Sunday, February 16, 2014

တာဝန်ထမ်းဆောင်နေစဉ် အချိန်အတွင်း ယာဉ်ထိန်းတပ်ကြပ်ကြီး တစ်ဦးအား ယာဉ်မောင်းမှ ကိုယ်ထိလက်ရောက် စော်ကားခြင်း

တရားဥပဒေစိုးမိုးမှုဟာ ရဲတပ်ဖွဲ.၀င်တစ်ယောက်ကိုတောင်
မကာကွယ်ပေးနိုင်တော့ပါလား မြန်မာပြည်ရယ်
==============================
တာဝန်ထမ်းဆောင်နေစဉ် အချိန်အတွင်း ယာဉ်ထိန်းတပ်ကြပ်ကြီး တစ်ဦးအား ယာဉ်မောင်းမှ ကိုယ်ထိလက်ရောက် စော်ကားခြင်း
----------------------------------------------------------------------------------------
ကျနော်(လ/၁၉၇၇၅၄)၊ ရဲတပ်ကြပ်ကြီးသောင်းဒန်၊ အမှတ်(၂၈)၊ ယာဉ်ထိန်းတပ်ဖွဲ့ စုမှူးရုံး၊ မင်္ဂလာတောင် ညွန့်မြို့နယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ သိရှိစေရန် သစ်ထူးလွင် ၀က်ဆိုဒ်မှ တဆင့် တိုင်ကြား အပ်ပါသည်။

ကျနော်အား မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်း ၊ ကန်ရိပ်သာလမ်းဆုံ မီးပွိုင့်
တွင် ၁.၂.၂၀၁၄ရက်နေ့ မှ ၁၅.၂.၂၀၁၄ရက်နေ့အထိ တာဝန်ချထားခြင်း ခံရပါသည်။
၉.၂.၂၀၁၄ရက်နေ့ နံနက် ၁၁နာရီ ၁၅မိနစ် အချိန်ခန့်တွင် မီးပွိုင့်ပြင်(စည်ပင်ဌာန)မှ မီးပွိုင့်ပြုပြင်နေစဉ် မီးပျက်နေ ပါသောကြောင့် ကျတော်မှ လက်ဖြင့် အချက်ပြ ယာဉ်ကြော ရှင်းလင်းခြင်း တာဝန်ကို ထမ်းဆောင် နေပါသည်။

ထိုအချိန်တွင် ကန်ရိပ်သာလမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ်(၉ဃ/၇၇၇၄)TOYOTA WAVE အနက်ရောင်အမျိုးအစား
မော်တော်ယာဉ်၊ ယာဉ်မောင်းအမည်မသိ အမျိုးသား(အသက်၂၅ / ၃၀ခန့်)၊ အသားလတ်သည် သိမ်ဖြူလမ်း ဖက်သို့ ကွေ့ရမည့် ညာဘက် အစွန်ဆုံး ဖရီးလမ်းကြောမှ ညာဘက်သို့မကွေ့ပဲ အရှေ့တည့်တည့်သို့ မောင်းနှင်လာရာ ကျတော်မှ လက်ဖြင့်တားရာ ၄င်းယာဉ်မောင်းမှ မီးပွိုင့်အလည်ခေါင်တည့်တည့်၌ ကားရပ်ပြီး ၊ မင်းကဘာကောင်မို့လို့ ငါ့ကားကို ရပ်ခိုင်းရတာလဲဟု ပြောပြောဆိုဆို ကိုယ်ထိလက်ရောက် ကျူးလွန်လာခဲ့ပါသည်။

သို့သော်လည်း ကျနော်မှ ရှောင်တိမ်းခဲ့သဖြင့် ကျနော့ ခန္ဓာကိုယ်အား မထိခိုက်ခဲ့ပါ။ ထိုအချိန်၌ ယာဉ်ကြောများပိတ်ဆို့ ရှုပ်ထွေးသွားသဖြင့် ယာဉ်ကြော အမြန်ဆုံး ရှင်းလင်း သွားရန်ရည်ရွယ်ပြီး ၄င်းယာဉ်မောင်းအား ကျတော်မှ အကြိမ်ကြိမ်
တောင်းပန်ကာ ဆက်လက်မောင်းနှင်ရန် ပြောခဲ့ပါသည်။

ထိုကားထဲမှ အမျိုးသမီးတစ်ဦး ဆင်းလာပြီး ၄င်းယာဉ်မောင်းကို အတင်းဆွဲ၍ ကားထဲသို့ ခေါ်ဆောင်သွားခဲ့ပါသဖြင့် ကျနော်လည်း လက်ဖြင့် အချက်ပြ ယာဉ်ကြောရှင်းလင်း အလုပ်ကို ဆက်လက်တာဝန်ထမ်းဆောင် ခဲ့ပါသည်။

ထိုသို့  ဖြစ်ပွား ခဲ့ရခြင်း ကိစ္စကို တပ်ဖွဲ့စုမှူးရုံး၊ ဒုရဲမှူးသိန်းသိန်းထွန်းထံသို့ ဖုန်းဖြင့် ချက်ချင်း သတင်းပို့ အကြောင်းကြား ခဲ့ပါသည်။ များမကြာမီအချိန်တွင် တပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်နေကျော်စိုးရောက်ရှိ လာကာ ဖြစ်စဉ်အားလုံးကို ကျနော့အား
မေးမြန်းခဲ့သဖြင့် ဖြစ်စဉ်အတိုင်း မှန်မှန်ကန်ကန် ဖြေကြားခဲ့ပါသည်။

ထိုသို့ဖြစ်ပွားပြီး နောက်တစ်နေ့ ၁၀.၂.၂၀၁၄ရက်နေ့ ညနေ၆နာရီ ၁၅မိနစ်
အချိန်ခန့်တွင် ဂျာမဏီနိုင်ငံ သမ္မတ လမ်းကြောင်းရှိသဖြင့် ယာဉ်ကြောရှင်းလင်းခြင်း အလုပ်တာဝန် ဆောင်ရွက်နေစဉ် ယခင်နေ့မှ ပြဿနာဖြစ်ခဲ့သောယာဉ်(၉ဃ/၇၇၇၄)
သည် နောက်တစ်ကြိမ်ထပ်မံ ရောက်ရှိလာ ခဲ့ပါသည်။

၎င်းယာဉ်မောင်းနှင့် အတူ မိသားစုဟု ထင်ရသောလူ(၇)ဦး အတူတူပါရှိလာပြီး မီးပွိုင့်ရုံအနီး ကားရပ်ကာ ကျနော့အား တစ်ဖန်ဆဲဆို ကြိမ်းမောင်း ရန်ပြုခဲ့
ကြပါသည်။ မိခင်အရွယ်ခန့်ရှိသူ အမျိုးသမီးကြီးမှလည်း ကျနော်အား၎င်းစီး
ထားသော ဖိနပ်ဖြင့် လိုက်ရိုက်ပါသည်။ ၄င်းနှင့်အတူ ပါလာသော လူငယ်တစ်ဦးမှ
လည်း အနီးရှိကျောက်ခဲများဖြင့် ကျတော်အား ပစ်ပေါက်ခဲ့ပြီး မကျေနပ်သေးပဲ စည်ပင် အမျိုးသမီးထံမှာ တံမြက်စည်းကို လုယူ၍ ကျတော်အား ထပ်မံလိုက်
ရိုက်ပါသည်။ ဖခင်ဟု ယူဆရသူလူကြီး တစ်ဦးမှလည်း ကျတော်၏စကားပြောစက်
အား လုယူသွားခဲ့ပါသည်။

ထိုအချိန်တွင်(၅၁)လမ်းရုံးမှ Police Hilux ကားရောက်လာပြီး ကျွန်တော်အား ကားပေါ်သို့ တင်ခေါ်သွားပြီး ကန်တော်ကြီး ဟိုတယ်အရှေ့သို့ပို့ဆောင်ပေးခဲ့ပါသည်။
ထိုနောက် ကားပေါ်ပါဖုန်းမှတဆင့် တာဝန်မှူးကြီးထံသို့ ဖြစ်စဉ် အသေးစိတ်ကို သတင်းပို့ခဲ့ပါသည်။ တပ်ဖွဲ့စုမှူးရုံးသို့လည်း ထပ်မံ သတင်းပို့ခဲ့ပါသည်။

အထက်ပါဖြစ်စဉ်နှင့် ပါတ်သက်၍ ကျနော်၏ အထက်အရာရှိများမှ မည်သို့မျှ တာဝန်ယူဆောင် ရွက်ပေးခြင်းမရှိပဲ မသိကျိုးနွံ ပြုနေကြပါသဖြင့် နောက်နောင် ထိုဖြစ်စဉ်ကဲ့သို့  တာဝန်ထမ်းဆောင်နေကြသော မည်သည့်ယာဉ်ထိန်းရဲမဆို အသက်အန္တရာယ် ပေးနိုင်မည့် အခြေအနေ အထိသို့ ရောက်ရှိလာနိုင်ပါကြောင်း ယာဉ်ထိန်းရဲများနှင့် မိဘပြည်သူများ သိရှိနိုင်ရန် သစ်ထူးလွင် မှ တဆင့် တင်ပြလိုက်
ရပါတော့သည်။

ရဲတပ်ကြပ်ကြီးသောင်းဒန်၊ အမှတ်(၂၈)၊
ယာဉ်ထိန်းတပ်ဖွဲ့ စုမှူးရုံး၊ မင်္ဂလာတောင်ညွန့်မြို့နယ်

BY THIT HTOO LWIN

No comments: