Sunday, February 16, 2014

ပြင်ပြင်၊ မပြင်ပြင် ရွေးကောက်ပွဲဝင်ကို ၀င်မယ်

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှာ လွတ်လာတယ်။ ဦးသိန်းစိန် တို့နဲ့ တွေ့တယ်။ NLD လို ပါတီကြီး ပြင်ပရောက်နေရင် တစ်နေ့ သူပုန်ထရင်လည်း ထမယ်ဆိုပြီး သိမ်းသွင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမယ်ပေါ့။

ရွေးကောက်ပွဲကို NLD က နိုင်ခဲ့ဖူးတယ်လေ။ နိုင်ပြီး အာဏာ မရတာလည်း ကြုံဖူးတယ်။ အခြေခံဥပဒေ မပြင်ရင် ရွေး ကောက်ပွဲမ၀င်ဘူးဆိုတဲ့ သဘောထား ပါတီထဲမှာ ၂၀၁၀ တုန်းက ရှိတယ်။

အဲဒီလိုဆိုရင် သပိတ်မှောက်ဖို့ပဲ ရှိတယ်။ ဒီလိုလည်းလုပ်လို့ မရပြန်ဘူး။ NLD က လွှတ်တော်ထဲကို နည်းနည်းလေးနဲ့ ၀င်သွားတာတောင်မှ တိုင်းသူပြည်သား အတွက် အားကိုးရသင့်သလောက် ရခဲ့တယ်။ တဖြည်းဖြည်းနဲ့တော့ ရွေ့လာပြီ။

ဒေါ်အောင်ဆန်းစုကြည် က အခုဆို အသံတွေ ခပ်မာမာပြောလာပြီ။ မပြောလို့လည်း မရဘူး။ ဒေါ်စု က ပြည်သူ့ ထောက်ခံမှုတို့၊ ကမ္ဘာ့ ထောက်ခံမှုတို့ ရထားတာပဲ။ ပါတီထဲ မှာလည်း အသံကြား မှာပေါ့။ ဦးဥာဏ်ဝင်း တို့ ပြောတာ ပြင်ပြင်၊ မပြင်ပြင် ရွေးကောက်ပွဲဝင်ကို ၀င်မယ်ပေါ့။ ဒါကို မကြိုက်တဲ့လူကလည်း မကြိုက်ဘူး။

ဒေါ်အောင်ဆန်းစုကြည် က ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်ရင် အခြားနည်းသုံးမယ်ပေါ့။

ဟံသာဝတီ ဦးဝင်းတင်
Hot News ဂျာနယ်နှင့် အင်တာဗျူးမှ

No comments: