Tuesday, April 1, 2014

ABSDF ထူထောင်ခြင်း ငွေရတု ထားဝယ်တွင် ကျင်းပ


ထားဝယ်-ဧပြီ၁
ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးသမိုင်းတွင် အဓိကကျသောအခန်းကဏ္ဍမှပါဝင်ခဲ့သည့် ABSDF (ကျောင်းသားတပ်မတော်)ဟုလူသိများသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ)ကျောင်းသားတပ်မတော်ဖွဲ့စည်း
ထူထောင်ခြင်း၂၅နှစ်ပြည့်ငွေရတုအထိမ်းအမှတ်အခမ်းအနားနှင့်ကျဆုံး၊သေဆုံးသွာသောကျောင်းသားတပ်မတော်ရဲဘော်များအားရည်စူး၍
ရေစက်သွန်းချအမျှပေးဝေအခမ်းအနား၊
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားများကို
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိဇေယျဝတီပရိယတ္တိစာသင်တိုက်
ဓမ္မဘေရီဗိမာန်တော်ကြီးတွင်ယနေ့နံနက်၉နာရီအချိန်မှစတင်ကျင်းပခဲ့သည်။အဆိုပါအခမ်းအနားသို့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ)ကျောင်းသားတပ်မတော်ABSDFဒုတိယဥက္ကဋ္ဌရဲဘော်မျိုးဝင်းနှင့်တာဝန်ရှိသူများ၊ဥက္ကဋ္ဌဟောင်းဒေါက်တာနိုင်အောင်၊ဗကသများအဖွဲ့ချုပ်မှကျောင်းသားခေါင်းဆောင်များABSDFတပ်ဖွဲ့ဝင်ဟောင်းများနှင့်မိသားစုများ၊ထားဝယ်အခြေစိုက်နိုင်ငံရေး၊လူထုအခြေပြုအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြသည်။အခမ်းအနားပထမပိုင်းဖြစ်သည့်ရေစက်သွန်းချအမျှပေးဝေပြီးနောက်ဂုဏ်ပြုလွှာချီးမြှင့်အခမ်းအနားကိုဆက်လက်ကျင်းပရာထားဝယ်အခြေစိုက်နိုင်ငံရေးပါတီများနှင့်လူထုအခြေပြုအဖွဲ့
အစည်းများကသ၀ဏ်လွှာအသီးသီးဖတ်ကြားကြပြီးအမှတ်တရစကားများပြောကြား
ခဲ့ကြသည်။ထို့နောက် ဒီမိုကရေစီသူရဲကောင်းဂုဏ်ပြုမှတ်တမ်းလွှာများကို ကျန်ရစ်သူမိသားစုဝင်များထံ ချီးမြှင့်အပ်နှင်းခဲ့သည်။၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး တပ်မတော်က အာဏာသိမ်းယူပြီးနောက် ကျောင်းသားများပါဝင်သော ABSDF ကျောင်းသားတပ်မတော်ကိုထိုင်း - မြန်မာနယ်စပ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထားဝယ်ဒေသနှင့်မြိတ်ဒေသတို့မှကျောင်းသား၊ကျောင်းသူအများအပြားလက်နက်ကိုင်တော်လှန်ရေးတွင်ပါဝင်ခဲ့ကြသည်။ထားဝယ်ဒေသမင်းသမီးစခန်းတွင်ဖွင့်လှစ်ခဲ့သည့်
ABSDFကျောင်းသားတပ်ရင်းအမှတ်၂၀၁သည်အင်အားအများဆုံးတပ်စခန်းများထဲမှတစ်ခုဖြစ်ခဲ့သည်။တနင်္သာရီတိုင်းဒေသကြီးထားဝယ်ဒေသ တပ်ရင်း ၂၀၁ ၌ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်ကာလအတွင်းကျဆုံး ၊သေဆုံးခဲ့သည့် တပ်ဖွဲ့ဝင် ၂၆ ဦးရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

 

No comments: