Monday, February 3, 2014

ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်ရန် ကော်မတီ ဖွဲ့စည်း



======================================
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်ရေး ကော်မတီကို ပြည်ထောင်စု လွှတ်တော် အမတ် ၃၁ ဦး နဲ့ ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သုံးသပ်ချက် အစီရင်ခံစာကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်ရဲ့ သဘောတူ ဆုံးဖြတ်ချက်နဲ့အညီ အစီရင်ခံစာပါ အကြောင်းအရာတွေကို ဆက်လက်ဆောင်ရွက်ဖို့ ဒီကော်မတီကို ဖွဲ့စည်းလိုက်တာပါ။

ဒီကော်မတီကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ဦးနန္ဒကျော်စွာ (ဒုနာယက ပြည်ထောင်စုလွှတ်တော်)၊ ဒုဥက္ကဋ္ဌအဖြစ် ဦးမြညိမ်း (ဒုဥက္ကဋ္ဌ အမျိုးသားလွှတ်တော်) တို့က တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။

DVB

No comments: