Saturday, March 8, 2014

ကျောင်းသားတပ်မတော် (လက်ရှိ) ဗဟိုကော်မတီဝင်များသို့ ...

သို့ ...
ကျောင်းသားတပ်မတော် (လက်ရှိ) ဗဟိုကော်မတီဝင်များသို့ ...

ကျနော်တို့  ကျောင်းသားတပ်မတော်အတွက် အရေးကြီးတဲ့ မေးခွန်းများမေးသင့်နေပြီလို့  အဝေးရောက် ပတ်သက်ခဲ့သူများကို တိုက်တွန်းချင်ပါတယ်..
ကောင်းမွန်တဲ့ အကြံပြုချက်ပဲဖြစ်ဖြစ်
ဆဲဆိုတဲ့ အကြံပြုချက်ပဲဖြစ်ဖြစ်
ကျောင်းသားတပ်မတော် လက်ရှိ ဗဟိုကော်မတီဝင်များက လက်ခံကြိုဆိုပေးဖို့ လည်း အနူးအညွတ်တောင်းပန်မိပါတယ်...

ဲငြိမ်းချမ်းရေးအတွက် သွားညှိခဲ့တယ်ဆိုတဲ့စကားလုံးက အရမ်းလှပါတယ်..
ဘာတွေကို ကိုယ်စားပြုသွားသလဲဆိုတာ မရှင်းလင်းပါဘူး...
မသိသေးတဲ့သူတွေကိုေ၀၀ါးထွေပြားအောင်လုပ်နေသလိုပါပဲ...

နိုင်ငံရေးဆိုတာ ရှုတ်ထွေးတယ် ညစ်ပတ်တယ်လို့  လူအများပြောတာ ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်ရပ်တွေ ဖြစ်အောင်လုပ်နေကြလို့ ပဲဖြစ်တယ်လို့  သာမန်ဖြတ်သန်းခဲ့တဲ့သူအနေနဲ့  ထောက်ပြပါရစေ...

မီဒီယာ VOA/ RFA/ DVB/ Irrawaddy/ Mizzima စတဲ့ မီဒီယာတွေမှာ အများစုက ABSDF နဲ့  တစုံတရာပတ်သက်ခဲ့ကြသူတွေ.. အဖွဲ့ ဝင်တွေ..တာဝန်ရှိ ဆရာကြီးများလည်း အများကြီးပါ...

ယခု peace center နဲ့ သမတနား က သူတွေကလည်း ABSDFမှာတုန်းက တာဝန်ရှိဆရာကြီးများဆိုတာလည်း လူတိုင်းအသိပါ..

ပြည်တွင်းမှာ ပြန်လုပ်နေတဲ့ NGO's အချို့ မှာလည်း ABSDF မှာ ပါဝင်ခဲ့သူတွေပါ...

အဲတော့ဗျာ.. အဲဒီလူတွေက ဟိုမှာပြန့်  ဒီမှာပြန့်  ဟိုဘက်ရောက် ဒီဘက်ရောက်နဲ့  ဗျာ...
game တခုကို play နေသလိုပါပဲ..

အာဏာရှုင်ဘက်ကလူတွေကတော့ ဟိုဘက်ရောက် ဒီဘက်ရောက် ဖြစ်မနေဘူးဗျနော်..
(ထူးဆန်းသား)

ဒါကြောင့် ခင်ဗျားတို့  သုံးနှူန်းနေတဲ့ စကားလုံးလို ပွင့်လင်းမြင်သာမှုဆိုတာ လုံးဝ မရှိပါဘူး..မြင်သာမှုပဲရှိတာပါ....ပွင့်လင်းမှု မရှိပါ...

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲနေပါတယ်ဆိုတဲ့စကားတလုံးကို cover လုပ်ဖို့ အတွက်
လူမျိုးစုပေါင်းများစွာရဲ့  ရွာတွေ မီးကျွမ်း သွားခဲ့ရတာ။
လူငယ်ထု အသက်ပေါင်းများစွာ ဘ၀ပေါင်းများစွာ ရင်းလိုက်ရတယ်ဆိုရင်
အဲဒီအရင်းအနှီးက တန်ပါသလားဆိုတာကို တာဝန်ရှိဆရာကြီးများ ဖြေပေးကြပါ...

ဆရာကြီး ဆရာမကြီးအနေဖြင့် လူလွန်မသား ကျနော့်ကို အသေအလဲ ဆဲနိုင်တယ်..

ကျောင်းသားတပ်မတော်အလံတော်နှင့်
ကျဆုံးသွားသောရဲဘော်များကို လေးစားဦးညွတ်လျက်
ဖိုးဇီဝ

No comments: