မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Friday, March 7, 2014

တရားမ၀င် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့တွေကို တားဆီးပေးဖို့ အဆိုတင်သွင်း

တရားမ၀င် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့တွေကို တားဆီးပေးဖို့ အဆိုတင်သွင်း
ရခိုင်ပြည်နယ်မှာ လက်ရှိ လူမှုရေးအကူအညီတွေပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း INGO /NGO တွေထဲက မှတ်ပုံတင်မထားတဲ့အဖွဲ့တွေကို ရခိုင်ပြည်နယ်မှာ လုပ်ငန်းလုပ်ကိုင်ခွင့် တားဆီးပေးဖို့အဆိုကို ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဒီနေ့ တင်သွင်းခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက အခုလို အဆိုတင်သွင်းခဲ့တာပါ။

"တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်မရရှိသေးတဲ့ INGO/NGO အဖွဲ့အစည်းများကို ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးကာကွယ်ပေးရန် ပြည်နယ်အစိုးရကို အဆိုတင်သွင်းတာဖြစ်ပါတယ်"

NGO/INGO အဖွဲ့အစည်းတစ်ချို့ဟာ နှစ်ဘက်လူ့အဖွဲ့အစည်းကြား ပြဿနာတွေ ပိုမိုကြီးထွားအောင် လှုံ့ဆော်နေကြတဲ့ ဖြစ်ရပ်တွေရှိနေသလို အစိုးရကိုနိုင်ငံတကာက အကြည်ညိုပျက်စေအောင် လုပ်ဆောင်နေတာတွေလည်း ရှိနေတာကြောင့် ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ထပ်မံမပေါ်ပေါက်စေဖို့ ဒီအဆိုကို တင်သွင်းတာဖြစ်တယ်လို့လည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ထည့်သွင်းပြောခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းပေါင်း ၆၈ ဖွဲ့ရှိပြီး အဲဒီအထဲက နိုင်ငံတကာအဆင့် INGO အရေအတွက် ၁၅ ဖွဲ့နဲ့ NGO အရေအတွက် ၄ ဖွဲ့သာ တရားဝင်အကူအညီပေးခွင့် မှတ်ပုံတင်ရရှိထားကြပါတယ်။ ကျန်တဲ့ ၄၉ ဖွဲ့လောက်ဟာ တရားဝင်မှတ်ပုံတင် မရှိသေးဘူးလို့ သိရပါတယ်။

ဒီကနေ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း တင်သွင်းခဲ့တဲ့အဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပြီး လာမယ့် မတ်လ ၁၁ ရက်နေ့မှာ ဒီအဆိုနဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

No comments: