Sunday, March 16, 2014

ရေနံတင်သင်္ဘောကို တိုက်ခိုက်ပါက စစ်ဖြစ်မည်ဟု လစ်ဗျားသူပုန်များ သတိပေး


ထရီပိုလီ၊

သူပုန်များထိန်းချုပ်ထားသည့် ဆိပ်ကမ်းတစ်ခုတွင် တရား မဝင်ရေနံများ တင်ဆောင်ထားသော မြောက်ကိုရီးယားသင်္ဘော တစ်စင်းသည် ဆိပ်ကမ်းမှထွက်ခွာရန် ကြိုးပမ်းမှုကို လစ်ဗျား ရေတပ်အစိုးရမှ မတ် ၁ဝ ရက်က ဟန့်တားခဲ့ကြောင်း သိရ သည်။

ES sider အမည်ရှိ သင်္ဘောဆိပ်ကမ်း တွင် မတ် ၈ ရက် က ကမ်းကပ် ထားသော မြောက်ကိုရီးယား သင်္ဘောကို လစ်ဗျား သူပုန်များမှ ရေနံများ တရားမဝင် ရောင်းချ ခဲ့ကြောင်း သိရ သည်။

မြောက်ကိုရီးယား Morning Glory သင်္ဘောပေါ် တွင် အမေရိကန်ဒေါ်လာ ၃၆ သန်းခန့် တန်ဖိုးရှိသော တရား မဝင်ရေနံစိမ်းများ တင်ဆောင်ထားပြီး ဆိပ်ကမ်းမှထွက်ခွာ ရန် ကြိုးပမ်းနေကြောင်း သတင်းရင်းမြစ် များအရ သိရသည်။

လစ်ဗျားဝန်ကြီးချုပ် Ali Zeidan သည် ¤င်းသင်္ဘော အနေဖြင့် ဆိပ်ကမ်းမှ ထွက်ခွာရန် ကြိုးပမ်းပါက ဗုံးဖြင့်တိုက် ခိုက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တစ်ဆက်တည်း မှာပင် ယင်းသင်္ဘော ထွက်ခွာမသွားနိုင်ရန် လစ်ဗျားရေတပ် သင်္ဘောများကို တပ်ဖြန့်ထားကြောင်း သက်ဆိုင်ရာအာဏာ ပိုင်များမှ ဖြေကြားခဲ့သည်။

လစ်ဗျားသူပုန်များက ¤င်းတို့၏ ရေနံတင်သင်္ဘောကို လစ်ဗျားရေတပ် က တိုက်ခိုက်မည်ဆိုလျှင် တရားဝင် စစ်ကြေ ညာသည့်သဘော အသွင် သဏ္ဍာန်ဆောင်သည်ဟု လစ်ဗျား သူပုန်များမှ ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းဌာနက ရေး သားဖော်ပြခဲ့သည်။

Ref: Reuters
Source: Yangon Media Group

No comments: