Saturday, March 1, 2014

ငါတို့မြန်မာတွေ ဒီမိုကရေစီနဲ့ မတန်သေးဘူး လို့ ကမ္ဘာက ယုံကြတော့မယ်ကွ

Hawdeka Khalaylay >>>> ငါတို့မြန်မာတွေ ဒီမိုကရေစီနဲ့ မတန်သေးဘူး လို့ ကမ္ဘာက ယုံကြတော့မယ်ကွ ဦးသန်းရွှေ ဘာလုပ်သံကြီးဖြင့် ဝမ်းသာအားရပြောနေခြင်းဖြစ်သည်
(ပေးစာ)

တွေ့လား ငါ့အကွက်တွေ ဘယ်လောက်လှ လိုက်ထားလဲ ၊ ကြည့်စမ်း ၊ အားလုံး ရှုပ်ကုန်ပြီး ဟားဟားဟားဟား . .

တော်ကလဲ ၊ ဆိုင်းမဆင့် ဗုံမဆင့် ဘာဖြစ်လာတာလဲ တော့ . . .

ဦးသန်းရွှေ ၏ စကားသံအဆုံးတွင် ဒေါ်ကြိုင်ကြိုင်မှ ပြန်ပြောလိုက်ခြင်းဖြစ်ပါသည် ၊

ဒီမှာ ကြိုင်ကြိုင် အခုဆို နေရာတကာမှာ လူတွေ တစ်ယောက်နဲ့ တစ်ယောက် မယုံသကာံမျက်လုံးတွေနဲ့ ကြည့်နေကြပြီ ၊ လူတွေ အားလုံး လန့်နေကြတယ် ၊ ဟို မျိုးစောင့် ဥပဒေ ကိစ္စ သိန်းစိန်က ရွှေမန်းဆီပို့လိုက်တာလေ . .

အေးလေ သိန်းစိန်က ရွှေမန်းဆီပို့တာ ဘာဆန်းလို့လဲ သိန်းစိန်က ရှင်ခိုင်းတဲ့ အတိုင်းပဲ လုပ်တတ်တာလေ ၊ ရှင်ခိုင်းလို့ ပို့တာမဟုတ်လား ၊

အေး အခု ရွှေမန်းက သိန်းစိန်ဆီ ပြန်ပို့လိုက်ကွ . . . ကြိုင်ကြိင်ရ

အော် ဒါလဲ ရွှေမန်းကို ပြန်ပို့လိုက်ဆိုပြီး ရှင်က ခိုင်းလို့ ရွှေ မန်းက ပြန်ပို့တာမဟုတ်လား . . ကျမက ရှင့် အကွက်တွေကို ဒါလောက်တော့ မြင်ပါတယ်တော် . . .

အေး အဲလို ဟိုဘက်က ဒီဘက်ကို လွှဲ ဒီဘက်က ဟိုဘက်ကို လွှဲပြီး အချိန်ဆွဲထားတာ အကြောင်းရှိတယ်ကွ . . . ဒါမှ ထောက်ခံတဲ့ သူတွေကလည်း စိတ်ထဲမှာ ရွစိရွစိဖြစ် . . . ကန့်ကွက်တဲ့ သူတွေကလည်း စိတ်ထဲမှာ ကြိတ်မနိုင်ခဲမရဖြစ် . . . လူတွေ လူတွေ

ကြားမှာ ဖြစ်နေမှာနော် . . . အဲလိုဖြစ်ပြီး တစ်ယောက် နဲ့ တစ်ယောက်ကနေ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ ဖြစ် ၊ အဲဒီကနေ တစ်ဖက်နဲ့ တစ်ဖက် ဖြစ်ကြမယ်လေ . . .

ရှင်က လူတွေကို ရန်ဖြစ်ခိုင်းပြီး အာဏာပြန်သိမ်းချင်လို့လား တော့ . . .

ဘယ်ဟုတ်ပါ့မလဲ ကြိုင်ကြိုင်ရယ် ကိုကိုသန်းရွှေ က ဒီ့ထက်ပိုလျှင်ပါတယ် ဗျ . . . ဒီပုံစံ အတိုင်းဆို မကြာတော့ဘူး ဟို ဝီရသူ နဲ့ ဆန္ဒာဓိက နဲ့ နောင်ဂျိန်ချကြတော့မယ်လေ . . နောက်က အုပ်စုခြင်းပါ ချကြတော့မှာပေါ့ . . . ဗျ . . .

အဲ လို ချကြတော့ ဘာဆက်ဖြစ်မှာတုန်းတော့ . . .

ဟ စကားကို ဆုံးအောင်နားထောင်မှပေါ့ကွ . . . ဗမာတွေက အဲလို အချင်းချင်း နောင်ဂျိန်ချကြမယ် . . . တခြား တိုင်းရင်းသားတွေက သန်းခေါင်စာရင်းပြီးရင် နောင်ဂျိန်ချကြတော့မယ် . . . လာမယ့် သင်္ကြန်ဆို သေနတ်ပစ်သံတွေနဲ့ နားဝင်ချိုတော့မှာကွ . . .

ဘယ်လိုဘယ်လို သေနတ်သံတွေက ဘယ်လို ဘယ်နေရာက ထွက်လာမှာတုန်း . . .

ဟ . . ရန်စောင်နေတဲ့ အုပ်စု ၂ စု ကို နောက်ကနေ သေနတ်တွေ တိတ်တိတ် ပေးလိုက်ရင် ပွဲက အရမ်းလှသွားပြီလေ . . အမုန်းဆွဲကြတော့မှာလေ . . .

အလိုတော် ရှင်က ဒီလိုနည်းနဲ့ အောင်ဆန်းစုကြည်ကို အပြတ်ရှင်းမယ်ပေါ့ ဟုတ်လား . . .

အာ . . . မိန်းမရာ ငါဒီလောက် အပါ့မလားကွ . . . ဒါ ၂၀၀၄ မဟုတ်တော့ဘူးကွ . . ဒီတစ်ခေါက် ငါတို့ ရွှေ့မယ့် အကွက်မှာ သူက ဇာတ်ပို့ကွ . . သူ သေ ပေးစရာ မလိုဘူးကွ . . သူ က အသက်ရှည်ရမှာ . . . သူ အသက်ရှည်လေလေ ငါတို့ အိုကေ လေလေ

ပဲကွ . . .

ဘယ်လို ဘယ်လို ကျုပ်တော့ နားရှုပ်သွားပြီ . . ရှင်းပါအုံးတော့ . . .

ဟား ဟား ဟား ဒီလိုကွ . . . လာမယ့် သကြံန်မှာ အဲသလို လူအုပ်စုလိုက် သတ်တာဖြတ်တာတွေ သေနတ်နဲ့ ပစ်တာတွေ ဖြစ်လာပြီဆိုရင် ကမ္ဘာက စောင့်ကြည့်နေတဲ့ အကောင်တွေက ငါတို့ကို ဘာပြောမယ်ထင်သလဲ . . . ငါတို့မြန်မာတွေ ဒီမိုကရေစီနဲ့

မတန်သေးဘူး လို့ပြောမှာပေါကွ . . .

အဲဒီတော့ . . .

အဲဒီတော့ကွာ သူတို့က အောင်ဆန်းစုကြည် တစ်ယောက်ထဲနဲ့ မြန်မာပြည်ကြီးကို မထိန်းနိုင်တော့ဘူး ၊ မြန်မာပြည်သူပြည်သားတွေက မရင့်ကျက်သေးဘူး ၊ ဒီမိုကရေစီ နဲ့ မတန်သေးဘူး ၊ မြန်မာပြည်မှာ အာဏာရှင်တစ်ယောက်တော့ လိုသေးတယ်လို့ မြင်လာမှာလေ

ကွ . . . ဟား ဟား . . . အရင် အာဏာရှင်ပုံစံ မဟုတ်ဘူးနော် . . ဒီမိုကရေစီကို အားပေးထောက်ခံရှေးရှုသော အာဏာကိုချုပ်ကိုင်ထားနိုင်သူ ဆူပူနေတဲ့ တိုင်းပြည်ကို ငြိမ်းချမ်းအောင် သေနတ် နဲ့ ထိန်းထားနိုင်သူ ပေါ့ကွ . . . နီရိုအာဏာရှင်ပေါ့ကွ . . .

ဟားဟား ဟားဟား . . .

ရှင်ကတော့ ဉာဏ်နီဉာဏ်နက်တွေ အတော်ထုတ်နိုင်တာကိုး . .

ဒီလိုရှုက်ရှက်ခတ်နေတဲ့ အချိန်မှာ ငါတို့က ဝင်ထိန်းရမယ် ဒီမိုကရေစီလမ်းကြောင်းကနေ မသွေဖည်သွားအောင် ဝင်ထိန်းရတယ်ပေါ့ . . ဒီတော့ လွှတ်တော်အထဲမှာ ငါတို့ ၂၅% ယူထားတာကို ယူသင့်တယ်လို့ ပြောကြတော့ မှာလေ . . ဟဲ ဟဲ . . နောက်ပြီး

ဘာသာရေး အမျိုးသားရေး ပါတီ ဆိုတာတွေ ပေါ်လာမယ်လေ . . .

ဘာသာရေး ပါတီ ပေါ်လာဖို့ ဖြစ်နိုင်ပါ့မလား တော့ . . .

အာကွာ မင်းကလဲ အ ရန်ကော . . . သီရိလင်္ကာက ဆရာတော်တွေ ပင့်ပြီး တရားဟောခိုင်းလိုက်တာနဲ့ ဘာသာရေး ပါတီတွေ တင်မက ဘူး ဘုန်းကြီးတွေ ပါ မဲပေးလို့ ရသွားပြီပေါကွ . . .

အော် ရှင်က ဘုန်းကြီးတွေကိုပါ လွှတ်တော်ထဲ ထည့်အုံးမှာလားတော့ ရှင့် အကြံက တယ်ပိုင်ပါလားတော့ . . .

ဟဲ ဟဲ ၂၀၁၅ မှာ အပြတ်အသတ်နိုင်မယ်ဆိုတဲ့ ဒီချုပ် မျက်ရည်လေး တစမ်းစမ်း နဲ့ ဖြစ်နေမှာ မြင်ယောင်မိပါသေး အ ဟေး ဟေး . . .

ဒါဆို ၂၀၁၅ မှာလည်း ရှင့် တပည့်တွေပဲ နိုင်အုံးမှာပေါ ဟုတ်လား . . .

ဟုတ်တာပေါ့ကွ . . ဒီလိုပဲ ဖြစ်ရမှာပေါ့ . . ဒါပေမယ့် အနိုင်ရမယ့်ပါတီက ကြံ့ဖွံ့တော့ မဟုတ်တော့ ဘူး . . ကြံ့ဖွံ့ကို ငါတို့ ဖြူတ်ချလိုက်တော့မှာ . . .

ဘယ်လို ဘယ်လိုတော် . . .

အော် ဒီလို ရှုပ်ရှက်ခတ်တွေ ဖြစ်နေတဲ့ အချိန်မှာ ငါတို့ ကြံ့ဖွံ့ကြီးက ထီးထီးကြီးညီညွတ်နေရင် မကောင်းဘူးလေ . . ဒီတော့ ကြံ့ဖွံ့ထဲမှာလည်း ကွဲပြဲပြီး ပါတီအသစ်တွေ ခွဲထောင်ကြတယ်ပေါ့ . . ဒီလိုနဲ့ ကြံ့ဖွံ့လည်း ပါတီသေးလေးဖြစ်သွားမယ်ပေါ့ . .

အော်ရှင်က အကြံတယ်ပိုင်ပါ့လား . . . ကြံ့ဖွံ့ငွေစာရင်းတွေ ရှင်းစရာမလိုတော့ဘူးပေါ့ . .

ဟား ဟား ဒီတစ်ခါတော့ ငါ့မိန်းမ က ပေါက်တာပဲ ဗျ . . . ဟုတ်တယ် . . ၂၀၁၅ မှာ တက်လာမယ့် အစိုးရက ညွန့်ပေါင်း အစိုးရပုံစံ ဖြစ်ရမယ် . . ဒီချုပ်ကိုလည်း သဘောထားကြီးစွာ ဆိုတဲ့ ပုံစံ နဲ့ ဝန်ကြီး တစ်နေရာ လောက်တော့ ပေးရမှာပေါ့ဗျ . . . ဟဲ ဟဲ

ပွဲကတော့ ရှင်းနေပြီ . . ဟို ဝီရသူ က ဒီပုံစံအတိုင်း ဆက်ပြောနေဖို့ပဲလိုတယ်ကွ . . .

ဒါနဲ့ အဲဒီ ဝီရသူက ရှင့် အကြံတွေ သိသွားပြီး ရှင့်ကို ဆန့်ကျင်လာရင်ကော ရှင်ဘယ်လိုလုပ်မလဲ . . .

ဟာကွာ . . မိန်းမကလဲ . . . ကျည်ဆန် တစ်တောင့်ပဲပေါ့ကွ . . ဝီရသူ တရားပွဲမှာေုံးကွဲတယ်ဆိုပြီးလုပ်ထားသေးတယ်လေ . . ကျည်ဆန်တစ်တောင့်ပဲပေါ့ . . ဝီရသူကို ဘာသာခြားတွေက လုပ်ကြံလိုက်ကြတယ်ပေါ့ . . ဒါပဲပေါ့ . . နောက်ပြီး

အခုလောက်ဆို မဘသ အဖွဲ့ထဲမှာ ဝီရသူကို နောက်မှာ ကျိတ်ပြီး ဝေဖန်နေတဲ့ အသံတွေ တိုးတိုးတိတ်တိတ် ထွက်နေကြပြီလေ . . . ဗမာတွေလေ မိန်းမရဲ့ ဗမာတွေလေ . . မကွဲတဲ့ အဖွဲ့ ရှိဖူးလို့လားကွ . . . နဲနဲလေးသာလွှတ်ပေးထားလိုက် ငါ့လက်

ဝင်ပါစရာမလိုဘူး . . ဝီရသူ က အချိန်တန်ရင် သူ့ဖာသာသူ ကုန်းဆင်းသွားမှ ကွ . . . အ ဟေး ဟေး . .

ရှင့် အကြံကတော့ အတော်လန်းတဲ့ အကြံပဲ ရှင့် . . လာပါ အုံး . . အာဘွား . . .

(နေပြည်တော် သတင်းရပ်ဝန်းသို့ ပေးပို့လာသော ပေးစာဖြစ်သည် ၊ အထက်ပါစာများသည် အယ်ဒီတာအဖွဲ့၏ အာဘော်မဟုတ် ရေးသားသူ၏ အာဘော်သက်သက် သာဖြစ်သည်)

1 comment:

Tenissary said...

TEXT REPORT from Naypyidaw: (2/28/2014 - 7:00 PM)

မျိုးစောင့်ဥပဒေကိစ္စ သမ္မတက ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချတာမဟုတ်ဟု ဦးရဲထွဋ်တုံ့ပြန်

မျိုးစောင့်ဥပဒေလို့ လူသိများတဲ့ ဘာသာမတူတဲ့သူတွေကြား လက်ထပ်ထိမ်းမြားမှု၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းမှု၊ ဘာသာခြားတွေရဲ့လူဦးရေတိုးပွားမှုကို ထိန်းချုပ်မှု၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးမှု စတဲ့အချက် ၄ချက်ကို သမ္မတဦးသိန်းစိန်က လွှတ်တော်ကို ဥပဒေပြုပေးဖို့ တိုက်တွန်းတာဟာ ဘာသာရေးကို နိုင်ငံရေးအရ အသုံးချတာလား။

သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကတော့ ဘာသာရေးကို နိုင်ငံရေးအရ အသုံးချတာမဟုတ်သလို ဒီလိုအမြတ်ထုတ်တာမျိုးကို သမ္မတဦးသိန်းစိန်အနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ ကမာရွတ်မီဒီယာကို ပြောဆိုခဲ့ပါတယ်။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ တင်ပြချက်ကို လွှတ်တော်အနေနဲ့ လိုအပ်သလို ဆောင်ရွက်ပေးဖို့ သမ္မတ ဦးသိန်းစိန်က အကြံပြုခဲ့တာသာဖြစ်ပြီး တိုက်တွန်းခဲ့တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

သမ္မတဆီက သဝဏ်လွှာအပေါ် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်ရဲ့ ကော်မတီ ဥက္ကဌတွေ၊ အတွင်းရေးမှူးတွေနဲ့ အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ဒီဥပဒေတွေ ပြဌာန်းဖို့ဟာ အစိုးရရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ လုပ်ရမယ့်အလုပ်လို့ တုံ့ပြန်ခဲ့ပါတယ်။

သမ္မတတင်ပြတဲ့ ဥပဒေပြုရမယ့် အချက် ၄ချက်ဟာ ဘာသာရေး၊ လူမျိုးရေး၊ လူသားအရေး စတဲ့ နက်နဲသိမ်မွေ့တဲ့ အချက်တွေဖြစ်တာကြောင့် ဝန်ကြီးဌာနတွေအပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ပါ ဆက်နွယ်ပတ်သက်နေတယ်လို့ သူရဦးရွှေမန်းရဲ့ ဖေဖော်ဝါရီ ၂၇ရက်နေ့ သဝဏ်လွှာမှာ ဖော်ပြခဲ့ပါတယ်။