Saturday, March 8, 2014

၂နာရီကြာ ပျောက်နေခဲ့တဲ့ မလေးလေယာဉ်တစ်စီး ပယ်လယ်ထဲပျက်ကျခဲ့ပြီလို့ ရေတပ်က အတည်ပြု

 
 
၂နာရီကြာ ပျောက်နေခဲ့တဲ့ မလေးလေယာဉ်တစ်စီး ပယ်လယ်ထဲပျက်ကျခဲ့ပြီလို့ ရေတပ်က အတည်ပြု
Saturday, March 8, 2014

ကွာလာလမ်ပူ ကနေ ပေကျင်းကို ထွက်ခွာခဲ့တဲ့ လူ၂၃၉ဦးပါ မလေးလေယာဉ် တစ်စီးဟာ မတ်လ ၈ရက်နေ့ စနေနေ့ နံနက်အစောပိုင်းမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာသွားပြီးတဲ့နောက် ဒေသစံတော်ချိန် နံနက် ၂နာရီ ၄၀မိနစ်မှာ ၂နာရီကြာအောင် ပျောက်ဆုံးသွားခဲ့ပါတယ်။ ပေကျင်းကို ဒေသစံတော်ချိန် နံနက် ၆နာရီခွဲမှာ ဆိုက်ရောက်ရမဲ့ လေယာဉ်ပါ။
“Ca Mau ပြည်နယ် လေပိုင်နက်အရောက်မှာ အဆက်အသွယ်ပြတ်သွားခဲ့တာပါ။ ဟိုချီမင်းမြို့ လေကြောင်းလမ်း ထိန်းချုပ်မှုနဲ့ အဆက်အသွယ်မရသေးခင်ပေါ့။” လို့ သတင်းထုတ်ပြန်ပါတယ်။
ဘိုရင်း ၇၇၇-၂၀၀ လေယာဉ်ပေါ်မှာ နို့စို့အရွယ် ကလေးနှစ်ဦး အပါအ၀င် နိုင်ငံပေါင်းစုံကခရီးသည် ၂၂၇ယောက် နဲ့ လေယာဉ်အမှုထမ်း ၁၂ယောက်ပါရှိပါတယ်။ အဲ့ဒီ့ထဲကမှ ၁၅၈ယောက်ဟာ တရုတ်နိုင်ငံသားတွေပါ။ လေယာဉ် စီးဖို့ တရုတ်နိုင်ငံသား အယောက် ၁၆၀ စာရင်းပေးထားပေမဲ့ ၂ယောက်ကတော့ လေယာဉ် မမှီခဲ့ဘူးလို့ ဆင်ဟွာ သတင်းတစ်ရပ်အရ သိရပါတယ်။
လေယာဉ်နဲ့ အဆက်အသွယ် ပြတ်သွားကတည်းက ရင်တမမနဲ့ စောင့်နေခဲ့ရသူတွေဟာ လေယာဉ် ပင်လယ်ထဲပျက်ကျသွားပြီဆိုတဲ့ အတည်ပြုချက်လဲရရော ထိန်းမနိုင်သိမ်းမရ စို့နင့်လာပြီး ငိုကြွေးပူဆွေးခဲ့ကြရပါတယ်။

Ref:yahoo.com
သီဟနိုင် Trend Myanmar

1 comment:

Tenissary said...

ယ နေ့ စနေနေ့မနက် ၀၀:၄၁ နာရီမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကနေ တရုတ်နိုင်ငံ ဘေဂျင်း ဆီ ပျံသန်းသွားတဲ့ မလေးရှားအဲလိုင်းလေယာဉ် တစ်စင်းဟာ လမ်းတဝက်ခန့်မှာ အဆက်အသွယ် ပျောက်ဆုံးသွား ပျက်ကျသွားပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန်ထွက်နေပါတယ်။

ဒါပေမယ့် ပျောက်ဆုံးနေတာ နေ့တစ်ဝက်ခန့် ကြာနေပေမယ့် အခုထိ ရေရာတဲ့ အတည်ပြုချက်မ ထွက်သေးသလို၊ ပျက်ကျတယ်လို့ ဆိုတဲ့ ပြောဆိုမှုတွေမှာလည်း
နေရာတွေ ကွဲလွဲနေကြပါတယ်။ ဗီယက်နမ်ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးကတော့ အဆိုပါလေယာဉ် ဗီယက်နမ်တောင်ပိုင်း ပင်လယ်ပြင်ထဲ ပျက်ကျသွားတယ် လို့ ပြောပေမယ့် လေကြောင်းလိုင်းတာဝန်ရှိသူတွေနဲ့ မလေးရှားအာဏာပိုင်တွေ
ကတော့ အတည်မပြုနိုင်သေးကြောင်း ၊ အပျက်အစီးတွေကို တွေ့ရှိဖို့ကြိုးပမ်းရှာဖွေ
နေကြောင်း မကြာသေးခင်က သတင်းထုတ်ပြန်ပါတယ်။

လတ်တလောမှာတော့ မလေးရှား၊ တရုတ်၊ ဗီယက်နမ်နဲ့ စကာင်္ပူ နိုင်ငံတွေဟာ အဆိုပါလေယာဉ် ပျက်ကျတဲ့ နေရာကို သိရဖို့ တောင်တရုတ်ပင်လယ်ပြင်ထဲ ပူးပေါင်းရှာဖွေနေကြပါတယ်။

လေယာဉ်ခရီးစဉ်အမှတ် MH370 ဖြစ်ပြီး Boeing777-200ER လေယာဉ်
အမျိုးအစားဖြစ်ပါတယ်။ လေယာဉ်ပေါ်လိုက်ပါသွားသူ လေယာဉ်အမှုထမ်း ၁၂ ယောက်အပါအဝင် စုစုပေါင်း ၂၃၉ယောက်ပါရှိတယ်လို့သိရပါတယ်။ လေယာဉ် အမှုထမ်းအားလုံး မလေးရှားလူ မျိုးတွေဖြစ်ပြီး ခရီးသည်တွေထဲမှာ တရုတ်လူမျိုး အများစုဖြစ်ပါတယ်။ နို့စို့ကလေးအရွယ်နှစ်ဦးလည်း လေယာဉ်ပေါ်လိုက်ပါသွားတယ် လို့ သိရပါတယ်။မလေးရှားအဲလိုင်း ဟာ အာရှလေကြောင်းလိုင်းတွေထဲ လုံခြုံစိတ်ချရမှုအကောင်းဆုံးမှတ်တမ်းရှိတဲ့လိုင်းတွေထဲက တစ်ခုဖြစ်တယ်လို့ လည်း ဆိုကြပါတယ်။

Source: Kumudra
♥ ယ နေ့ စနေနေ့မနက် ၀၀:၄၁ နာရီမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကနေ တရုတ်နိုင်ငံ ဘေဂျင်း ဆီ ပျံသန်းသွားတဲ့ မလေးရှားအဲလိုင်းလေယာဉ် တစ်စင်းဟာ လမ်းတဝက်ခန့်မှာ အဆက်အသွယ် ပျောက်ဆုံးသွား ပျက်ကျသွားပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန်ထွက်နေပါတယ်။ ဒါပေမယ့် ပျောက်ဆုံးနေတာ နေ့တစ်ဝက်ခန့် ကြာနေပေမယ့် အခုထိ ရေရာတဲ့ အတည်ပြုချက်မ ထွက်သေးသလို၊ ပျက်ကျတယ်လို့ ဆိုတဲ့ ပြောဆိုမှုတွေမှာလည်း နေရာတွေ ကွဲလွဲနေကြပါတယ်။ ဗီယက်နမ်ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးကတော့ အဆိုပါလေယာဉ် ဗီယက်နမ်တောင်ပိုင်း ပင်လယ်ပြင်ထဲ ပျက်ကျသွားတယ် လို့ ပြောပေမယ့် လေကြောင်းလိုင်းတာဝန်ရှိသူတွေနဲ့ မလေးရှားအာဏာပိုင်တွေ ကတော့ အတည်မပြုနိုင်သေးကြောင်း ၊ အပျက်အစီးတွေကို တွေ့ရှိဖို့ကြိုးပမ်းရှာဖွေ နေကြောင်း မကြာသေးခင်က သတင်းထုတ်ပြန်ပါတယ်။ လတ်တလောမှာတော့ မလေးရှား၊ တရုတ်၊ ဗီယက်နမ်နဲ့ စကာင်္ပူ နိုင်ငံတွေဟာ အဆိုပါလေယာဉ် ပျက်ကျတဲ့ နေရာကို သိရဖို့ တောင်တရုတ်ပင်လယ်ပြင်ထဲ ပူးပေါင်းရှာဖွေနေကြပါတယ်။ လေယာဉ်ခရီးစဉ်အမှတ် MH370 ဖြစ်ပြီး Boeing777-200ER လေယာဉ် အမျိုးအစားဖြစ်ပါတယ်။ လေယာဉ်ပေါ်လိုက်ပါသွားသူ လေယာဉ်အမှုထမ်း ၁၂ ယောက်အပါအဝင် စုစုပေါင်း ၂၃၉ယောက်ပါရှိတယ်လို့သိရပါတယ်။ လေယာဉ် အမှုထမ်းအားလုံး မလေးရှားလူ မျိုးတွေဖြစ်ပြီး ခရီးသည်တွေထဲမှာ တရုတ်လူမျိုး အများစုဖြစ်ပါတယ်။ နို့စို့ကလေးအရွယ်နှစ်ဦးလည်း လေယာဉ်ပေါ်လိုက်ပါသွားတယ် လို့ သိရပါတယ်။မလေးရှားအဲလိုင်း ဟာ အာရှလေကြောင်းလိုင်းတွေထဲ လုံခြုံစိတ်ချရမှုအကောင်းဆုံးမှတ်တမ်းရှိတဲ့လိုင်းတွေထဲက တစ်ခုဖြစ်တယ်လို့ လည်း ဆိုကြပါတယ်။ Source: Kumudra
.