Monday, March 10, 2014

ပျောက်ဆုံးနေတဲ့ မလေးရှား လေကြောင်းပိုင် လေယာဉ်ကို ရှာဖွေရာမှာ အရှိန်တိုးမြှင့် လုပ်ဆောင်ဖို့ တရုတ်နိုင်ငံက တိုက်တွန်း

စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား လေကြောင်းပိုင် လေယာဉ်ကို ရှာဖွေရာမှာ အရှိန်တိုးမြှင့် လုပ်ဆောင်ဖို့ တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပါ တယ်။
လေယာဉ် ပျောက်ဆုံးနေခဲ့ချိန် ၃ ရက်နီးပါး ကြာလာသည့်တိုင်အောင် နိုင်ငံတကာက ပူးပေါင်းရှာဖွေနေရာမှာ အခုအချိန်ထိ အဲဒီ လေယာဉ်ရဲ့ အကြွန်းအကျန်တွေကို မတွေ့ရသေးတာ ဖြစ်ပါတယ်။

အစောပိုင်းက ဗီယက်နမ် ရေပြင်မှာ တွေ့ရတဲ့ အစိတ်အပိုင်း အချို့နဲ့ ဆီကွက်တွေဟာလည်း ပျောက်ဆုံးနေတဲ့ လေယာဉ်နဲ့ ဆက်စက်မှု မရှိဘူးလို့ ဆိုပါတယ်။

လူ ၂၃၉ ဦး လိုက်ပါသွားတဲ့ မလေးရှား လေကြောင်းပိုင် MH370 ဟာ ပြီးခဲ့တဲ့ ၃ ရက်က ကွာလာလမ်ပူမြို့ကနေ ဘေဂျင်းမြို့ကို ပျံသန်းစဉ် ရေဒါကနေ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

Source: BBC Burmese

No comments: