Thursday, April 3, 2014

နှစ် ၅၀ အတွင်း စစ်တပ်ထိပ်တန်းခေါင်းဆောင်တစ်ဦး အမေရိကသို့သွားရောက်




အေးသူစံ
ရန်ကုန်- နှစ်ပေါင်း ၅၀အတွင်း ပထမဆုံးအကြိမ်အဖြစ် ကာကွယ် ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီဝေ လွင်သည် အမေရိကန်အစိုးရ၏ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီတွင် ကျင်းပနေသည့် အာရှပစိဖိတ်လုံ ခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေး ပွဲသို့ အာဆီယံအဖွဲ့၏ ဦးဆောင် သူအနေဖြင့် တက်ရောက်နေ ကြောင်း သတင်းရရှိသည်။
ယခုအစည်းအဝေးသို့ မြန် မာဦးဆောင်ပြီး အာဆီယံကာ ကွယ်ရေးဝန်ကြီးများအားလုံး တက်ရောက်ရန် အမေရိကန်ကာ ကွယ်ရေးဝန်ကြီး ချပ်ဟေဂယ်လ် က ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် အား တက်ရောက်ရန် ၂၀၁၃ ခုနှစ် သြဂုတ်လကုန်က ဘရူနိုင်းနိုင်ငံ တွင် အာဆီယံကာကွယ်ရေးဝန် ကြီးများအစည်းအဝေးဖိတ်ကြား ခဲ့ခြင်းဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် ၏ အမေရိကန်ခရီးစဉ်သည်  မ ဆလအစိုးရလက်ထက်ဗိုလ်ချုပ် ကြီးနေ၀င်း၏ အမေရိကန်ခရီး စဉ်အပြီး နှစ်ပေါင်းငါးဆယ်အ တွင်း မြန်မာစစ်တပ်ထိပ်တန်းအ ရာရှိတစ်ဦး၏ အမေရိကန်ခရီးစဉ် ဖြစ်သည်။ အာရှပစိဖိတ်ဒေသ တွင်း လုံခြုံရေးအစည်းအဝေးကို ဟာဝိုင်အီတွင် ဧပြီ ၁ရက်မှစတင် ကျင်းပနေပြီး အမေရိကန်နှင့်အာ ဆီယံဖိုရမ်မှာ အစည်းအဝေး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် သမားရိုးကျမ ဟုတ်သည့် လုံခြုံရေးဆိုင်ရာခြိမ်း ခြောက်မှုများဖြစ်ပေါ်နေပြီး လုံခြုံ ရေးကျိုးပေါက်မှုကို ၀ိုင်းဝန်းဆွေး နွေးအဖြေရှာနိုင်ရေးအတွက် အ ထောက်အကူပြုမည့် ဖိုရမ်တစ်ခု ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဗီအိုအေသတင်းဌာန အား ပြောကြားထားသည်။
ထို့အပြင် ယခုအစည်းအဝေးအပြီးတွင် မြန်မာအပါအ၀င် ကာကွယ်ရေးဝန်ကြီးများကို ပုလဲ ဆိပ်ကမ်းအပါအ၀င် အမေရိကန် စစ်တပ်၏ နည်းပညာများကိုလေ့ လာရန် အလွတ်သဘောအပန်း ဖြေအစီအစဉ်လည်း ပါဝင် ကြောင်းသိရသည်။
‘‘ဒေသတွင်းလုံခြုံရေးကို ဆွေးနွေးပြောကြားတဲ့အစည်းအ ဝေးဖြစ်တဲ့အတွက် မြန်မာနိုင်ငံက တက်ရောက်လာတာကောင်းပါ တယ်။ ဒီနေ့ကျွန်မတို့ အခက်အခဲ တွေ၊ အန္တရာယ်တွေ ဒီအာရှပစိ ဖိတ်ဒေသမှာ ရှိနေတယ်။ မြန်မာ ကလည်း ဒီပစိဖိတ်ဒေသမှာရှိနေ တဲ့ အခါကျတော့ ဖယ်ထားလို့မ ရဘူး’’ဟု အမေရိကန်နှင့် မြန်မာ တပ်မတော်နှစ်ရပ်ကြားဆက်ဆံ ရေးတာဝန်ယူထားသည့် အမေရိ ကန်အရန်တပ်မတော် ဒုတိယ ဗိုလ်မှူးကြီးဒေါ်မီမီဝင်းကပြော ကြားသည်။
ထို့အပြင် မြန်မာသည်အာရှ ပစိဖိတ်ဒေသအပြင် ရွှေတြိဂံနယ် မြေတွင်လည်း အချက်အချာကျ သည့် နိုင်ငံဖြစ်နေသည့်အတွက် နိုင်ငံတကာလုံခြုံရေးစိန်ခေါ်မှု များ ကို ဖြေရှင်းသည့်အခါ အမေရိ ကန်တပ်မတော်အပါအ၀င် နိုင်ငံ တကာတပ်မတော်များနှင့် ထိတွေ့ပူပေါင်းခြင်းအားဖြင့် ပိုမို လွယ်ကူနိုင်မည်ဖြစ်ကြောင်း ၎င်း ကဆက်လက်ပြောကြားသည်။
‘‘ဒီဒေသရဲ့လုံခြုံရေးနဲ့ ဒေသ တွင်းတည်ငြိမ်မှုဟာ အနာဂတ်ဖွံ့ ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုး မှုအတွက် အဓိကကျတဲ့အချက် ဖြစ်ပါတယ်။ အရှေ့တောင်အာရှ ဟာ အမေရိကန်အတွက်အလွန် အရေးပါပြီး အာဆီယံဟာလည်း ဒီဒေသအတွက် အရေးကြီးတဲ့အ စိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ ကြောင့် အမေရိကန်အစိုးရဟာ ဒေသတွင်းခေါင်းဆောင်တွေနဲ့ လက်တွဲပူးပေါင်းပြီးချစ်ကြည်ရင်း နှီးမှုကိုလည်း ဆက်လက်တည် ဆောက်သွားမှာဖြစ်တယ်’’ဟု ဧပြီ ၁ရက်က ပင်တဂွန်စစ်ဌာနချုပ် တွင် ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ ကာကွယ်ရေးဝန်ကြီး ဟေဂယ်လ်ကပြောကြားခဲ့သည်။
အမေရိကန်က မြန်မာစစ် တပ်နှင့် ပတ်သက်၍ လက်ရှိကျင့် သုံးနေသည့် မူဝါဒမှာ Non Legal  Engagement ဖြစ်ပြီး စစ်သင် တန်းပေးခြင်း၊ စစ်လက်နက် ပစ္စည်းရောင်းဝယ်ခြင်း စသည့် စစ်ဘက်ရေးရာပူးပေါင်းမှုမဟုတ် သော လူမှုရေးရာနှင့်ပတ်သက် သည့် လူသားချင်းစာနာထောက် ထားသောအရေးပေါ်အကူအညီ များ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ကုသရေးလုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဒေါ်မီမီဝင်းကပြော ကြားသည်။

No comments: