အခုပဲ မလေးရှား ၀န်ကြီးချူပ်က MH370 ပျောက်ဆုံးမှုနဲ့ ပါတ်သက်ပြီး ကွာလမ်လမ်ပူမှာ သတင်းစာရှင်း လင်းပွဲတစ်ခု လုပ်ခဲ့ပါတယ်။
အဲ့ဒီမှာ ၀န်ကြီးချူပ် Najib Razak ရှင်းရှင်းလင်းလင်း ပြောတာက "MH370
ဘိုးရင်း 777 လေယာဉ်ဟာ သွေးအေးအေးနဲ့ စနစ်တကျ အကွက်ချ စီစဉ်
ပြန်ပေးဆွဲခံရတာ" လို့ ဆိုပါတယ်။
ပြန်ပေးဆွဲသူတွေဟာ ဆက်သွယ်ရေး
ကိရိယာ အားလုံးကို ပိတ်ပစ်လိုက်ပြီး မလေးရှားနိုင်ငံဖက် နောက်ပြန် လှည့်ကာ
အိန္ဒိယသမုဒ္ဒရာဖက်ကို ပျံသွားတာလို့ ဆိုပါတယ်။
ဒါ့ကြောင့်တောင်တရုတ်ပင်လယ်ပြင်အတွင်း ရှာဖွေမှုတွေကို ရပ်ဆိုင်းတော့မှာ
ဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာကို တိုးချဲ့ ရှာဖွေမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ
မြောက်ပိုင်း၊ ကာဇစ္စတန်၊ တာမင်နစ္စတန် နိုင်ငံတွေမှာပါ တိုးချဲ့ ရှာဖွေ
သွားမယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၄ နိုင်ငံ။ သင်္ဘောပေါင်း ၄၀၊ လေယာဉ်ပေါင်း ၅၈ စင်း နဲ့ ရှာဖွေမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်..
သူပြောသွားတာကတော့ "အရာအားလုံး ဖြစ်နိုင်သေးတယ်" ဆိုတာပါပဲ..
မလေးရှား ဝန်ကြီးချုပ် ရဲ့ပြောဆိုချက်အရ လေယာဉ်ပြန်ပေး ဆွဲခံရတာ သေချာတယ်....
ပြီးခဲ့တဲ့ စနေနေ့ကတည်းက ပျောက် ဆုံးနေတဲ့ မလေးရှားလေယာဉ် နဲ့ပတ်သက်ပြီး
ဂြိုလ်တုရတဲ့ အချက် အလက်တွေအရ လေယာဉ် လှုပ်ရှားမှုဟာ လေယာဉ်ပေါ်မှာပါတဲ့
တစုံတယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဒီကနေ့
နေ့လယ်ပိုင်းက လုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ မလေးရှား ဝန်ကြီးချုပ်
Najib Razak က ပြောလိုက်ပါပြီ။
ပျောက်ဆုံးနေတဲ့ MH 370 ဘိုရင်း
လေယာဉ်ရဲ့ ဆက်သွယ်ရေး စနစ်ကို အလုပ်မလုပ်အောင် သေချာ ပိတ်ပင်ထားတာဟာ
အလွန်သေချာပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ လေယာဉ်ပေါ်က တစုံ တယောက်ဟာ
တမင်တကာ ဆက်သွယ်ရေး ခလုပ်တွေကို ပိတ်ပစ်ခဲ့တယ်လို့ သူက ရရှိထားတဲ့ အချက်
အလက်တွေကို ကိုးကားပြီး အခိုင်အမာပြောတာပါ။
ဒါဟာ လေယာဉ်ပြန်ပေးဆွဲတယ်
လို့ ဒီမနက်က အမည်မဖော်လိုသူ မလေးရှား အရာရှိတဦးရဲ့ ပြောဆိုချက် ကို ထပ်လောင်း အတည်ပြုလိုက်တာဖြစ်ပါတယ်။
လေယာဉ်ဟာ မူလ လမ်းကြောင်းဖြစ်တဲ့ မလေးရှား အရှေ့ဘက်ကမ်း ပီကင်းကို
ဦးတည်ခဲ့ရာက အဆက် အသွယ်ပြတ်တောက်သွားတာမို့ အခုဆို လေယာဉ်ဟာ
ထိုင်းပင်လယ်ကွေ့၊ အိန္ဒိယသမုဒ္ဒရာ၊ အက်ဒမန် ပင်လယ်တွေမှာ အဓိက ထား
ရှာဖွေမှုတွေကို ဆက်လုပ်သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
တောင်တရုတ်ပင်လယ်နဲ့ အရှေ့ဖက်ကမ်းမှာ ပျောက်ဆုံး လေယာဉ် ရှာဖွေမှုကို
ရပ်ဆိုင်း လိုက်ပြီ လို့ လည်း မလေးရှားဝန်ကြီးချုပ်က သတင်းစာ
ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီအပြင် အခုထိ လေယာဉ်နဲ့ပတ်သက်ပြီး ပျောက်ဆုံးနေဆဲအဖြစ်သတ်မှတ်ထားပြီး အခုအခါ လေယာဉ်
ပေါ် မှာ ပါသွားတဲ့ လေယာဉ်မှူးတွေနဲ့ ခရီးသည်တွေအပေါ် အာရုံစိုက်နေတယ်လို့ မလေးရှားဝန်ကြီးချုပ်က
ပြောပါတယ်။
လေယာဉ်ပျောက်ဆုံးမှုနဲ့ပတ်သက်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကို
ဆက်လက်လုပ်ဆောင်နေ ဆဲဖြစ်တယ်လို့ သတင်းစာရှင်း လင်းပွဲမှာ ပြောဆိုသွားပြီး
သတင်းထောက်တွေရဲ့ မေးခွန်းမေးဖို့ အခွင့်အရေး မရခဲ့ပဲ မလေးရှား
ဝန်ကြီးချုပ်က သတင်းစာရှင်း လင်းပွဲကို အဆုံးသတ်သွားပါတယ်။
Credit to Zaw Lwin Win&Arakan News Now (15.3.2014)
* ဒီနေ့ သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ မလေးရှား ဝန်ကြီးချုပ်၊ ဓာတ်ပုံ- The Straits Times
No comments:
Post a Comment