Sunday, March 16, 2014

တံတားနီ၊ နဲ့ Wikipedia ရေးတဲ့ မင်းကိုနိုင်

တံတားနီ၊ နဲ့ Wikipedia ရေးတဲ့ မင်းကိုနိုင်
အခုတော့ တံတားနီအကြောင်းတွေ တွေ့နေရတော့ ဆက်စပ်နေတာတွေကို
ဖတ်ရင်း ဒါလေးကိုတွေ့မိပါတယ်၊ ကွဲလွဲချက်ကလေးတွေတွေ့မိလို့ စာစီလိုက်မိတာပါ၊

ဒီအပိုဒ်လေးက Wikipedia မှာပါတဲ့ မင်းကိုနိုင်ရဲ့ Biography လေးပါ၊
8888 Uprising and the All Burma Federation of Student Unions

In September 1987, Ne Win voided most denominations of the kyat without warning, causing many people to lose their savings overnight.[5] Students who saved money for tuition fees were particularly affected.[5] The announcement led to riots at several universities.[6] The situation was further exacerbated by the shooting of protesting student Phone Maw in a 12 March 1988 clash with police.[7] On 16 March, Min Ko Naing organized a rally of 3,000 students on the RASU campus in which he spoke about the role of student movements in Burmese history. When the students attempted to march to the Rangoon Institute of Technology, where Phone Maw had been killed, they encountered a barbed wire barricade at Inya Lake and were attacked by riot police, resulting in several deaths and many arrests.[4]
ကျနော်ကသမိုင်းအမှန်ကိုအမှန်အတိုင်းဖြစ်စေချင်တဲ့ဆန္ဒတစ်ခုတည်းပါ၊
မတ်လ(၁၆)ရက်တံတားနီမှာ လုံထိမ်းနဲ့စစ်တပ်ဝိုင်းပြီး အရိုက်ခံရတဲ့နေ့မှာ မင်းကိုနိုင်ကဦးဆောင်သွားတယ်ဆိုတဲ့အပိုဒ်ကို လက်ခံပေးလို့မရနိုင်ပါ၊
ကနော်ကိုယ်တိုင် လေးစားချစ်ခင်ရတဲ့ သူတစ်ဦးပါ။
ဒီလို ကျနော်တို့ပြည်သူပြည်သား ကျောင်းသားလူငယ်တွေ
လေးစားတဲ့ခေါင်းဆောင်တစ်ဦးဆိုပေမဲ့ တစ်ယောက်ယောက်ကနေပြီး
ဖန်တီးရေးလို့ဘဲဖြစ်ဖြစ် ကြားစကားအရရေးလိုက်ဘဲဖြစ်ဖြစ်
မလိုလားအပ်တဲ့ side Effects တွေဟာ ကံယကံရှင်ကိုလည်းထိခိုက်စေနိုင်ပါတယ်၊

ဘာဖြစ်လဲဆိုတော့ အရင်ကတော့ ကဗျာဆရာတစ်ဦးအဖြစ်သာသိထားခဲ့ကြင်္ပြီး မင်းကိုနိုင်ဆိုတဲ့ကျောင်းသားခေါင်းဆောင် ရယ်လို့ လူသိများလာခဲ့တဲ့အချိန်က ဒေါက်တာမောင်မောင်သမတဖြစ်နေတဲ့အချိန်28th August ၊ မှာ ဗကသဖြစ်မြောက်ရေးကော်မီတီကို ဖွဲ့စည်းပြီးမှ လူသိများလာတာပါ၊ ဇွန် ဂျူလိုင်
မှာကျတော့ မောင်မောင်ကျော်တို့ မိုးသီးဇွန်တို့က လူသိများလာရတဲ့ခေါင်းဆောင်တွေ
ဖြစ်ပေမဲ့ မတ်လမှာကတော့ ကျနော်မှတ်မိသလောက်သိသလောက်ပြောရမယ်ဆိုရင်
ဦးဆောင်သူတွေအထဲက စိုင်းထင်ကျော်တို့၊ ကိုဇေယျာကြီးတို့၊ ကိုဇော်မင်း(မကသ) ဗထူးမောင်တို့ကိုတော့ မှတ်မိနေသေးတယ်၊

အင်းယားကန်ဘောင်ပေါ်မှာ လုံထိမ်းနဲ့စစ်တပ်ညှပ်ပူးညှပ်ပိအရိုက်မခံရခင်
ရှေ့ဆုံးကချီတက်လာခဲ့တဲ့အုပ်စုအထဲမှာပါခဲ့တာမို့ ကိုဇော်မင်းကြီးက သံဆူးကြိုး
ကိုကျော်ပြီး စစ်တပ်ကလူတွေကိုလမ်းဖယ်ပေးဖို့ သွားပြောတာမှတ်မိနေပါသေးတယ်၊
တကယ်တော့ ဒီစစ်ကြောင်းကို ကိုဇော်မင်းအပါအ၀င် မသိတဲ့ကျောင်းသားတွေက
ဦးဆောင်ပြီးချီတက်ခဲ့တယ်ဆိုရင် ပိုပြီးလက်ခံစရာကောင်းပါတယ်၊ ကံကောင်းလို့
ထွက်ပြေးလွတ်မြှောက်လာခဲ့ပြီး ကိုဇော်မင်းဦးဆောင်ပြီး အမေရိကန်သံရုံးကို
ကျနော်တို့ အကူအညီပေးကြဘို့ သွားပြီးပြောကြတာကိုလည်းမှတ်မိနေပါသေးတယ်၊
နောက်နေ့ကျတော့ ကျောင်းဝင်းထဲမှာဆက်လုပ်တော့ အင်းယားဆောင်မှာပိတ်မိပြီး အင်းစိန်ထောင်ထဲကိုကျနော်လည်းရောက်ခဲ့ရပါတယ်၊ အထဲမှာဘွယ်ကြီး(အံ့ဘွယ်ကျော်နဲ့တခန်းထဲ)အချုပ်ခံခဲ့တာပါ၊
ဘာဘဲဖြစ်ဖြစ် မင်းကိုနိုင်ရဲ့အကြောင်းကိုရေးသားပြုစုသူတွေဟာ
မိမိရေးသားပြုစုမှုတွေဟာ တပါးသူကိုထိခိုက်နိုင် မထိခိုက်နိုင်တာတွေကို
အရင်စဉ်းစားပြီးမှာ ရေးသင့်တယ်လို့ထင်ပါတယ်၊

ခေါင်းထဲမှာ မှတ်မိနေသေးသလောက်သာပဲရေးပြနိုင်တာပါ။ ပြည့်စုံခြင်းမရှိပေမဲ့
တကယ်ပြုစုလိုသူတွေအတွက် တထောင့်တစ်နေရာက အသုံးချကိုးကားနိုင်လိမ့်မယ်လို့
မျှော်လင့်မိပါတယ်၊

Wikipedia ကအပြည့်အစုံနဲ့ သူတို့ကိုးကားတဲ့ websites, Blogs တွေကိုကြည့်ချင်ရင်
ဒီလင့်ကိုသွားပါ၊
http://en.wikipedia.org/wiki/Min_Ko_Naing

No comments: