အဘ မြ၀တီရဲခေါင် (၁၉၂၄- ၂၀၁၃)
(လွပ်လပ်ရေးမော်ကွန်းဝင်။ အာဏာရှင် တော်လှန်ရေးသမား။)
မသေခင် ချစ်၊ သေရင် ပစ်၊ အနှစ်မပါ င့ါခန္ဓာ။
မသေခင် ဟုတ်၊ သေရင်ပုတ်၊ အဟုတ်မပါ ငါ့ခန္ဓာ။
မသေခင် ကောင်း၊ သေရင် ခေါင်း၊ အကောင်းမပါ ငါ့ခန္ဓာ။ (မြ၀တီ ရဲခေါင်)
မိန်းမများ၊ မှောင် ထဲကျတော၊့
အလှတူတူဖြစ်သွားတယ်။
ယောင်္ကျားများ၊ ထောင် ထဲကျတော၊့
ဘ၀တူတူဖြစ်သွားတယ်။
ရုပ်နဲ့ နာမ် သတ္တ၀ါအများ၊ ဘောင် ထဲကျတော၊့
ဓမ္မတူတူဖြစ်သွားတယ်။ (မြ၀တီ ရဲခေါင်)
သူ သွား သည် (ပိတောက်စိမ်း)
ဗြိတိသျှနဲ့ ဂျပန်၊
စစ်အာဏာရှင်ပါ မကျန်
သူတော်လှန်။
သေနတ်ကို ကိုင်၊
ကလောင်ကို စွဲ၊
မမှန်သူ ဟူသမျှကို၊
သူ တော်လှန်ခဲ့တာ ကနေ့ထိ ဘဲ။
ရိုးရိုး ကျင့်လို့
မြင့်မြင့် ကြံ၊
ပကာသန မမက်တာ
သူ့ မူဟန်။
ကြီးမားသော ခေါင်းဆောင်
သူမဟုတ် ခဲ့ရင်တောင်၊
အမှားအယူ လမ်းမတူသူတွေကို
ဝေဖန်ကာ သူထောက်ပြ
နောက်လိုက်ကောင်း ပီသ။
မနေ့တနေ့ကပေါ့
သတ္တ၀ါအားလုံးရဲ့သွားရာလမ်း
မရဏာ စခန်းကို
ဓမ္မရဲ့ သဘော
ဘာမှ မနှော
လက်ချည်း ဗလာ
ဘာမှ မပါဘဲ၊
ယုံကြည်မှု တခုထဲနဲ့
အားလုံးနဲ့ ခွဲပြီး
သူ (အပြီးအပိုင်) ကြွလှမ်း…. ။ ။
(ပိတောက်စိမ်း) ၈ ရက်၊ မတ် လ၊ ၂၀၁၃။
အဘ မြ၀တီရဲခေါင်၏ နောက်ဆုံးခရီး အမှတ်တရ။
__._,_.___
1 of 1 File(s)
No comments:
Post a Comment