မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Sunday, February 2, 2014

လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းဆီးတာ ကမ္ဘာမှာ သက်သက်သေပြစရာ အများကြီး



လူကုန်ကူးပြီး နိုင်ငံတကာကို ပို့ ဆောင်ပေးတော့ ပို့ ဆောင်ခဒေါ်လာတွေအများကြီး ရကြတယ် ။ အဲဒီလို ပို့ ဆောင်ပေးတဲ့ ခါ သက်ဆိုင်ရာအစိုးရက မဖမ်းဆီးမိအောင် အန္တရယ်တွေကို ရှောင်လွှဲဖို့ ကြိုးစားကြသူတွေ ရှိတယ် ။ ဒါပေမဲ့  ဥပဒေကို လက်တစ်လုံးလုပ်လို့ မရတော့ နောက်ဆုံးမှာ လည်ဂုတ်ကိုဆွဲပြီး လူတစ်ပုံကြားမှာ အချုပ်ခန်းကို ဆွဲခေါ်သွားတာပါဘဲ ။ အဲဒီလို လည်ဂုတ်ဆွဲပြီး အဖမ်းခံရသူကတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးပါဘဲ ။

လွန်ခဲ့ တဲ့ -၁၀-နှစ်လောက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့  လေဆိပ်မှာ လူတစ်ယောက်ကို လည်ဂုတ်ဆွဲပြီး ဖမ်းဆီးတာ သတင်းစာမှာမြင်ရတယ် ။ သတင်းတွေကို ဖတ်ကြည့်တော့ အဲဒီပုဂ္ဂိုလ်ဟာ အိန္ဒိယနိုင်ငံရဲ့  ပြည်နယ်တစ်ခုက အထက်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်နေတယ် ။ သူဟာ ကနေဒါနိုင်ငံကို လူကုန်ကူးနေတာ အခုအကြိမ်နဲ့ ဆိုရင် -၈-ကြိမ်ရှိနေပြီး သူ့ ရဲ့ -VIP- ပါ့စ်ပို့ နဲ့  အတူခရီးသွားဖေါ်တွေကို ခေါ်သွားလေ့ရှိတယ် ။ သူခေါ်သွားပုံက သူ့ မိန်းမရဲ့  ဆွေမျိုးတွေ အဖြစ်ခေါ်ယူသွားတယ်လို့  သတင်းတွေမှာ ဖေါ်ပြတယ် ။

လေဆိပ်မှာ ဖမ်းဆီးခံရတဲ့ နေ့ က သူ့ မိန်းမရဲ့  ပါစ်ပို့ အတုနဲ့  အခြားအဖေါ်တွေပါ စစ်ဆေးလိုက်တဲ့ အခါ -VIP-ခရီးစဉ်နဲ့  အခေါက်ခေါက်အခါခါ ကနေဒါနိုင်ငံကို ခရီးသွားနေတာကို လူဝင်မှူကြီးကြပ်ရေးဋ္ဌနက ဂိတ်ပေါက်မှာ စစ်ဆေးတွေ့ ရှိရတယ် ။ ကနေဒါနိုင်ငံမှာ အိန္ဒိယနိုင်ငံသားတွေဟာ တော်တော်များများ ရှိနေကြတယ် ။ လွှတ်တော်ကိုယ်စားလှယ်တွေတောင် ဖြစ်နေကြတယ် ။

ဒီလိုနဲ့  လူကုန်ကူးတဲ့  အဖြစ်ကို ရဲကသိသွားတော့ လေဆိပ်ထဲမှာတင် အိန္ဒိယနိုင်ငံရဲ့  အထက်လွှတ်တော်ကိုယ်စားလှယ်ကို လည်ဂုတ်ဆွဲပြီး ဖမ်းဆီးခေါ်သွားပါလေရော ။ လူဦးရေ ပြွတ်သိပ်နေတတ်တဲ့  နယူးဒေလီလေဆိပ်မှာ ဖမ်းဆီးခံရတယ် ဆိုတာ သတင်းစားမှာ ဟိုးလေးတစ်ကျော် ဖေါ်ပြခြင်းခံရတာပါဘဲ ။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဟာ တည်ဆဲ ဥပဒေတစ်ခုကို ကျူးလွန်ဖေါက်ပြား ချိုးဖေါက်ရင် ဒီမိုကရေစီရင့်သန်ပါတယ် ဆိုတဲ့  အိန္ဒိယနိုင်ငံမှာတောင် လည်ဂုတ်ဆွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာ ဥပမာတစ်ခုကို ထုတ်နုတ်ပြလိုက်တာဖြစ်တယ် ။

မြန်မာနိုင်ငံမှာ ဘူးသီးတောင်မြို့ နယ်က လွှတ်တော်ကိုယ်စားလှယ်ဦးရွှေမောင်ဟာ ခုအချိန်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကို သိက္ခာချ စော်ကားလိုက်ပြီဖြစ်တယ် ။ ဒုချရားတန်းကျေးရွာမှာ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ပြီး အလောင်းဖျောက်တဲ့ အတွက် ရဲတွေက ဂလဲ့ စားချေတဲ့ အနေနဲ့  လက်စားချေ မီးရို့ တာလို့ စွပ်စွဲပြောဆိုလိုက်တာဖြစ်တယ် ။ ဒါပေမဲ့  မောင်တောရဲအဖွဲ့ က အဲဒီလိုမျိုး မပြုလုပ်ခဲ့ ဘူး ဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူ က ဖြေရှင်းလိုက်ပြီဆိုတာ သိရတယ် ။

ဒီတော့ခါ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ဟာ လိမ်ညာပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်ခုလုံးကို စော်ကားလိုက်တာဖြစ်တယ် ။ ပြည်သူကို ကူညီရန် အသင့်လို့ ဆောင်ပုဒ်နဲ့ အညီ တာဝန်ကို နေ့ နေ့ ညည မပြတ် ထမ်းဆောင်နေကြရတဲ့  ပြည်သူ့ ရဲတွေကို တိတိကျကျ စော်ကား လိုက်တာဖြစ်တယ် ။ ဒီ့ထက်ရင့်တဲ့  စကားလုံးများ ရှိလေသလားဆိုတာ ဆန်းစစ်လိုက်တော့ ဒီ့ထက်မက ပြောဆိုခဲ့ တဲ့ တဲ့  စကားလုံးတွေက ရှိနေပြီးသားဖြစ်တယ် ။

သူဟာ သမ္မတဦးသိန်းစိန်ကို တိတိကျကျ အားမနာပ စော်ကားမော်ကား ပြောဆိုဝေဖန်သူဖြစ်တယ် ။ သမ္မတက မြန်မာနိုင်ငံမှာ အဲဒီလူမျိုး မရှိပါဘူးလို့  ပြောရင် သူက အလကားညာပြောတာ- ဒီလူမျိုးဟာ သမိုးမှာ ရှိပါတယ်လို့ လွှတ်တော်ညီလာခံထဲမှာ ပြောကြားသူဖြစ်တယ် ။ ပြီးတော့-White Card -အဖြူရောင်ကဒ်နဲ့  ရွေးကောက်ပွဲကို ၀င်လာသူဖြစ်တယ် ။ - အဖြူရောင်ကဒ်ဆိုတာ နိုင်ငံသားလဲ မဟုတ်-တိုင်းရင်းသားလဲ မဟုတ်တဲ့ သူတွေကို ကိုင်ဆောင်ခွင့်ပေးထားတာဖြစ်တယ် ။ ဒီကဒ်တွေနဲ့  ဗဟိုရွေးကောက်ပွဲကော်မရှင်က သူ့ ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ခွင့်ပေးခဲ့ တယ် ။ နိုင်ငံသားလဲ မဟုတ်-တိုင်းရင်းသားလဲ မဟုတ်သူကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်စေအောင် ပါတီဝင်လုပ်ပေးတာက ကြံ့ ခို်င်ရေးနဲ့  ဖွံ့ ဖြိုးရေးပါတီဘဲဖြစ်တယ် ။ ကြံ့ခိုင်ရေးနဲ့  ဖွံ့ဖြိုးရေးပါတီဟာ အဓိက တရားခံဖြစ်တယ် ။ ခုတော့ နိုင်ငံတော်အာဏာကို ရယူထားတဲ့  ကြံ့ခိုင်ရေးနဲ့  ဖွံ့ ဖြိုးရေးပါတီဟာ ဘူးသီးတောင်မြို့ နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ နဲ့  ရန်တိုက်ပေးနေပြီလားဆိုတာ စောင့်ကြည့်ရတော့မဲ့  ပြသနာဖြစ်တယ် ။

ဒီလိုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို မဆိုထားနဲ့ တော့- နိုင်ငံတကာမှာ တည်ဆဲဥပဒေတစ်ခုခုကို ပြစ်မှုဆိုင်ရာအရ ကျူးလွန်တယ် ဆိုရင် ဘယ်နိုင်ငံမှာမဆို နိုင်ငံတော်အစိုးရက အရေးယူဖမ်းဆီး စစ်ဆေးရတယ် ။ ဒီတော့ခါ အခုအချိန်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ဟာ ပြစ်မှုဆိုင်ရာများကို မည်မျှကျူးလွန်နေပြီသလဲဆိုတာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ က တိတိကျကျ စုံစမ်းစစ်ဆေးရတော့မှာဖြစ်တယ် ။ လွှတ်ပေးထားလို့ ကတော့ တစ်နေ့ ထက်တစ်နေ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့  ရဲ့  သိက္ခာဟာ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကြောင့် ထပ်မံကျဆင်းတာတွေ ဖြစ်လာမယ် ဆိုတာ ပြောရဲတယ် ။ ဘာဖြစ်လို့ လဲ ဆိုတော့ သူဟာ နိုင်ငံတကာကို လွှတ်တော်ခမ်းမထဲကနေပြီး သတင်းလိမ်တွေကို ပေးနေတဲ့  သူလှိုအကြီးစား တစ်ဦးဖြစ်နေလို့ ပါဘဲ ။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

No comments: