Monday, March 17, 2014

လက်ပံတောင်း စွန့်ပစ်ပစ္စည်းတွေ ၀န်းကျင် ထိခိုက်နေ

လက်ပံတောင်း စွန့်ပစ်ပစ္စည်းတွေ ၀န်းကျင် ထိခိုက်နေ
လက်ပံတောင်းတောင် စီမံကိန်းက စွန့်ထုတ်လိုက်တဲ့ စွန့်ပစ် မြေစာနဲ့ ကျောက်တွေက ထွက်လာတဲ့ အက်ဆစ် ပျော်ရည်တွေဟာ ကြီးမားတဲ့ အန္တရာယ်ကို ဖြစ်နိုင်တယ်လို့ သြစတြေးလျနိုင်ငံ Knight Pie’sold-KP ရဲ့ ပတ်ဝန်းကျင်နဲ့ လူမှု ထိခိုက်ခြင်း ဆိုင်ရာ အစီရင်ခံစာ (ESIA) က ဖော်ပြလိုက်ပါတယ်။

ဒီအစီရင်ခံစာမှာ ပါဝင်တဲ့ အချက်တွေဟာ မြန်မာ့ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ တွက်ဆထားတဲ့အတိုင်း ဘေးထွက်ဆိုးကျိုးတွေ ထပ်တူနီးပါး တူညီနေပါတယ်။

လက်ပံတောင်း စီမံကိန်းကို လေ့လာထားတဲ့ ပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူ ကတော့ လက်ပံတောင်း စီမံကိန်းက ထွက်လာတဲ့ မြေစာပုံကြီးက မိုးရွာရင် အနည်တွေ မြစ်ထဲစီးဝင်ပြီး အနည်ထဲက ဘေးထွက် ဆိုးကျိုးတွေဟာ စီးဆင်းရာ တလျောက်မှာ ဒုက္ခပေးနိုင်သလို မြေအောက်ကို မြေစာပုံက အက်ဆစ်တွေ စိမ့်ဝင်သွားရင်လည်း မြေအောက်ရေကို ပျက်စီးစေနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒီလက်ပံတောင်း စီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်စေမှာကတော့ သေချာကြောင်း ပြောသွားခဲ့ပါတယ်။

No comments: