Tuesday, April 1, 2014

ခြောက်အိပ်မက်ရှည်မှ နိုးထခွင့်ရသော လယ်သမားရှစ်ဆယ်ကျော်




လယ်ယာမြေပြန်လည်ရရှိသော လယ်သမားတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ရှိ လယ်သမား ၈၀ ကျော်သည် လွန်ခဲ့သော ၁၅ နှစ်ကျော်က တပ် က သိမ်းယူခဲ့သော လယ်မြေ ၂၄၆ဧကကျော် ပြန်လည်ရရှိခဲ့သည်။ လမ်းမများပေါ်တွင် တောင်းဆိုစရာမလိုဘဲ စည်းမျဉ်းအတိုင်း တောင်းဆို၍ ပြန်လည်ရရှိခြင်းဖြစ်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရင်းနှီးနေခြင်းမှာ လယ်ယာမြေပြန်လည်ရရှိရန်အတွက် အထောက်အကူ ဖြစ်စေခဲ့ကြောင်းလည်း လယ်သမားများက ပြောသည်။ လယ်မြေများ ပြန်ရရန် နှစ်ပေါင်းများစွာ စောင့်စားခဲ့ရပြီးနောက် လယ်သမားများသည် ယခုနှစ် မိုးရာသီအမီ စပါးစိုက်ပျိုးနိုင်တော့မည်ဖြစ်သည်။
‘‘ဒီနှစ်မှာ လယ်တွေကို ပြန် လုပ်ရမှာဆိုတော့ ကျွန်တော့်သား ကို ကျောင်းဆက်ထားဖို့အတွက် ဖူဖူလုံလုံ ပံ့ပိုးနိုင်ပါပြီ’’ ဟု ဆယ် တန်းကျောင်းသား၏ ဖခင် အ သက် (၄၄)နှစ်အရွယ် လယ်သ မား ဦးသိန်းနိုင်က ပြောသည်။
နှစ်ပေါင်းများစွာ လယ်မြေ များ သိမ်းဆည်းထားပြီးနောက် လက်ရှိပြုပြင်ပြောင်းလဲမှု၏ တစ် စိတ်တစ်ပိုင်းအနေဖြင့် လယ်မြေ ဧက ၁၅၄,၁၁၆ ဒသမ ၄၈၆ ဒေသ ကို ပြန်ပေးခဲ့သည်။ ယင်းသို့ပြန် လည်ပေးအပ်ခြင်းကို တစ်နိုင်ငံ လုံးအတိုင်းအတာ မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီက ဆောင် ရွက်နေခြင်းဖြစ်သည်။
‘‘လယ်မြေတွေ ပြန်ရဖို့ကို ကော်မတီက ဆောင်ရွက်နေပါ တယ်။ လယ်သမားဦးရေ ဘယ် လောက်လျှောက်ပြီး ဘယ် လောက်ပြန်ပေးနေတယ်ဆိုတာ ကိုတော့ မြို့နယ်က စာရင်းတွေတက်မလာသေးလို့ မသိရသေးပါဘူး’’ ဟု စာရင်းအတိအကျမပြောနိုင်၍ အမည်မဖော်လိုသော မြေအသုံး ချမှု စီမံခန့်ခွဲရေးကော်မတီ နေ ပြည်တော်ရုံးမှ အကြီးတန်းတာ ၀န်ရှိသူတစ်ဦးက ပြောသည်။
အုတ်ဖိုမြို့ရှိ လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီမှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦး အောင်သူက ‘‘လယ်သမားတွေကလျှောက်လွှာတင်ဖို့ပဲ လိုတာပါ။ ဘယ်လောက်မှ အပန်းမကြီးပါဘူး။ ဒါကိုလုပ်နိုင်ရင် ကိုယ့်လယ် ကိုယ် ပြန်ရမှာဖြစ်တယ်’’ ဟု ဆိုသည်။
လယ်သမားအချို့၏ လယ် ပိုင်ဆိုင်မှု မှတ်တမ်းများကိုမူ စိစစ်နေဆဲဖြစ်ကြောင်း ကော်မတီမှ ပြောသည်။ အုတ်ဖိုမြို့နယ် အတွင်းရှိ လယ်မြေများပြန်လည်ရ ရှိရန်လက်ရှိစိစစ်ဆောင်ရွက်နေမှုမှာ ၁၂ ဦးရှိသည်။
လယ်မြေတွေကို ပြန် လျှောက်ဖို့အတွက် မြို့နယ်က အကြောင်းကြားတဲ့ အပေါ်မှာ လျှောက်လွှာပေါ်က ပုံစံအတိုင်း လယ်တွေကို ပြန်ချပေးတာပါပဲ။ သိမ်းသွားတဲ့လယ်တွေကို အပိုအ လိုမရှိ ပြန်ပေးတဲ့အတွက် ၀မ်း သာပါတယ်။ အခုလိုပြန်ရဖို့ကို မျှော်လင့်ခဲ့ရတဲ့အချိန်တွေက အ တိုင်းအဆမရှိဘဲ ကိုယ့်မိသားစု တွေကပါ ပြန်ရကြတာဆိုတော့ ကျေနပ်ပါတယ်’’ ဟု လယ်မြေပြန်ရသော အသက် (၆၂) နှစ်အရွယ် လယ်သမား ဦးဝင်းလှိုင်က ပြောသည်။
၁၉၉၉ ၀န်းကျင်က တပ်မတော်မှ တိုင်းပြည်အနှံ့ရှိ လယ်သမားထောင်ပေါင်းများစွာထံမှ လယ်ယာမြေများကို စစ်တပ်သက်သာချောင်ချိရေးအတွက် လယ်လုပ်ရန်နှင့် စစ်တပ်၏ စီမံကိန်းများအတွက် သိမ်းယူခဲ့သည်။ လယ်ပိုင်မြေပိုင်ရှိခဲ့သော လယ်သမားများမှာ ကိုယ်ပိုင်မြေကိုပင် အငှားလုပ်ရသူများ ဖြစ်သွားပြီး ၎င်းတို့၏ ၀င်ငွေကိုလည်း များစွာ လျော့ကျသွားစေခဲ့သည်။ လယ်သမားမည်မျှကို ထိခိုက်ခဲ့ပြီး လယ်ယာမည်မျှ သိမ်းဆည်းခံခဲ့ရသည်ကိုမူ မသိရပေ။ ၂၀၁၃ တွင် အခြေအနေများပိုမိုဆိုးရွားခဲ့ပြီး လယ်သမားအချို့မှာ ၎င်းတို့၏ လယ်များပေါ်တွင် လယ်အငှား ပြန်လုပ်ခွင့်ပင်မရခဲ့ပေ။
‘‘ကျွန်တော့်မိသားစုဝင်တ ချို့က တခြားနယ်တွေကို ပြောင်း ပြီး အလုပ်ထွက်လုပ်ရတယ်။ အရင်ကဆို မိသားစုတွေ စုစုရုံး ရုံးလယ်ထဲမှာ အလုပ်လုပ်ခွင့် ရ ခဲ့တယ်။ စစ်တပ်က လယ်သိမ်း သွားတဲ့နောက် မိသားစုတွေ ကွဲ ကွဲပြားပြားနဲ့ ဖြစ်သွားကြတယ်’’ ဟု ဦးဝင်းလှိုင်က ပြောသည်။ ၎င်း ၏ ကလေး လေးဦးသည် အလုပ်ရှာရန် အခြားနယ်များသို့ ထွက်ခွာသွားခဲ့ရသည်။
ယခုမူ လယ်မြေများ ပြန်ရ သည့်အတွက် ၎င်း၏ ကလေးများ ပြန်လာရန် ခေါ်ထားပြီးဖြစ်သည်။ ‘‘ကျွန်တော်တို့ မိသားစုတွေ လယ်ထဲမှာ အတူတူ အလုပ်လုပ်ခွင့် ရတော့မှာပါဗျ။ တောဓလေ့တွေက အသံတိတ်နေတာကြာပြီ။ အခုတော့ ပြန်ပြီး အသံထွက်လာတော့မှာပါ။
သိမ်းဆည်းခံလယ်မြေများ ပြန်လည်လျှောက်ထားရန်အတွက်သက်ဆိုင်ရာမြို့နယ်အတွင်း၌ပင် လျှောက်လွှာများဖြင့် လာရောက် လျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။ လျှောက်လွှာအတွင်း၌
(၁) လယ်ယာမြေကွင်းအမှတ် ................
(၂) လယ်ယာမြေဦးပိုင်အမှတ် ................
(၃) လျှောက်ထားသူ၏ အမည် ................. ကိုသာ ဖြည့်စွက်ပေးရမည်ဖြစ်သည်။
နေပြည်တော် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ နေပြည်တော်မြေစာရင်းရုံး ၀၆၇-၅၅၀၁၈၀
ပဲခူးတိုင်းဒေသကြီး မြေအသုံးချ မှုစီမံခန့်ခွဲရေးကော်မတီ
တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၀၅၂-၂၁၂၆၈
ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၀၅၂-၂၁၂၃၅

No comments: