Wednesday, March 12, 2014

လူ ကြားမကောင်းဘူး အောင်မင်းရယ်


=================

“MPC က နံပါတ်တစ် ကိုယ့်လူမဟုတ်ဘူး။ သူများလူ။ သူ့တာဝန်က ကိုယ့်ဘက်က အခြေတွေ ယိုင်ဖို့ သူ့တာဝန်ရှိတယ်။ ကျွန်တော်တို့ အကြိမ်ကြိမ်သွားတယ်။ ကျွန်တော် တို့ တပ်ပေါင်းစုနဲ့ သွားတွေ့တယ်။ ဖျက်ချင်တယ်။ UNA နဲ့ တွေ့တယ်။ ဖျက် ချင်တယ်။ ဗမာပါတီတွေနဲ့ဖြစ်ဖြစ် ရရှိတဲ့ ညီညွတ်ရေးကို ဖျက်ချင်တယ်။ သူ့ဘက် ကနေပြီးတော့ ထိုးဖောက်ဖို့ ခိုင်းထားတဲ့ သူတွေပဲ။ ဒါကြောင့် ကျွန်တော် သတိပေးချင်တာက သူတို့တစ်လတစ်ကြိမ် ခေါ်တွေ့တယ်ဆိုတာက Brainwash လုပ်တာပဲ။ သူတို့လုပ်နည်း နှစ်နည်းရှိတယ်။

အဓိက ဘာလဲဆိုတော့ သူတို့ဆီမှာ လူရိုသေ၊ ရှင်ရိုသေ ဘွဲ့တွေရှိတယ်။ ဒေါက်တာ တို့၊ နိုင်ငံခြားပြန်တို့ ဟိုပညာရှင်တို့၊ ဒီပညာရှင်တို့၊ သမ္မတအကြံပေးတို့ဆိုတဲ့ ဆိုင်းဘုတ်တွေ သုံးပြီးတော့ ကျွန်တော်တို့လူတွေကိုခေါ်ပြီး ဘာလုပ်လဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စုလို့ ကျွန်တော်တို့က ပြောနေပြီးတော့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ပုံစံကို ဆွေးနွေးဖို့ မရောက်ခင်မှာ လက်ဦးမှု ယူပြီးတော့ ဖက်ဒရယ် ဆိုသည်မှာ ဆင်တစ်ကောင် ကိုင်သလိုပေါ့။ ဒါကတော့ မြွေပဲ၊ ဒါကတော့ လှံပဲ။ ဒါကတော့ နံရံပဲ၊ ဒါကတော့ ကြိုးပဲ၊ ဒါကတော့ သစ်ပင်ပဲဆိုတာမျိုး ဇဝေဇ၀ါ ဖြစ်အောင် တမင်တကာ လုပ်နေတယ်လို့ပဲ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဆီက ဆွေးနွေးချက်တွေဟာ ဥပမာ ၂၀၀၈ ထဲမှာ ဖက်ဒရယ်မူတွေ ပါနေတာပဲဆိုပြီးတော့ ပညာရှင်နော်။ နိုင်ငံခြားကလူတွေ ခေါ်ပြီးတော့ တစ်ဖက် လှည့်နဲ့ခိုင်းတာ။ သူတို့ကိုယ်တိုင်တောင် မပြောဘူး။ သုံးဖွဲ့ရှိတယ်။ အဲဒီပညာရှင်။ ကျွန်တော်စာရင်းလုပ်ထားတာ။ အဲဒီပညာရှင်တွေ ပြပြပြီးတော့ ကျွန်တော်တို့ အမှန်တကယ် စစ်မှန်တဲ့၊ တကယ်လိုချင်တဲ့ ဖက်ဒရယ်ကို ရွေ့လျားအောင် လုပ်နေတာ။

၂၀၀၈ ကိုပြင်ရင် ဖက်ဒရယ် ရမယ်ဆိုတဲ့ အယူအဆ။ နံပါတ်တစ်။ နံပါတ်နှစ် ဖက်ဒရယ်ဆိုတာ တခြားမဟုတ်ဘူး။ Power Sharing ရယ်။ Resource Sharing ပဲ။ အဲဒီ အယူအဆကို သွတ်သွင်းတယ်။ နံပါတ်သုံး။ အခုရှိနေတဲ့ ၂၀၀၈ ထဲက ဇယား(၁) ကို ဇယား(၂)ထဲ ရွှေ့လိုက်။ အဲဒါ ဖက်ဒရယ်ဖြစ်ပြီ။ နံပါတ်လေး။ အခုရှိနေ တဲ့ ပြည်နယ် က ဘာလိုချင်လဲ။ ပြည်နယ်အစိုးရ အားနည်းနေ တယ်။ ပြည်နယ် လွှတ်တော် အာဏာသိပ်မရှိဘူး။ နည်းနည်းတိုးပေးလိုက်။ ဖက်ဒရယ် ဖြစ်ပြီဆိုပြီး အားလုံးပရမ်းပတာ အယူအဆတွေ ရိုက်သွင်းနေဖို့ အမြဲတမ်း အပတ်စဉ် ခေါ်ဆွေးနွေးတာ။”

NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ

(( Eleven Daily ))

No comments: