မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Sunday, March 16, 2014

မြန်မာတွေမသိသေးတဲ့ မြန်မာ့ရတနာသိုက်

 
 
မြန်မာတွေမသိသေးတဲ့ မြန်မာ့ရတနာသိုက်
========================

ဒီတပတ်ထုတ်မြန်မာတိုင်းမ်ဂျာနယ်(အင်္ဂလိပ်ပိုင်း)မှာ မြန်မာတွေကိုယ်တိုင် မသိသေးတဲ့ မြန်မာ့ရတနာသိုက်တစ်ခုအကြောင်းကို Amaury Lorin ဆိုသူ ကတင်ပြထားပါတယ်။ အဲဒါကတော့ အင်္ဂလိပ်လို MacLeod Island လိုခေါ်ပြီး မြန်မာလို ခက်ရင်းခွကျွန်းလို့အမည်ရတဲ့ မြိတ်ကျွန်းစုအတွင်းက ကျွန်းရိုင်းလေးအကြောင်း ဖြစ်ပါတယ်။

စာရေးသူကတော့ အဲဒီကိုသူရောက်သွားချိန်မှာ သူကိုယ့်သူ “ရော်ဘင်ဆင်ကရူးဆိုးလို” တောင်ခံစားမိတယ်လို့ဆိုထားပါတယ်။

အဲဒီနေရာဟာ အန္ဒိယ၊ အင်ဒိုတို့နဲ့ ရေပိုင်နက်နယ်စပ်မို့ အရင်က မြန်မာစစ်တပ်က တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တာကြောင့် မြန်မာတွေ တောင်မရောက်ဖူးကြသေးပါဘူး။

အဲဒီကျွန်းပေါ်မှာ လူလုပ်အဆောက်အဦဆိုလို့ မြန်မာအက်ဒ်မန်ရီဆော့ဒ် ဆိုတဲ့ ဟိုတယ်တစ်ခုပဲရှိပါတယ်။

မြန်မာတွေကသာ အရောက်အပေါက်မရှိသေးတာ ကမ္ဘာ့နာမည်ကြီး ရေငုပ်ဒိုင်ဗင်သမားဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဒိုက်ဗင်သမားလက်မှတ်ရတာ ၄၅ နှစ်တောင်ရှိပြီဖြစ်တဲ့ အီတလီနိုင်ငံသား ရီနာတိုတစ်ကိုဇီကတော့ ခက်ရင်းခွကျွန်းမှာရေတောင်လာငုပ်ပြီးသွားပါပြီ။

သူကတော့ တို့မြန်မာရဲ့ “ခက်ရင်းခွကျွန်း”ဟာ “မော်လ်ဒိုက်”ထက်လုံးဝ မညံ့ပါဘူးတဲ့။ ပင်လယ်နေသတ္တဝါတွေကို ရေငုပ်ပြီး အရိုင်းသဘာဝအတိုင်း ကြည့်လို့ရပါတယ်တဲ့။

နာမည်ကို ကြိုက်ချင်ကြိုက်မကြိုက်ချင်နေ တို့နိုင်ငံပိုင်တဲ့ဒီကျွန်းကို “ဒုတိယ ဖူးခက်” လို့ သမုတ်သူတွေလည်းရှိနေပါပြီ။

အရိုင်းဆန်တဲ့ သဘာဝအလှတွေ၊ ရေသတ္တဝါအလှပဂေးတွေကိုသာမက ပင်လယ်ဂျစ်ပစီလို့ အနောက်သားတွေခေါ်တဲ့ ဆလုံလူမျိုးတွေရဲ့ ဘ၀တွေကိုပါတအံ့တသြ လေ့လာခွင့်ရမှာမို့အနာဂတ်မှာ ဒီကျွန်းဟာ မြန်မာ့ခရီးသွားရတနာသိုက်ဖြစ်လာမယ်လို့ စာရေးသူ Amaury Lorin ကခန့်မှန်းထားပါတယ်။

ဒါပေမဲ့ အဲဒီကျွန်းလေးမှာရှိတဲ့ သိပ်လှတဲ့သန္တာကျောက်တန်း ဟာ အန္တရာယ်တစ်ခုနဲ့တော့ရင်ဆိုင်နေရပါတယ်။ ငါးမိုင်းခွဲတဲ့ စက်လှေတွေရဲ့ အန္တရာယ်ပါ။

(မှတ်ချက်- စာရေးသူ Amaury Lorin သည် ပြင်သစ်လူမျိုးဖြစ်ပြီး ရန်ကုန်မှာ အခြေစိုက်နေထိုင်လျှက်ရှိတဲ့ သမိုင်းသုတေသီ၊ ဂျာနယ်လစ်၊ အတိုင်ပင်ခံတစ်ယောက်ဖြစ်ပါတယ်။ သူဟာ the founder of Myanmar Challenge ဆိုတဲ့စာအုပ်ကိုလည်း ရေးသားခဲ့သူဖြစ်ပါတယ်

Credit~https://www.facebook.com/pages/The-Jungle/369924549814868?ref=stream

No comments: