မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Tuesday, February 4, 2014

၈၈မျိုးဆက်များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

 

၈၈မျိုးဆက်များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ
**************************************
ယနေ့ ဖေဖော်ဝါရီလ ၄ ရက်၊ ညနေ ၄း၀၀ နာရီအချိန်က နေပြည်တော်ရှိ အမှတ်(၂) စည်ပင်ဧည့်ဂေဟာ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ အဆောင်၊ အမှတ် ၂၇/၂ ပုဗ္ဗာသီရိမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၏ ဧည့်ခန်းမဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ပြုံးချို၊ ဂျင်မီ နှင့် မြအေးတို့သည် မိနစ်လေးဆယ်ကြာ တွေ့ဆုံခဲ့ကြပြီး အနာဂတ် မြန်မာ့နိုင်ငံရေးရာများအတွက် ဆွေးနွေးခဲ့ကြသည်။
ယနေ့တွေ့ဆုံဆွေးနွေးမှုတွင် ယခုအချိန်သည် အသွင်ကူးပြောင်းရေးကာလ၏ အရေးကြီးသည့် အချိန်အခါကို ရောက်ရှိနေသဖြင့် ၂ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ယခင်ကထက် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားနိုင်ကြရန် အဓိကထား ဆွေးနွေးခဲ့ကြသည်။
ယနေ့ဆွေးနွေးပွဲ၏ ရလာဒ်များကို ရှေ့လာမည့်ရက်သတ္တပတ်အတွင်း ပူးတွဲထုတ်ပြန်သွားမည် ဖြစ်သည်။
ယနေ့ညနေ တွေ့ဆုံဆွေးနွေးမှုသည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွေ့ဆုံခဲ့ကြခြင်း၏ နောက်ဆက်တွဲ တွေ့ဆုံဆွေးနွေးမှုလည်းဖြစ်သည်။

Credit : Ant Bwe Kyaw

No comments: