Sunday, February 16, 2014

ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒကိုတွန်းလှန်ကြဘို့အရေးကြီးပြီ


ကိုကိုဦး(၈၈သူပုန်မျိုးဆက်)
ဖေဖေါ်ဝါရီ(၁၅)၊၂၀၁၄

Nationalism နဲ့ patriotism ဆိုတာ ဆင်တူသယောင်ယောင်နဲ့ အနက်အဓိပါယ်အများကြီးကွာခြားလှပါတယ်၊ Nationalism ကတော့
အများစုဖြစ်တဲ့မိမိတို့လူမျိုးဘာသာသာသနာ၊ယဉ်ကျေးမှုသာလျှင်အဓိကဖြစ်ပြီး၊ဒီလိုအခြေခံတူညီမှုကိုအခြေခံပြီး တိုင်းပြည်ကိုချစ်တာမျိုးဖြစ်ပြီး
patriotism ကတော့ လူသားအားလုံးကိုတန်ဘိုးထားခြင်းနဲ့တရားမျှတခြင်း၊ လွပ်လပ်ခြင်းစတဲ့ ယုံကြည်ချက်ကိုအခြေခံပြီး တိုင်းပြည်ကိုချစ်တာမျိုးဖြစ်ပါတယ်၊

England က အလွန်သြဇာကြီးမားတဲ့ ကမ္ဘာကျော်စာရေးဆရာ
George Orwell ကတော့ The nationalism is ‘the worst enemy of peace’
လို့ပြောခဲ့ပါတယ်၊ ကမ္ဘာကြီးမှာနေ့စဉ်နဲ့အမျှ လူသားတွေအသက်ဆုံးရှုံး
နေရတာတွေ ငွေကြေးပစ္စည်းဥစ္စာတွေဆုံးရှုံးနေရာတွေအထဲမှာ
အမျိုးသားရေးဝါဒအစွန်းရောက်မှုတွေကြောင့်ဖြစ်လာရတဲ့
စစ်ပွဲတွေ။ အဓိကရုန်းတွေကြောင့်ပဲဆိုတာ ကျနော်တို့အားလုံးမျက်မြင်ပဲ
ဖြစ်ပါတယ်၊

လူမျိုးတစ်မျိုးဟာ အခြားလူမျိုးထက်ပိုပြီးသာလွန်ကောင်းတဲ့
အယူအဆကြောင့် nationalism တွေကပိုပြီး စစ်သွေးကြွတတ်ပြီး
patriotism က လူသားအားလုံးကိုတန်းတူထားပြီးစဉ်းစားကာ
ငြိမ်းချမ်းရေးကိုပိုပြီးလိုလားကြသူတွေဖြစ်ကြပါတယ်၊

nationalism ကတော့ ပြသနာတွေကို နိုင်ရင်နိုင်သလို နိုင်ထက်စီးနင်း
လုပ်တတ်ကြပြီး patriotism တွေက ငြိမ်းချမ်းစွာအဖြေရှာရေးကိုပိုပြီး
လိုလားကြတာကိုတွေ့ရပါလိမ့်မယ်၊

patriotism က မိမိတို့အစိုးရအမှားအယွင်းလုပ်ရင် လက်လိုက်မှုမရှိပဲ
ဝေဖန်ပြောဆိုတတ်ကြပေမဲ့ nationalism တွေကတော့ မိမိတို့တစ်မျိုးသား
အတွက်အကျိုးရှိမည်ဆိုလျှင် အုပ်ချုပ်သူအစိုးရအမှားတွေကိုတောင်
လစ်လျှူရှုတတ်ကြပါတယ်၊

ဒါကြောင့် nationalism အယူအဆကြီးထွားလာတဲ့နဲ့အမျှ ငြိမ်းချမ်းရေး
ဆုံးရှုံးရတတ်တယ်ဆိုတာကတော့မြေကြီးလက်ခတ်မလွှဲပါဘူး၊ အနိုင်ရသူ
လုံးဝမရှိပဲ စည်းလုံးညီညွတ်မှုပြိုကွဲကာ လူအသက်တွေသာမက တိုင်းပြည်လူမျိုးဂုဏ်သိက္ခာအပါအ၀င် အရာရာတိုင်းဆုံးရှုံးရတတ်ပါတယ်၊

ဒီနေ့ကျနော်တို့မြန်မာနိုင်ငံမှာ nationalism အယူအဆကို ပြောင်ပြောင်
ပြောပြီးမှားနေတဲ့ မျက်ကန်းမျိုးချစ်တွေရှိတယ်၊ ပြသနာတွေကိုစနစ်တကျ
အဖြေရှာပြီးဖြေရှင်းရမဲ့အစား အမြင်ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ
မှန်တယ်ထင်ပြီး အရမ်းသွတ်သွင်းနေကြတယ်၊

တိတိကျကျဥပမာပေးရမယ်ဆိုရင် ဦးဝိရသူ၊ ၈၈မျိုးဆက်ခေါင်းဆောင်ကိုကိုကြီး၊ မတူကွဲပြားနေမျိုးဝေနှင့် ဒေါ်ခင်ဝိုင်းကြည်တို့ဟာ လူသိများတဲ့ nationalism အယူအဆရှိသူတွေဖြစ်ကြတယ်ဆိုတာ သူတို့ပြောခဲ့တဲ့စကားတွေနဲ့သူတို့ လုပ်ရပ်တွေကပြခဲ့ပြီးဖြစ်လို့ကျနော်တို့အားလုံးသိခဲ့ကြပြီးဖြစ်ပါတယ်၊

သူတို့လည်းပဲတိုင်းပြည်နဲ့လူမျိုးကိုချစ်ကြသူတွေပဲဆိုတာကတော့လုံးဝကို
ယုံကြည်ပါတယ်၊ ဒါပေမဲ့သူတို့အယူအဆမှားယွင်းနေမှုကိုတော့ တိုင်းပြည်ရဲ့
ငြိမ်းချမ်းရေးကိုပိုပြီးထိခိုက်စေနိုင်တာမို့ လက်ခံပေးလို့မရပါ၊

လုပ်နိုင်တာတစ်ခုကတော့ သူတို့အပါအ၀င် မြန်မာပြည်သူပြည်သားတွေ
patriotism စိတ်ဓါတ်တွေကိုတိုးပွါးလာအောင် လမ်းကြောင်းမှန်ပေါ်ရောက်လာ
အောင် မိမိတို့အားလုံးကိုယ်စွမ်းညာဏ်စွမ်းရှိသမျှ ကြိုးပန်းအားထုတ်ကြဘို့
သာရှိပါတော့တယ်၊

စစ်အာဏာရှင်တွေကတော့ nationalism ဟာ သူတို့အာဏာတည်မြဲရေးအတွက်
အထောက်အကူပြုပစ္စည်းတစ်ခုလိုအသုံးပြုနေရုံမျှမက ဒီမိုကရက်တစ်အတိုက်အခံ
တွေကိုချေမှုန်းပြစ်မဲ့လက်နက်အဖြစ်အသုံးပြုနေတာဖြစ်လို့ အလွန်ပဲအန္တရယ်ရှိလှပါကြောင်း မြန်မာပြည်သူများအား အထူးသတိပြုရန်
တိုက်တွန်းလိုက်ရပါတယ်၊
Nationalism နဲ့ patriotism ကွာခြားမှုကိုလေ့လာလိုသူများ ဒီလင့်လေးမှာ
ဖတ်လို့ရပါတယ်ခင်ဗျား

No comments: