Thursday, February 6, 2014

ပဲခူး နေပြည်တော် ဖြူး တို့တွင်မြေငလျှင်အန္တရယ်အရေးကြီး သတိပေး



ပဲခူး နေပြည်တော် ဖြူး တို့တွင်မြေငလျှင်အန္တရယ်အရေးကြီး သတိပေး
+++++++++++++++++++++++++++++++++
နှစ်ပေါင်းတရာအတွင်း အင်အားပြင်းငလျင်လှုပ်နိုင်သည် ဟု ခန့်မှန်းထားသော ပဲခူး၊ နေပြည်တော်နှင့်  ဖြူး မြို့သုံးခုသည် ယခုအခါ နှစ်ပေါင်း ရှစ်ဆယ်ကို ရောက်ရှိနေပြီဖြစ်သောကြောင့်  အရေးတကြီးစောင့် ကြည့် ရမည့် အချိန်ကာလကို ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ငလျင်အထွေထွေ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။ " ဒီအချိန်က အရေးအကြီးဆုံးအချိန်ပါ။ ကျန်တဲ့ အချိန်တွေနည်းလာပါတယ်။ သေချာစောင့်ကြည့်ရတော့မယ်။ လှုပ်ခတ်မဲ့အချိန် နောက် ဆုတ်သွားရင် ငလျင်လှိုင်းက ပြင်းထန်ပါတယ်။ အင်အား ၇ အထက်မှာရှိပါလိမ့်မယ် " ဟု ဦးသူရထွန်းက ပြောသည်

No comments: