idf Myanmar သတင်းအယ်ဒီတာ သုံးသပ်ချက်

မ လေးရှားက နေ တရုတ်တောင် ပိုင်းကိုထွက်ခွာသွားတဲ့ လေယာဉ်ဟာ ဗီယက်နမ် ပိုင် နက်ပင် လယ်ထဲ က ကျွန်းက လေး တစ်ခုအနီး ပင် လယ်ထဲကို ပျက်ကျခဲ့ရာ
လေယာဉ်ပေါ်ပါတဲ့ ခရီးသည်နဲ့ လေယာဉ် အမှုထမ်း စုစုပေါင်း ၂၃၉ ဦးစလုံး သေဆုံး သွားကြပြီလို့ ယူဆရပါတယ်။

ခရီးသည်တွေဟာ နိုင်ငံစုံက ပါဝင်ပြီး
က လေးငယ် တစ်ယောက်လည်း ကံဆိုးသူ စာရင်းထဲ ပါသွားရှာတယ်။

အံ့သြစရာ ထူးခြားတာလေးတစ်ခုက တော့ အဲဒီလေယာဉ်နဲ့ လိုက်ပါမယ့် ခရီးသည် နှစ်ဦးဟာ လေယာဉ် မမီတော့လို့ ကျန် ရစ် ခဲ့ရတဲ့အတွက် အသက်ဘေးက လွတ်ကင်း ခွင့် ရရှိသွားတာဟာလည်း ကံတရားပါပဲ။
ဒီလေယာဉ်ထဲ မြန်မာလူမျိုးတော့ တစ်
ယောက်မှ မပါခဲ့ပါဘူး။

လေယာဉ်ပျက်ကျတဲ့ နေရာလို့ ထင် ရတဲ့ နေရာမှာ မိုင် နဲ့ချီကျယ်တဲ့ ဆီကွက်ကြီး နှစ်ခုကိုတော့ တွေ့ထားပါပြီ။ နိုင် ငံတကာ
ကယ်ဆယ်ရေး အဖွဲ့တွေကလည်း မိုးလင်း တာနဲ့ အားသွန်ခွန်စိုက် ရှာဖွေနေကြပါတယ်။

အထူးသတင်းတစ် ရပ် က တော့ လေယာဉ် ပေါ်မှာ Passport အတုနဲ့ ခရီးသည် တစ်ဦး ပါသွားတယ်ဆိုတာ ရယ်။ လေယာဉ်ကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့သလားဆိုတဲ့ သံသယ
ရယ်နဲ့ ပျက်ကျခါနီးအထိ လေယာဉ်မှူးရဲ့ အ ရေးပေါ်ဆက် သွယ်မှု ဘယ်မှာမှ မရရှိ ခဲ့တာရယ်ဟာ လေယာဉ်ပျက်ခြင်းရဲ့ မသင်္ကာ စရာတွေ ဖြစ်နေပါတယ်။

ဒီနေ့ ကမ္ဘာတစ်လွှားခြိမ်းခြောက်နေတဲ့
အစွန်းရောက်ဝါဒီတွေရဲ့အကြမ်းဖက်မှု
အန္တရာယ်ဟာ နိုင် ငံတိုင်းအတွက် စိုးရိမ် ထိတ်လန့်ဖွယ် သတိထားရမယ့် အ ရေးကြီး ဆုံးပြဿနာ တစ် ရပ်ဖြစ်နေပါပြီ။

ပတ်ဝန်းကျင် ထိမ်းသိမ်းမှုကို အ လေးမထား ခဲ့ကြလို့ ယခုအခါမှာ ကမ္ဘာ့ရာသီဥတုနဲ့ ကမ္ဘာမြေကြီး ပျက်စီးဖောက်ပြန်ခဲ့ရသလို
ခုလည်း လူသားလောကကို ပျက်စီးစေမယ့် ဒီအယူအဆ ဒီဝါဒဆိုးကြီးကို အမှုမဲ့ အမှတ်မဲ့ တာဝန်မရှိသလို မသိချင်ယောင်
ဆောင်ပြီး အချိန်မီ မထိမ်းသိမ်းနိုင် ရင်တော့ ကမ္ဘာကြီးဟာ မကြာမီ သွေးချောင်းစီးတဲ့ ကပ်ဘေးကြီးနဲ့ တွေ့ရလိမ့်မယ်လို့ ဘာသာရေး
နိုင် ငံ ရေးကျွမ်းကျင် သူ ပညာရှင် များက သုံးသပ်ကာ ဟောကိန်းထုတ် ထားကြပါတယ်။

No comments: