Saturday, March 15, 2014

ဘဲဖြူကြီးက သိပ်ကဲလာလို့  အများက ၀ိုင်းပြီးဘဲမွေး နှုတ်ထဲ့လိုက်ရင် ဘဲစုတ်ကြီးဖြစ်သွားလိမ့်မယ်။


ကိုထွန်းအောင်ကျော်နဲ့ပတ်သက်ပြီးအချိန်ကုန်ခံပြီးပြန်မရေးချင်တာတော့အမှန်ပဲ၊
ဘာဖြစ်လဲဆိုတော့ ကျနော်တို့တန်ဘိုးရှိတဲ့အချိန်ကို ကိုယ်ရည်သွေးလွန်းသူ တစ်ယောက်အတွက်ပေးရတာ နှမြောလွန်းလို့ပါ၊ လူကိုတော့ခင်ပါတယ်၊
သူရဲ့ကိုယ်ရည်သွေးအဆိုးမြင်တွေလွမ်းမိုးလွန်းနေတဲ့စိတ်ဓါတ်ကိုတော့
အားမပေးချင်ပါ၊ ခုတော့မရေးချင်ပဲရေးလိုက်ရပြန်ပြီ၊

ရှင်းရှင်းပြောရရင် မြန်မာတိုင်း(စ်)မှာ သူရေးတဲ့စာနဲ့သူ့ရဲ့စိတ်ဓါတ်က တတန်းထဲသွားနေတာကိုပြနေတယ်၊မိမိကိုယ်ကိုမိမိအမွန်းတင်
ကိုယ်ရည်သွေးရုံမျှမက အခြားသူတွေကို ထိခိုက်စေလိုတဲ့စိတ်ဓါတ်
မျှမျှတတရှိစေလိုတဲ့အမြင်တစ်စိုးတစ်စေ့မှာမရှိတဲ့သူစိတ်ဓါတ်တွေ
ပေါင်းစုနေတဲ့သူတစ်ယောက် ဘယ်လိုလုပ်ပြီး ကျောင်းသားတပ်မတော်မှာ
ဥက္ကဌဖြစ်လာရသလည်းလို့ မေးစရာရှိလာပါတယ်၊

သူအနေနဲ့ကတော ငါဟာနဂိုကတည်းကကိုယ်ရည်သွေးသူတစ်ယောက်ဖြစ်လို့ အရည်အချင်းရှိလို့မကဒတမှာဥက္ကဌဖြစ်လာခဲ့တယ်လို့ပြောကောင်းပြောပါလိမ့်မယ်၊

အမှန်အတိုင်းကျနော်ရင်ထဲက အမြင်ကိုအမြင်အတိုင်းရိုးရိုးလေးပြောရမယ်ဆိုရင်
စတင်ဖွဲ့စည်းစကာလ သူ့အရည်အချင်း ကိုယ့်အရည်အချင်းမသိသေးတဲ့ကာလမှာ
အုပ်စုလေးတွေလိုဖြစ်နေကြတဲ့အချိန်မှာ သူဟာဖိုးကံကောင်းဖြစ်ခဲ့တယ်လို့ပဲ ရိုးရိုးလေးပြောခင်တယ်၊

သူဟာ မကဒတစတင်ဖွဲ့စည်းတဲ့ ၁၉၈၈ နိုဝင်ဘာလကနေ
၁၉၈၉ ဒီဇင်ဘာလမှာကျင်းပခဲ့တဲ့ ဒုတိယအကြိမ်ညီလာခံအပြီးမှာ
အဖွဲ့ကနေထွက်သွားပါတယ်၊ တော်လှန်ရေး ခရီးအစကနဦးပဲရှိပါသေးတယ်၊

တစ်နှစ်တာမျှဥက္ကဌဖြစ်ခဲ့ပေမဲ့ ပြုတ်သွားတဲ့အချိန်မှာ ရဲဘော်ရဲဘက်တစ်ဦး
အနေနဲ့ ဆက်လက်တာဝန်ယူလိုခြင်းမရှိတော့တဲ့ သူရဲ့စိတ်ဓါတ်ကိုလည်း ခန့်မှန်းကြည့်လို့ရပါတယ်၊

၁၉၈၈-၁၉၈၉ ဆိုတာ ခေတ်နဲ့ခွဲခြမ်းစိတ်ဖြာပြောရမယ်ဆိုရင် ၀ါးသေနတ်ကိုင်ပြီး
သင်တန်းတက်နေဆဲကာလလို့ပြောရမယ်၊ သူ့အနေနဲ့တကယ်သေနတ်ကိုင်ပြီး
စစ်တိုက်ခဲ့ရတဲ့ကာလတွေကို ကြုံဆုံခွင့်မရခဲ့တော့ ရဲဘော်တွေရဲ့တကယ်ပေးဆပ်မှု
တွေကိုမျက်ဝါးထင်ထင်မမြင်ခဲ့ရတော့ သူပါဝင်ထမ်းဆောင်စဉ်ကာလက ဖြစ်ရပ်တွေ
ကိုဘဲ အဟုတ်ထင်ပြီးရေးသားနေတာဟာ မသိတဲ့လူတွေကတော့ မင်းတို့ကျောင်းသား
တွေ တော်ထဲမှာဘာလို့သွားပြီးရန်ဖြစ်နေကြသလည်းလို့ ထင်စရာရှိတယ်၊

သူ့ဟာအမှန်တကယ်တော့ လူတော်တစ်ယောက်လို့ပြောလို့ရပါတယ်၊ ခက်နေတာက
သူရဲ့ပင်ကိုယ်စိတ်ဓါတ်အခံက လက်ခံနိုင်စရာမကောင်းလို့ သူ့မှာရှိတဲ့အရည်အချင်းတွေ
အဟောသိကံဖြစ်ခဲ့ရတာပါ၊

ကိုယ်ရည်သွေးလွန်း အဆိုးမြင်လွန်းတာတွေအပြင်
ပေးဆပ်မှုထက် ရလိုမှုစိတ်မြင့်မားနေတဲ့သူရဲ့ပင်ကိုယ်စိတ်ခံ အရေးအသားကြောင့်
တော်လှန်သူတွေရဲ့ပေးဆပ်မှုတွေကို အရောင်မှိန်စေနိုင်တာကိုလည်း ထည့်သွင်း
စဉ်းစားပုံမရပါဘူး၊ ဒါဟာသူ့ရဲ့မဟာအမှားပဲ၊

အမှန်တကယ်ဆို ဥက္ကဌဖြစ်ခဲ့ပြီး သူ့အနေနဲ့ ဘာကြောင့်ညီညွတ်အောင်
မတည်ဆောက်ခဲ့ကိုပြနေတာက သူရဲ့ပင်ကိုစိတ်ဓါတ်အမှန်ပဲ၊ အခုလိုလက်တွေ့ကျကျမြင်သူတွေက ပိုပြီးနားလည်
လိုက်နိုင်တဲ့ အခွင့်အရေးရလိုက်တယ်လို့ဘဲ သဘောထားလိုက်ပါတယ်၊

တကယ်ဆိုငါညံ့လို့မလုပ်ခဲ့နိုင်တာလည်းပါခဲ့တာပါလို့ အနည်းငယ်လေးမျှမပြောဘဲ မင်းတို့တတွေက လုံးဝအသုံးမကျလို့ ငါ မကဒတကနေ အစောကြီးထွက်ခွါခဲ့ရတာပါလို့ ပြောချင်သူတစ်ယောက်တကယ်လို့ မထွက်ပဲကျန်ခဲ့မယ်ဆိုရင် ဘာဖြစ်မယ်ထင်သလဲ သူငယ်ချင်းတို့သာ ဝေဖန်ပေးကြပါတော့၊

No comments: