Wednesday, March 13, 2013

လက်ပံတောင်းတောင် အစီရင်ခံစာ ရှင်းပြရန် ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ ရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည် မုံရွာခရီးစဉ် 
လက်ပံတောင်းတောင် အစီရင်ခံစာ ရှင်းပြရန် ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ ရောက်ရှိ

မုံရွာ၊ မတ် ၁၃

လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်ပြီး နောက်တစ်နေ့ မတ်လ ၁၃ ရက်နေ့တွင် အစီရင်ခံစာနှင့် ပတ်သက်၍ ဒေသခံများအား ရှင်းလင်းပြရန် အတွက် မုံရွာမြို့သို့ ရောက်ရှိလာကြောင်း ဒေသခံများ ထံမှ သိရသည်။

၎င်းသည် နံနက် ၁၁နာရီ ၃၀မိနစ် ခန့်တွင်ရောက်ရှိခဲ့ပြီး ဝင်းယူနတီ ဟော်တယ်တွင် ခေတ္တ နားကာ မြေယာ မှတ်ပုံတင်ခွင့်နှင့် ပတ်သက်၍ မတ်လ ၁၂ ရက်နေ့က မုံရွာမြို့ပေါ်သို့ ခြေလျင် ခရီးဖြင့် ဆန္ဒထုတ်ဖော်ခဲ့သော မုံရွာ-ယာကြီး-ကလေးဝလမ်း ကနီမြို့နယ် အတွင်းမှ မိုင်တိုင်အမှတ် (၃၀) ဝန်းကျင်ရှိ ကျေးရွာများသို့ မွန်းလွဲ ၁နာရီတွင် သွားရောက်မည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် လက်ပံတောင်းတောင် ဒေသရှိ ကျေးရွာများသို့ သွားရောက် မည်ဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။

No comments: