မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Thursday, April 3, 2014

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ တင်အေးရဲ့  ခြိမ်းခြောက်စကား



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ တင်အေးရဲ့  ခြိမ်းခြောက်စကား
**********************************************

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ တင်အေးက “အာဏာမသိမ်းလိုသောကြောင့် လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေရကြောင်း” လို့  ပြောခြင်းဟာ အာဏာသိမ်းချင်ရင် သိမ်းလို့ ရတယ် မသိမ်းချင်လို့  မသိမ်းတာလို့  ဆိုလိုပြီး ခြိမ်းခြောက်စကား ပြောလိုက်ပါတယ်။
ဒီစကားဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌတာဝန် ယူထားသူတစ်ယောက်အနေနဲ့ လည်း လုံးဝမပြောသင့်တဲ့စကားပါ။ ဒီလိုပြောတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဟာ ဘယ်ကလာတာလည်း ဆိုတာ ဖေါ်ပြလိုက်သလို တည်တံ့သမာဓိမရှိဖူး မိမိတာဝန်နဲ့  မဆိုင်တဲ့ကိစ္စရပ်မှာ အတိုင်အတာကျော်လွန်ပြီး ပါဝင်ခြင်း ပြုလုပ်တာလို့  ပြောရပါလိမ့်မယ်။
နောက်ပြန်လှည်တာတို့  အာဏာပြန်သိမ်းတာတို့ ကို လက်ရှိ သိန်းစိန် ရွှေမန်း မင်းအောင်လှိုင်တို့  အားလုံး မလုပ်ရဲကြပါဖူး။ ပြည်သူလူထုကို ယခင်က ကြုံတွေ့ ခဲ့ရမှုတွေကို ဖြဲခြောက်ပြနေတာ ဖြစ်ပါတယ်။
သန်းရွှေတို့  စစ်အာဏာရှင်အုပ်စု တစ်စုလုံး အင်မတန်လိုလားတဲ့တဲ့ “တရားဝင် အစိုးရဖြစ်မှု” ကို အသည်းအသန် ဖန်တီးကြိုးစားခဲ့ကြရတာပါ။ နှစ်ပေါင်းမြောက်မြားစွာ အမျိုးသားညီလာခံ ကျင်းပ၊ ဖွဲ့  စည်းပုံအခြေခံဥပဒေကို စိတ်တိုင်းကျ လိမ်ညာပြင်ဆင်ရေးဆွဲ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလာဒ်ကို အရှက်သိက္ခာမရှိ ဗြောင်ငြင်းပယ်ခဲ့ကြ၊ ကြိုတင်မဲတွေနဲ့  အကွက်ချစီစဉ်ပြီး မနိုင် နိုင်အောင် ကောက်ကျစ်စွာနဲ့  သမ္မတနေရာ လွှတ်တော်ဥက္ကဌနေရာ ကာချူပ်နေရာ တက်လုပ်နေကြတာ ဘာကြောင့်လည်း သုံးသပ်ကြည့်ရင် ရှင်းရှင်းလေးဘဲ။
တရားမ၀င်တဲ့ စစ်အာဏာရှင်အစိုးရ အဖြစ် မခံယူချင်ခဲ့လို့ ၊ ဆက်လက် ခံယူလို့  မရတဲ့ ပြည်တွင်းပြည်ပ အခက်အခဲတွေ ပိတ်ဆို့ တားဆီးမှုတွေ၊ နိုင်ငံတကာရဲ့  ဆက်ဆံမှု ကင်းမဲ့မှုတွေ ခံစားရမှုတွေ၊ ပိတ်လှောင်နေလို့  ငွေကြေးလည်ပတ်မှု ပြသနာတွေ၊ စစ်အာဏာရှင်အစိုးရအနေနဲ့  ရေရှည်ဆက်သွားလို့  မရတဲ့ ကမ္ဘာ့နိုင်ငံရေးပြောင်းလဲမှုအခြေအနေတွေ၊ စစ်အာဏာရှင်မျိုးဆက်တွေအားလုံးးအတွက် တရားဝင်အုပ်ချူပ်ခြယ်လှယ်လို့ ရမယ့် အတုအယောင်စနစ်နဲ့ မှ ဖြစ်မယ့်အနေအထားတွေ၊ တိုးတက်ပြောင်းလဲလာနေတဲ့ ခေတ်ကြီးရဲ့  အကျိုးဆက်ကြောင့် ပြည်သူလူထုရဲ့  မျက်စိပွင့် နားပွင့်မှုတွေကြောင့် စစ်အာဏာရှင်စနစ်နဲ့  ဆက်လက်ကျင့်သုံးနေရင် ရေရှည်ခံမယ့်အတိုင်းအတာ မရှိနိုင်မှုတွေကြောင့် ပုံသဏ္ဍန်ပြောင်းလဲလာတာ သန်းရွှေ သိန်းစိန် ရွှေမန်းတို့ ဘက်ကဘဲ စတင်ခဲ့တာ ရှင်းနေပါတယ်။
နောက်ကြောင်းပြန်လှည့်တာတို့  အာဏာသိမ်းတာတို့ ကို ခြောက်ပြနေတဲ့သူတွေ တကယ်လုပ်ရဲတယ်ဆိုရင် အခုချက်ချင်း လုပ်ပြလိုက်ပါ။ မြန်မာပြည် စစ်မှန်တဲ့ဒီမိုကရေစီစနစ်နဲ့  စစ်မှန်တဲ့ ပြည်သူ့ အစိုးရ ခပ်မြန်မြန်တောင် ပေါ်ပေါက်သွားလိမ့်မယ်။
အခုပြောတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌရဲ့  စကားက အာဏာလို့  ရနိုင်တယ် မသိမ်းချင်လို့ ၊ မသိမ်းဘဲ မသိမ်းနိုင်အောင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ထဲ ထည့်ထားပေးတာ ဖြစ်နေတယ်။ ကျေးဇူးတင်ပြီး ထိုင်တောင်ရှိခိုးကန်တော့ရမယ့် အပေါက်မျိုး ဒီပါးစပ်ပေါက်က ထွက်ပြတာ။ ဒီလိုလူမျိုးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌအဖြစ် ဖန်တီးထားတာ ရှင်းနေပါတယ်။
ထပ်ပြီးပြောပါမယ် .. နောက်ကြောင်းပြန်လှည့်ရဲရင် ဒီနှစ်ထဲမှာ လုပ်ပြလိုက်လေ၊ အာဏာသိမ်းရဲရင် ဒီနှစ်ထဲမှာ အာဏာသိမ်းပြလိုက်လေ … ပြည်သူလူထုဘဲ ကြောက်မလား အာဏာရူးတွေဘဲ ချက်ချင်းပြုတ်ကျမလားဆိုတာ စိန်ခေါ်လိုက်ပါတယ်။
တင်အေးဟာ စစ်အာဏာရှင်တစ်ယောက် ဖြစ်ခဲ့တဲ့အတိုင်း ဒီစကားကို ပြောပြီး ပြည်သူလူထုအပေါ် ခြိမ်းခြောက်ပြလိုက်တာပါ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌတစ်ယောက်အနေနဲ့  မဆီမဆိုင် ဒီလိုစကားမျိုးကို ပြောပြီး ပြည်သူလူထုကို ခြိမ်းခြောက်တဲ့အတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ တာဝန်ကနေ နှုတ်ထွက်သင့်ပါတယ်။
The Power Of People

No comments: