Friday, February 14, 2014

နန်းတွင်းကကြမ်းခင်း



နန်းတွင်းကကြမ်းခင်း ဒိုင် ခင်ခင်

ဘာသာခြားနဲ့တွဲခုတ်ပြီး ကိုယ်ဝန်တည်နေသလို သတင်းပွလာတဲ့ princess of Wales
ကို နန်းညွန့်နန်းလျာလေးတွေရဲ့ မအေတူ ဖအေကွဲမှ ဘာသာခြား မဖြစ်စေလိုတာမို့
ဗြိတိသျှထောက်လှမ်းရေးကပဲ လုပ်ကြံလိုက်သလိုလို ဖြစ်ခဲ့ရတဲ့ ဇာတ်လမ်းကိုပဲ
ကျွန်တော်တို့မသိလိုက်တဲ့ ထောင့်က ရုပ်ရှင်ရိုက်ပြသွားတယ် ။

အများသိထားကြတာက ဖူလ်ဟမ်ကလပ်ပိုင်ရှင် အာရပ်သဌေးသား ဒိုတီဖာရက်နဲ့
ငြိစွန်းတာက ယောင်ပြသာဖြစ်နေပြီး တကယ်တမ်း ဒိုင်ယာနာအသည်းကို ပညာတတ်
ညည်လေးနဲ့ ပါးပါးလေး နုတ်နုတ်စင်းသွားတာ ပါခစ္စတန္နီ ခွဲစိပ်အထူးကု ဟာစ်နတ်ခန်း
ဖြစ်နေတာ တွေ့ရမယ် ။ ကမ္ဘာကျော်မိန်းမသားနဲ့ညားရတာဟာ ကမ္ဘာကြီးနဲ့ညားရသလို
လူ ၅ ဘီလီယံ မျက်စိအောက် ဆယ်လီဘရစ်တီဖြစ်ရမှာကို မနှစ်လို မိမိပရိုဖက်ရှင်နယ်
ကို အသက်ထက်တန်ဖိုးထားတဲ့ တက်လူ ဆာဂျင်လေးက ဒိုင်ယာနာအသည်းကို
ကျွမ်းကျင်ပိုင်နိုင်စွာ ခွဲ သွားသလို ဖြစ်ခဲ့ရတာမှာ အသက်ပါ အဆစ်ပါသွားရှာတယ် ။

အသက်အရမ်းကွာတဲ့ ပရက်စလေမိန်းမ ပရစ်စီလာလိုပဲ အိမ်ရှေ့စံ မင်းသားချော
ချားလ် နဲ့ သူ့ အိမ်ထောင်ရေးက မှုန်မိုင်းနေတာလည်း သဘာဝကျတာပါပဲ ။
တကယ်တမ်း စူပီးရီးယားဘေးမှာ အကပ်အမြှောင်လို မိမိကိုယ်ပိုင်ဘဝက လင်းလွန်း
နေတဲ့ ကြင်ဖော်ကြောင့် မှေးမှိန်နေရတာကနေ ကလေးတွေ လက်လွှတ်ရတာနဲ့
လူသားပီပီ ရုန်းထွက်တာနေမှာပါ ။ သတင်းထောက်တွေကိုပြောတာက ဗြိတိသျှ
အိမ်ရှေ့စံကြင်ယာတော်မင်းသမီးဘဝထက် (ကမ္ဘာ)ပြည်သူလူထု ရင်ထဲအသည်းထဲ
က ရွှေမင်းသမီးလေးပဲ ဖြစ်ချင်ပါသတဲ့လေ ။ မြေမြုပ်မိုင်း ကင်းပရေးကနေ ၊
ကလေးသူငယ်ကျန်းမာရေးအဆုံး ပရဟိတလုပ်ငန်းတွေ ကမ္ဘာပတ် မမောနိုင်
မပန်းနိုင်ထဲ မကြောက်မရွံ့တွေပါ (သူ့အသက်ဓါတ်လို)အားသွန်လုပ်ပါတယ် ။

မိသားစုကျန်းမာရေးကြောင့် မမျှော်လင့်ပဲ ဆုံစည်းခဲ့ရတဲ့ သူမရဲ့ "Mr Wonderful"
ဒေါက်တာ ဟာစ်နတ်ခန်းဟာ သူ့ဘဝကို ပျော်ရွှင်ကြည်နူးမှုတွေ တဖန်ပြန်ရလာစေ
ပါတယ် ။ ငြိစွန်းရာက ပါခစ္စတန်အထိလိုက်သွားပြီး ဒေါက်တာရဲ့မိသားစုနဲ့ပါ ရင်းနှီး
လာရာက ရွှေမင်းသမီးက ဘဲဘဲကို တစ်သက်လုံး စုံဖက်ဖို့ အစွမ်းကုန် ကြိုးပမ်းပါ
တော့တယ် ။ ဘောစတွန်မှာ ရမယ့်အလုပ်ကို ရှာပေးတာကအစ အပိုင်ချည်တုပ်ပြီး
နှစ်ဦးတည်းမောင်နှံ လွင့်တော့ဖို့မှာ ဒေါက်တာက ပညာသားလေးနဲ့ ပါးပါးလေး
ရှောင်ထွက်သွားတယ် ။ ဒီမှာ အာရပ်သဌေးသားနဲ့ ချစ်သူ မနာလိုဖြစ်အောင် ပါပါရာဇီ
တွေပါ ချိတ် မြင်အောင် ပလူးပြတယ် ။ ပညာတတ်ညာဉ်က မသေချာရင် မလုပ်ဘူး။
အသည်းမာတာမှ ကျောက်စိုင်ကျောက်ခဲလို မာတောင်နေလေတော့ နောက်ပိတ်ဆုံး
အားနွဲ့သူမိန်းမသားပဲ အသည်းစိစိညက်ညက်ကြေရတာမှာ အများစိတ်ဝင်စားနေတဲ့
သူ့ အညှီအဟောက်သတင်းတွေတောင် ဂရုမစိုက်နိုင်တော့အောင် အရူးအမူး ..။

နန်းတော်ဆိုတာတော့ သာမန်လူတွေအဖို့ မထိရက်မတို့ရက်စရာ အညွန့်အဖူးတွေ
ဖောချင်းသောချင်းနဲ့ ပီဘိနတ်ဘုံနန်နန်းပါပဲ ဆိုနိုင်ပေတဲ့ ကိုယ်တိုင် လူ့မလိုင်အသိုင်း
အဝိုင်းကဆင်းသက်ခဲ့ရသော်ငြား အိမ်ရှေ့စံရွှေမင်းသားအရောင်အဝါအောက် ပျောက်
ဆုံးသလောက် ချနင်းခံရသလို တောက်တောက်ပပလူတွေကြားထဲ အထီးကျန်ရတဲ့
မိန်းမသားဘဝဆိုတာ နန်းတွင်းကပါပဲ ဒါပေတဲ့ ချနင်းခံရတဲ့ ကြမ်းခင်းပမာ ..။

နာအိုမီဝက်စ်ဟာ ဒိုင်ယာနာနဲ့ ဆင်ဆင်လေးမှ မတူပေတဲ့ သရုပ်ဆောင်တာတော့
ကောင်းပါတယ် ။ မယ်လင်စထရိပ် မာဂရက်သက်ချာလုပ်တာ ၊ နစ်ကိုးကစ်မင်း
ဗာဂျီးနီးယားဝုပ်ဖ် လုပ်တာတော့ မမီပါဘူး ။ ဒီဇာတ်ကားနဲ့ ယှဉ်ကြည့်အပ်တဲ့
The Queen ဇာတ်ကားထဲက ဟဲလင်မီရန်ရွှေကမ္ဘာလုံးဆုရတဲ့ ချွေးမအပေါ်ထားသော
ဘုရင်မကြီးရဲ့ ဗျာပါဒဆေးရောင်စုံတောင် မမီပါဘူး ။နောက်ဆုံး ပါရီမှာ သူသေသွားတော့
အင်္ဂလန်မှာ နန်းတော်ရှေ့ လွမ်းသူ့ပန်းခွေတွေ ပင်လယ်ကြီးထဲ သူချစ်သော
သူ၏နောက်ဆုံးအချစ် ဆာဂျင်လေးရဲ့ ပန်းစည်းလေးလည်းပါပါတယ် ။ အဲဒီမှာ
ဆာဂျင်လေးရေးပေးတဲ့ ကဗျာစာသားလေး မိ ပါတယ် ။

Beyond the Right and the Wrong , there is a garden . I will meet u there..

No comments: