Tuesday, February 4, 2014

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ ကော်မတီဝင် ဦးသန်းဦး၏ လူမဆန်သည့် ကြံစီမှုအား နိုင်ငံတော်သမ္မတထံတိုင်ကြား

ဟာဂျူလီ ကသာ posted >>
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ ကော်မတီဝင် ဦးသန်းဦး၏ လူမဆန်သည့် ကြံစီမှုအား နိုင်ငံတော်သမ္မတထံတိုင်ကြား...(ဟာဂျူလီ-ကသာ)
*******************************
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ ကော်မတီဝင် ဦးသန်းဦးမှ ကျွန်တော့်ဇနီး မမြသန္တာထွေးအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခဲ့ခြင်းအတွက် နိုင်ငံတော်သမ္မတထံ တင်ပြတိုင်ကြားစာအား ဖော်ပြခြင်း။
ယခုစာသည် ကျွန်တော့်ထံတွင် နောက်ဆုံးဖော်ပြရန်ကျန်သော တရားဝင်စာ ဖြစ်ပါသည်။
သို့ ဦးသိန်းစိန် နိုင်ငံတော်သမ္မတကြီး နိုင်ငံတော်သမ္မတရုံး နေပြည်တော်။ ရက်စွဲ ၊ ၂၀၁၄ ခုနှစ် ၊ ဇန်န၀ါရီလ (၂၀)ရက် အကြောင်းအရာ ။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ ကော်မတီဝင် ဦးသန်းဦး၏ ကိုယ်ကျင့်တရား
ပျက်ပြားခြင်းနှင့် ရာထူးအရှိန်အ၀ါ ၊ အာဏာကို အလွဲသုံးစားပြုရ်ျ သားသမီးချင်းသဖွယ် ကိုယ်ချင်းစာနာမှုကင်းမဲ့ကာ ကိုယ်ထိလက်ရောက်ဖြားယောင်းသွေးဆောင်မှု ပြုလုပ်ခဲ့ခြင်းအပေါ် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်သည့် ပြစ်ဒဏ်
ချမှတ်ပေးပါရန် တင်ပြတိုင်ကြားခြင်း။ ရိုသေလေးစားစွာ ဂါရ၀တရားရှေ့ထားရ်ျ အောက်ပါအတိုင်း တင်ပြတိုင်ကြားအပ်ပါသည် -
၁။ ကျွန်မ ဒေါ်မြသန္တာထွေးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ အငယ်တန်းအင်ဂျင်နီယာ-၂ ၊ ၀န်ထမ်းတစ်ဦးဖြစ်ပါသည်။ ၂။ ကျွန်မသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ ကော်မတီဝင် ဦးသန်းဦးအား
ရာထူးအရှိန်အ၀ါ ၊ အာဏာကို အလွဲသုံးစားပြုရ်ျ သားသမီးချင်းသဖွယ် ကိုယ်ချင်းစာနာမှု ကင်းမဲ့ကာ ကိုယ်ထိလက်ရောက် ဖြားယောင်းသွေးဆောင်မှုပြုလုပ်ခဲ့ ခြင်း အတွက် အရေးယူပေးပါရန် (၅-၁၂-၂၀၁၃) ရက်စွဲပါစာဖြင့် မြို့တော်ဝန်ထံ
တင်ပြတိုင်ကြားခဲ့ပါသည်။ ပူးတွဲ (၁) (ပူးတွဲ (၁)မှ(၆)အထိ ကျွန်တော့်ပို့စ်တွင် တင်ပြထားပြီးဖြစ်ပါသည်။) ၃။ ဦးသန်းဦးကိုယ်တိုင် ကျွန်မအပေါ် သားသမီးချင်းသဖွယ် ကိုယ်ချင်းစာနာမှု ကင်းမဲ့ကာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ကို
ဝန်ခံထားသော အသံဖိုင်အား ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ကျွန်မ တင်ပြခဲ့ပါသည်။ ပူးတွဲ (၂) ၄။ ကျွန်မကဲ့သို့ အလားသဏ္ဍာန်တူ ကိစ္စရပ်မျိုးကြုံတွေ့ခဲ့ဖူးသည့် ၀န်ထမ်းအမျိုးသမီး (၂)ဦးမှလည်း ကော်မတီဝင်ဦးသန်းဦး၏ သားသမီးချင်းသဖွယ်
ကိုယ်ချင်းစာနာမှု ကင်းမဲ့ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုများကို သိသာထင်ရှားပေါ်လွင်အောင် သက်သေအဖြစ် အခိုင်အမာ ထွက်ဆိုခဲ့ပါသည်။ ပူးတွဲ (၃) ၅။ ကော်မတီဝင်ဦးသန်းဦး၏လက်အောက်တွင် လက်ရှိအလုပ်လုပ်နေသော
ဝန်ထမ်းအမျိုးသမီး(၂)ဦးမှလည်း ဦးသန်းဦးတွင် ရာထူးသြဇာအရှိန်အ၀ါကို အသုံးပြုရ်ျ ကိုယ်ထိလက်ရောက် ဖြားယောင်းသွေးဆောင်မှု ၊ သားသမီးချင်းသဖွယ် ကိုယ်ချင်းစာနာမှုကင်းမဲ့ကာ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ပြုလုပ်သည့် အကျင့်
စရိုက်များရှိကြောင်း ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ထောက်ခံထွက်ဆိုခဲ့ပါသည်။ ၆။ ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အမှုတွဲအား စစ်ဆေးကြားနာပြီး အထက်အဆင့်သို့ တင်ပြခဲ့ပါသည်။ အထက်အဆင့်မှ ထမင်းရည်ပူလျှာလွှဲ ဆိုသလို မိမိတို့
စစ်ဆေးခဲ့သော အမှုတွဲအား ဒက္ခိဏခရိုင် ဥပဒေရုံးသို့ ပေးပို့အကြံပြုချက်ရယူ ပြီး မျက်မြင်သက်သေ/ထောက်ခံထွက်ဆိုသည့်သက်သေမရှိဟူသော အကြောင်းပြ ချက်ဖြင့် အမှား/အမှန် ဆုံးဖြတ်ရန် မသင့်သောအမှုဖြစ်ကြောင်း ၊ တရားရုံးသို့ ဦးတိုက်
လျှောက်ထားရ်ျ တရားနိုင်မှသာ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၀န်ထမ်း စည်းမျဉ်းအရ အရေးယူပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ (ပူးတွဲ-၄) ၇။ မျက်မြင်သက်သေမရှိသည့် အခြေအနေမျိုးတွင်သာ ကာယိနြေ္ဒပျက်ပြားအောင် ကိုယ်ထိ
လက်ရောက်ကျူးလွန်မှုပေါ်ပေါက်ရခြင်းမှာ သဘာဝအရင်းခံအကြောင်းတရား ဖြစ်ပါလျက် ၀န်ထမ်းကောင်း ၊ အိမ်ထောင်ရှင်မကောင်း ၊ မိခင်ကောင်း ၊ အမျိုးသမီးကောင်း၊ မိကောင်းဖခင်သမီးတစ်ဦး၏ ဘ၀အရေးကို မျက်ကွယ်ပြုကာ ဆောင်ရွက်ခဲ့ခြင်းအပေါ်
ကျွန်မသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ဂုဏ်သိက္ခာကို မထိခိုက်စေလိုသည့်အတွက် အဘမြို့တော်ဝန်တစ်ဦးတည်းကသာ ပွင့်လင်းမြင်သာမှု ၊ တရားမျှတမှုရှိအောင် ဦးဆောင်ကြိုးပမ်းဆောင်ရွက်ပေးနိုင်မည်ဟု အလေးအနက်ယုံကြည်ပါသဖြင့်
(၃-၁-၂၀၁၄) ရက်နေ့စွဲပါစာဖြင့် တင်ပြခဲ့ပါသည်။ (ပူးတွဲ-၅) ၈။ သို့သော် မြို့တော်ဝန်အနေဖြင့် ကော်မတီဝင်ဦးသန်းဦးအား အဆောက်အအုံဌာန မှ ရေသန့်ဌာနသို့ ပြောင်းလဲကိုင်တွယ်စေသည့်အမိန့် ချမှတ်ခဲ့ပါသည်။ ကျွန်မအား လည်း အင်ဂျင်နီယာဌာန
(အဆောက်အအုံ) မှ ညှိနှိုင်းဆောင်ရွက်ရေးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေလိုက်ပါသည်။ (ပူးတွဲ-၆) ၉။ က်ျသည်မှာ ကာယကံရှင်များအား နှစ်သိမ့်မှုပေးရ်ျ ဦးသန်းဦးအား လက်တွဲခေါ်ယူ ခဲ့သည်ကို မကျေနပ်ပါသဖြင့် ကော်မတီဝင်ဦးသန်းဦး၏
ကိုယ်ကျင့်တရားပျက်ပြားခြင်း နှင့် ရာထူးအရှိန်အ၀ါ ၊ အာဏာကို အလွဲသုံးစားပြုရ်ျ သားသမီးချင်းသဖွယ် ကိုယ်ချင်း စာနာမှုကင်းမဲ့ကာ ကိုယ်ထိလက်ရောက် ဖြားယောင်းသွေးဆောင်မှုပြုလုပ်ခဲ့ခြင်း အပေါ် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်သည့် ပြစ်ဒဏ်ချမှတ်ပေးပါရန်
အောက်ပါအတိုင်း ထပ်မံ တင်ပြတိုင်ကြားအပ်ပါသည် - (က) ယနေ့ နိုင်ငံတော်အစိုးရသည် သန့်ရှင်းသောအစိုးရ ၊ ကောင်းမွန်သော အုပ်ချုပ် ရေး ဖြစ်ပေါ်လာစေရန် ပြည်သူကို ဗဟိုပြုရ်ျ ပြည်သူ့အကျိုးစီးပွားကို ပွင့်လင်းမြင်သာ မှု ၊ တရားမျှတမှုရရှိအောင်
ဦးဆောင်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ လက်တွဲ ခေါ်ယူရမည့် ပုဂ္ဂိုလ်များကို စည်းလုံးညီညွတ်စွာ လက်တွဲခေါ်ယူဆောင်ရွက်လျက်ရှိ သကဲ့သို့ ဆန့်ကျင်ဆောင်ရွက်သည့် ပုဂ္ဂိုလ်များကိုလည်း ငဲ့ကွက်မှုမရှိဘဲ လက်တွဲဖြုတ် ကာ ပန်းတိုင်အရောက်
လျှောက်လှမ်းလျက်ရှိသည်ကို ပြည်သူများအားလုံး သိရှိနားလည်ထားကြပါသည်။ (ခ) ကျွန်မသည် ဟိရိသြတ္တပအရှက်တရားကို ငဲ့ကွက်ရ်ျ ဖုံးကွယ်ရန် ဆောင်ရွက်ခဲ့ပါက မိမိ၏ခင်ပွန်းနှင့် အိမ်ထောင်ရေးပြိုကွဲမှု ၊ မွေးဖွားခဲ့သည့်သမီးငယ်လေး၏ ရှေ့ရေး
ဘ၀ မခိုင်လုံမှု စသည့် ဘ၀နှင့်ပတ်သက်သော မမျှော်မှန်းနိုင်သည့် အရေးဒုက္ခများကို မလွဲ မသွေ ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ပါသည်။ (ဂ) ကျွန်မသည် သန်း(၆၀)သော ပြည်သူများအနက် မိကောင်းဖခင် သမီးတစ်ဦး အဖြစ်လည်းကောင်း ၊ ၀န်ထမ်းကောင်း
တစ်ဦးအဖြစ်လည်းကောင်း ၊ အိမ်ထောင်ရှင်မ ကောင်းတစ်ဦးအဖြစ်လည်းကောင်း ၊ မိခင်ကောင်းတစ်ဦးအဖြစ်လည်းကောင်း ရပ်တည် နေထိုင်သွားမည့် အမျိုးသမီးကောင်းတစ်ဦးဖြစ်ပြီး ၊ ကျွန်မ၏ အကျင့်စာရိတ္တနှင့် ပတ်သက်ရ်ျလည်း လုပ်ဖော်ကိုင်ဖက်များ ၊
အထက်အရာရှိများမှ ကောင်းမွန်ကြောင်း ထောက်ခံထွက်ဆိုခဲ့ကြပါသည်။ သို့ပါရ်ျ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ ကော်မတီဝင် ဦးသန်းဦး၏ ကိုယ်ကျင့်တရားပျက်ပြားခြင်းနှင့် ရာထူးအရှိန်အ၀ါ ၊ အာဏာကို အလွဲသုံးစားပြုရ်ျ သားသမီးချင်းသဖွယ်
ကိုယ်ချင်းစာနာမှုကင်းမဲ့ကာ ကိုယ်ထိလက်ရောက် ဖြားယောင်းသွေးဆောင်မှုပြုလုပ်ခဲ့ခြင်းအပေါ် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်သည့်ပြစ်ဒဏ် ချမှတ်ပေးပါရန် ဦးသန်းဦး၏ ၀န်ခံချက်အသံဖိုင် ၊ ဘ၀တူအမျိုးသမီး (၄)ဦးအနက် အထောက်အထားများ ရရှိထားသည့်
အမျိုးသမီး (၂)ဦး၏ သက်သေထွက်ဆိုချက်များ ပါရှိသော အမှုတွဲအား တင်ပြအပ်ပါသည်။ ရိုသေလေးစားစွာဖြင့် မြသန္တာထွေး အငယ်တန်းအင်ဂျင်နီယာ-၂ အင်ဂျင်နီယာဌာန (အဆောက်အအုံ) နေပြည်တော်စည်ပင်သာယာရေးကော်မတီ
မိတ္တူကို -
၁။ သူရဦးရွှေမန်း၊ နာယက ၊ ပြည်ထောင်စုလွှတ်တော် နှင့် ဥက္ကဌ ၊ ပြည်သူ့လွှတ်တော်။
၂။ ဒေါ်အောင်ဆန်းစုကြည် ၊ ဥက္ကဌ ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေး ကော်မတီ။
၃။ ဦးစိုးမောင် ၊ ပြည်ထောင်စုဝန်ကြီး ၊ သမ္မတရုံးအမှတ်(၂) ၊ နေပြည်တော်။
၎။ ဦးထွန်းထွန်းဦး ၊ ပြည်ထောင်စုတရားသူကြီးချုပ် ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး။
၅။ ဒုတိယဗိုလ်ချုပ်ကြီးကိုကို ၊ ပြည်ထောင်စုဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီးဌာန။
၆။ ဦးဝင်းမြ ၊ ဥက္ကဌ ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်။
၇။ ဒေါ်မြမြ ၊ ဥက္ကဌ ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာကော်မတီ။
၈။ ဥက္ကဌ ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊နေပြည်တော်။
၉။ ဥက္ကဌ ၊ မြန်မာနိုင်ငံအမျိုးသမီးစွမ်းဆောင်ရှင်များအသင်း။
၁၀။ ဒေါ်စန္ဒာမင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ ဇမ္ဗူသီရိမြို့နယ် ၊နေပြည်တော်။
၁၁။ ကိုယ်ရေးလက်ခံ
အထက်ပါစာအရ ကျွန်တော်တရားမျှတမှုရှာဖွေရာတွင် ၀န်ထမ်းများ၏ နောက်ဆုံးအားထားရာဥသျှောင်ရုံးဖြစ်သော သမ္မတရုံးထက်အဆင့်မြင့်သော အဖွဲ့အစည်း မရှိတော့ပါ။
အမှန်အတိုင်းဆိုရလျှင် ယခုအမှုကိစ္စအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ ရုံးတွင်းတွင် တရားမျှတမှုရှာဖွေရရှိနိုင်မည်ဟု ယခင်ကတည်းက ထင်မထားခဲ့ပါ။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ အထက်အဆင့်အသိုင်းအ၀ိုင်း၏ ၄င်းတို့အချင်းချင်းဆက်ဆံရေးနှင့်ပတ်သက်သည့်အခြေအနေများကို နေပြည်တော်စည်ပင်မှ ၀န်ထမ်းအတော်များများ
(အထူးသဖြင့် အဆောက်အအုံဌာနမှဝန်ထမ်းများ)သိထားသော အချက်အလက်များစွာရှိပါသည်။ လက်ဆုပ်လက်ကိုင်ပြရ်ျမရသောကိစ္စရပ်များဖြစ်သောကြောင့် ထုတ်နုတ်သုံးစွဲခြင်းမပြုပါ။
ထုတ်နုတ်သုံးစွဲခဲ့ပါက ကိုယ့်သေတွင်းကိုယ်တူးသကဲ့သို့ဖြစ်မည်ဖြစ်ပါသည်။ အသွားမတော်တစ်လှမ်းဖြစ်မည်ကို သိရှိပါသောကြောင့် မိမိအမှုကိစ္စကိုသာ ဇောင်းပေးရ်ျဖော်ပြနေခြင်းဖြစ်ပါသည်။
ကော်မတီဝင် ဦးသန်းဦးကို ဘာကြောင့်အရေးမယူရသနည်းဆိုသောအဖြေကို သိချင်ပါလျှင် နေပြည်တော်စည်ပင် သာယာရေးကော်မတီအတွင်းတွင် (အထူးသဖြင့် အဆောက်အအုံဌာနအတွင်းတွင်) စုံစမ်းနိုင်ပါသည်။
အကြောက်တရားဆိုသည့်အချက်ကိုဖယ်လိုက်လျှင် လူတိုင်းအလွယ်တကူဖြေနိုင်သောမေးခွန်းဖြစ်ပါသည်။ ကျွန်တော်ပေါ်လွင်စေချင် သည်မှာ က်ျအချက်ဖြစ်ပါသည်။ မည်သူမဆို လက်မခံနိုင်သည့်
ကိုယ်ကျင့်တရားပျက်ပြားသူကို မည်သူများက ကာကွယ်ပေးနေပါသနည်း ဆိုသော အချက်ကို ပေါ်လွင်စေချင်ပါသဖြင့် က်ျမျှအထိ စိတ်ရှည်စွာဖြင့် ရုံးတွင်းကိစ္စ ၊ စာရွက်စာတမ်းကိစ္စများကို သည်းခံစိတ်အပြည့်ဖြင့်
အဆင့်ဆင့်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ယခု က်ျအမှုကိစ္စသည် ကျွန်တော်ထင်ထားသည့်အတိုင်း သမ္မတရုံးအထိ ရောက်ရှိနေပြီဖြစ်ပါသည်။ သမ္မတရုံးမှ မျှတစွာ စစ်ဆေးပေးမည်ဟု လည်းယုံကြည်ပါသည်။
ကျွန်တော်သည် ယခုဖြစ်စဉ်ကို ခေါင်းအေးအေးထားရ်ျ တရားဥပဒေဘောင်အတွင်းမှ လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ က်ျအမှုကို သမ္မတရုံးမှ ထပ်မံပလပ်ခဲ့သည်ရှိသော် ကျွန်တော်ဆောင်ရွက်စရာနည်းလမ်းများကို စဉ်းစားပြီး ဖြစ်ပါသည်။
က်ျအမှုသည် သာမန် ကိုယ်ရေးကိုယ်တာကိစ္စအတွက် ဖြစ်ပွားနေသော အမှုမျိုးမဟုတ်ပါ။ အုပ်စုဖွဲ့ အနိုင်ကျင့် သောင်းကျန်းနေသော ရာထူးအာဏာရှိ အုပ်စုတစ်စုအား ၊ သာမန်ပြည်သူတစ်ဦးမှ နစ်နာခဲ့သူအားလုံးအတွက် ၊
နစ်နာနေဆဲ သူများအတွက် ၊ ထပ်မံနစ်နာရဦးမည့်သူများအတွက် ရင်ဆိုင်တိုက်ပွဲ ၀င်နေသော တိုက်ပွဲတစ်ခုဖြစ်ပါကြောင်း .........
ကျော်သီဟ B.E (Chemical) သန်လျင်နည်းပညာတက္ကသိုလ် (အုပ်စုဖွဲ့ ၊ အနိုင်ကျင့် ၊
သောင်းကျန်းနေသော ရာထူးအာဏာရှိ အုပ်စုတစ်ခုနှင့် ရင်ဆိုင်တိုက်ပွဲဝင်နေသော သာမန်ပြည်သူတစ်ဦး)

No comments: