Sunday, February 16, 2014

သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှု

သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှု
သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှုကို တနင်္သာရီတိုင်းအတွင်းရှိ လူမှုအဖွဲ့အစည်းများမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။

ဒေသခံပြည်သူများ မိမိတို့ ရရှိခံစားသင့်သော အခွင့်အရေးအား တစ်ညီတညွတ်တည်း တောင်းဆိုနိုင်စေရန် နှင့် သက်ဆိုင်ရာ မူဝါဒနှင့် ဆုံးဖြတ်ချက်ချမှတ်သူများ ဒေသအရေးအား အလေးအနက်ထား စဉ်းစားဆောင်ရွက်ပေးလာစေရေးအတွက်ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်းရှိ မြိတ်၊ ထားဝယ်၊ ကော့သောင်းအတွင်းရှိ ဒေသခံပြည်သူများ၏ လက်မှတ် သုံးသိန်း ကောက်ယူကာ တောင်းဆိုသွားမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ တွင် ရတနာ၊ ရဲတံခွန်၊ ဇောတိက သဘာဝဓါတ်ငွေ့စီမံကိန်းများရှိရာ ကန်ဘောက်ဒေသမှ စတင်လှုပ်ရှားခဲ့ပြီး တနင်္သာရီတိုင်းအတွင်းရှိ ဒေသအားလုံးသို့ ဖြန့်ကျက်ဆောင်ရွက်သွားမည်ဖြစ်သည်။

တနင်္သာရီတိုင်းသည် သဘာဝဓါတ်ငွေ့တူးဖော်ရေးစီမံကိန်းများ တည်ရှိရာဒေသဖြစ်သော်လည်း လျှပ်စစ်ဓါတ်အားတစ်ယူနစ်ကို ၅၀၀ ကျပ်နှုန်းခန့်ဖြင့် သုံးစွဲနေရသော ဒေသဖြစ်သည်။ ရတနာ၊ ရဲတံခွန်၊ ဇောတိက သဘာဝဓါတ်ငွေ့စီမံကိန်းများရှိရာ ကန်ဘောက်ဒေသတွင် လျှပ်စစ်ဓါတ်အား တစ်ယူနစ် ကျပ် ၇၀၀ ဖြင့် သုံးစွဲရသည်။ ထိုသို့နေလာခဲ့သည်မှာ နှစ်ပေါင်း ၂၀ နီးပါး ကြာခဲ့ပြီဖြစ်သည်။

သဘာဝဓါတ်ငွေ့များ ကြွယ်ဝသော်လည်း သဘာဝပါတ်ဝန်းကျင်ကို ဆိုးရွာစွာထိခိုက် ပျက်စီးစေသော ကျောက်မီးသွေးစက်ရုံများ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်တို့တွင် ဆောက်လုပ်ရန် ကြိုးပမ်းနေခြင်းမှာ လက်ခံနိုင်ဖွယ် ကိစ္စမဟုတ်ပါ။

ယခု မိမိတို့ အခွင့်အရေးအား တစ်ညီတညွတ်တည်း တာင်းဆိုရန် အချိန်တန်ပြီဖြစ်သည်။

အားလုံးပူးပေါင်းပါဝင်ကြပါစို့။

No comments: