Tuesday, March 11, 2014

ပျောက်ဆုံးနေခဲ့တဲ့ မလေးရှား လေကြောင်း လေယာဉ်ပေါ်ကို ခိုးရာပါ နိုင်ငံကူး လက်မှတ်တွေ အသုံးပြုပြီး လိုက်ပါသွားသူ နှစ်ဦးရဲ့ ကိုယ်ရေး အသေးစိတ် အချက်အလက်တွေကို နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ မလေးရှား အာဏာပိုင်တို့က ထုတ်ဖော် ပြောဆို

စနေနေ့ကတည်းက ပျောက်ဆုံးနေခဲ့တဲ့ မလေးရှား လေကြောင်း လေယာဉ်ပေါ်ကို ခိုးရာပါ နိုင်ငံကူး လက်မှတ်တွေ အသုံးပြုပြီး လိုက်ပါသွားသူ နှစ်ဦးရဲ့ ကိုယ်ရေး အသေးစိတ် အချက်အလက်တွေကို နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ မလေးရှား အာဏာပိုင်တို့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုရဲ့ အဆိုအရ သူတို့နှစ်ဦးစလုံးဟာ အီရန်လူမျိုးတွေလို့ သိရပါတယ်။

သူတို့ဟာ မလေးရှား နိုင်ငံထဲကို တရားဝင် သက်တမ်းရှိတဲ့ အီရန် နိုင်ငံကူး လက်မှတ်တွေ ကိုင်ဆောင်ပြီး ၀င်ရောက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးတော့မှ ကွာလာလမ်ပူမှာ ခိုးရာပါ ပတ်စ်ပို့တွေ အသုံးပြုပြီး အခု ပျောက်ဆုံးနေတဲ့ လေယာဉ်ပေါ် တက်သွားခဲ့တာလို့ သိရပါတယ်။

အခုသိရတဲ့ သတင်း အချက်အလက်တွေအရ လေယာဉ်ပျောက်ဆုံးနေမှုဟာ အကြမ်းဖက်သမားတွေရဲ့လက်ချက် ဖြစ်နိုင်ခြေ နည်းပါးတာကို ညွှန်ပြနေတယ်လို့ အင်တာပို အထွေထွေ အတွင်းရေးမှုး Ronald Noble က ဆိုပါတယ်။

အဲဒီ နှစ်ယောက်ထဲက တစ်ယောက်ဟာ ဂျာမနီ နိုင်ထဲကို ပြောင်းရွှေ့ ဝင်ရောက်သူ ဖြစ်နိုင်တယ်လို့ မလေးရှား အာဏာပိုင်တွေက ဒီကနေ့ စောစောပိုင်းက ပြောခဲ့ပါတယ်။

No comments: