မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Tuesday, March 11, 2014

ပုသိမ်မှာ တွေ့ရတဲ့ ဗုံး ၂ လုံး

 

ပုသိမ်မှာ တွေ့ရတဲ့ ဗုံး ၂ လုံး
*********************
ဗုံးတွေ၊ ကျည်ဆံတွေ တူးဖော်တွေ့ရှိမှု မကြာခဏ ဖြစ်ပေါ်နေပါတယ်။ အခု နောက်ဆုံးတွေ့ရတာကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ အောင်ချမ်းသာ ၅ လမ်းထဲက နေအိမ်တခုမှာပါ။

တနင်္လာနေ့က အဲဒီမှာ အိမ်သာကျင်း တူးနေကြတုန်း လက်ပစ်ဗုံး ၂ လုံး ရခဲ့တာလို့ ဆိုပါတယ်။

ဗုံး လို့ ယူဆရတဲ့အတွက် ရဲစခန်းကို ချက်ချင်းအကြောင်းကြားခဲ့တယ်လို့ အိမ်ရှင် ဦးမြင့်သန်းက ဧရာဝတီကို ပြောပါတယ်။

“အိမ်သာနဲ့ရေချိုးခန်းဆောက်နေတာလေ။ အဲဒီမှာ ပန်းရံဆရာအဖွဲ့က မြေကျင်းတူးနေတာ မနေ့ကတည်းကပေါ့နော်၊ ဒီမနက်ကျတော့ မြေစိုင်ခဲတွေ ကော်တင်ရင်းနဲ့ မနက် ၉ နာရီလောက်မှာ အဲဒီ ဗုံး ၂လုံး တွေ့တာ”

အသည်ကြီးရဲစခန်းက ဒုရဲအုပ်မောင်မောင်ဆွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လက်ပစ်ဗုံးကိုထိန်းသိမ်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) က တာဝန်ရှိသူတွေထံ အကြောင်းကြားခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ နတခလက်အောက်ခံ အမှတ် (၉၀၇) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းနဲ့ စစ်လက်နက်စက်ရုံက တာဝန်ရှိသူတွေ ရောက်လာပြီး
ဗုံးကို မပေါက်ကွဲအောင် ထိန်းချုပ်၊ လွှဲပြောင်း ရယူခဲ့ပါတယ်။

သူတို့ထဲကတယောက် ပြောပြတာကတော့...
“ဗုံးကတော့ တရုတ်နိုင်ငံလုပ် အမျိုးအစားပဲ။ ရှေးဟောင်းဗုံးတော့ မဟုတ်ဘူး။
မပေါက်ကွဲနိုင်အောင် စနက်တံကို သေချာကို တိပ်နဲ့ပတ်ထားတာ တွေ့ရတယ်။
တကယ်လို့များ စနစ်တံဖြုတ်ခဲ့ရင်တော့ ပေါက်ကွဲပြီး အန္တရာယ်ရှိနိုင်တယ်”

ရှေးဟောင်းဗုံး မဟုတ်ဘူး ဆိုတော့ သက်တမ်းက ဘယ်လောက် ရှိနေသလဲ?

“သက်တမ်း ဘယ်လောက်ကြာပြီလဲ ဆိုတာတော့ သေချာစစ်ဆေးပြီးမှ ပြောလို့ရမယ်” လို့ အင်ဂျင်နီယာတပ် တာဝန်ရှိသူတဦးက ပြောပါတယ်။

(ဓာတ်ပုံများ - ဆလိုင်းသန့်စင် / ဧရာဝတီ)

Credit : ဆလိုင်းသန့်စင် / ဧရာဝတီ

No comments: