Monday, February 3, 2014

အန္တရာယ် များကို တင်ကြိုကာကွယ်နှိုင်ကြပါစေ……

ဇော်ဝမ်းမောင် >>>>>
ခုန်ုပြန်ကျော်ခွပြီးမထင်မှတ်ထားတဲ့ရာထူးတွေပေးခဲ့လိုကျေးဇူးဆပ်ချင်နေတဲ့ မင်းအောင်လှိုင် တို့ကိုရုပ်ရှင် ရိုက်ခိုင်းတာကတစ်မျိုး၊အစိုးရ လက်ကိုင်တုတ်များ ဖြစ်ကြသော စွမ်းအားရှင် ပြည်သူစစ် ကြံ့ဖွတ်တွေနဲ့တစ်ဖုံ၊တပ်မတော်ထဲမှာ၁၉၉၂နောက် ပိုင်းလောက်မှ ဖွဲ့စည်းခဲ့တဲ့အကြမ်းဖက်တပ်ဆိုတာကလည်းရှိတယ်၊ အသင်းဝင်ဒေသခံတွေကို အသုံးချပြီး မသမာသောနိုင်ငံရေး အောက်လမ်းနည်းတွေကိုအသုံးချပြီး နည်းအမျိုးမျိုးဖြင့် လုပ်ခဲ့ကြပါတယ်။

ဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် ၁၉၉၆ခုနှစ် နိုဝင်ဘာ ၉ရက်နေ့ ရန်ကုန်မြို့ ကုက္ကိုင်းလမ်းဆုံမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် N.L.D ခေါင်းဆောင်များကို လူစုလူဝေးနှင့် တိုက်ခိုက်မှု ၂၀၀၃ခုနှစ် မေ ၃၀မှာဖြစ်ပွားခဲ့တဲ့ ဒီပဲရင်း လုပ်ကြံမှု ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းပွဲတွေမှာ အကြမ်းဖက်မှု ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ၂၀၀၁ခုနှစ် မတ်လတုန်းက ရခိုင်ပြည်နယ်ကျောက်ဖြူခရိုင်ရှိ မွတ်ဆလင်ဘုရားရှိခိုးကျောင်း ၄ခုကို သံဃာအတုများ ခလရ ၃၄ မှ စစ်သားများအပါအဝင် ကြံ့ဖွတ် ၅၀၀ နီးပါခန့်တို့နှင့် မွတ်ဆလင်ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ပြီး ဖျက်ဆီးခဲ့ကြတယ်။

၂၀၀၃ခုနှစ် ဇန္နဝါရီလ အတွင်း စစ်ကိုင်းမြို့မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်များနေထိုင်တဲ့ ကျေးရွာတစ်ခုကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
၂၀၀၅ခုနှစ် ဇွန်လတွင် မန္တလေးတိုင်း အတွင်းရှိ ဟိန္ဒူဘုရားကျောင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။၂၀၀၅ ခုနှစ်သြဂုတ်လမှာ ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင် ကျောင်းသားတစ်ဦးဖြစ်သူ ရာရှစ်ဒူဟယ်(Rashid Duhal) ကို ဝိုင်းဝန်းရိုက်နှက်ခံရပြီး သုံးရက်အကြာတွင်သေဆုံးသွားခဲ့ရပါတယ်။

၂၀၀၅ ခုနှစ်ကထဲက ကြံ့ဖွတ် အသင်းဟာ N.L.D ပါတီတွင်ရှိသော အစ္စလာမ်များကို အဓိကပစ်မှတ်ထား ၍ N.L.D ပါတီကိုတိုက်ခိုက်ရန် ဗျူဟာတရပ်ချမှတ်ထားခဲ့ကြပါတယ်။၎င်းအစီအစဉ်မှာ N.L.D ပါတီတွင်ရှိသော အစ္စလာမ်များကို N.L.D ပါတီမှ နှုတ်ထွက် ပေးရန်တောင်းဆိုသောစာများကို N.L.D ပါတီမှ ဖြန်ချီသည့်ပုံစံဖြင့်ဆောင်ရွက်ရန် အစ္စလာမ်ဘာသာဝင်များကို ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကိုဖျက်ဆီးခြင်း လိုအပ်လျှင် အခြေအနေမတည်ငြိမ်အောင် အထိကရုန်းများဖန်တီးပြီး ဖြစ်ပေါ်လာသည့် ပြဿနာကိုအကြောင်းပြုကာ နိုင်ငံအတွင်းဘာသာရေးပဋိပက္ခများ ပေါ်ပေါက်စေရန် ဖြစ်ပါတယ်။မိတ္ထီလာပြီးတော့မြန်မာပြည်မြောက်ပိုင်း လာရှိုးမြို့မှာ ဗုဒ္ဓဘာသာလူအုပ်ကြီး မွတ်စလင်ပိုင်အိမ်တွေကို မီးရှို့ အကြမ်းဖက်ခဲ့ကြတယ်။ အုံကြွမှုများ နိုင်ငံတ၀ှမ်း ပြန့်နှံ့ချိန်မှစပြီး အစီရင်ခံစာတွေ ပေါ်ထွက်ခဲ့ပါတယ်။

အဓိကအရေးအကြီးသောအချက်မှာ ယာဉ်ကျေးမှု ဘာသာရေး နှင့်နိုင်ငံရေး ကိုခွဲခြားထားနိုင်ရေးပင်ဖြစ်ပါတယ်။(ငါ့) တိုင်းပြည် (ငါ့) ဘာသာ ဆိုသော (အစွဲ) ကို (မချွတ်) နိုင်ကြသေးပါ။ မိမိတို့ ယုံကြည်ရာကို လွပ်လပ်စွာ ကိုးကွယ်ခွင့် ရှိသလို မိမိတို့၏ အမျိုးဂုဏ် ဇာတိဂုဏ် ကို မိမိတို့ဘာသာ စောင့်ရှောက် ကြခြင်းဖြင့် မြန်မာပြည်ရှိ ဗုဒ္ဓဘာသာဝင် များက လွန်ကျူးမှု မရှိအောင် မိမိတို့၏ ယာဉ်ကျေးမှု ဘာသာတရား နှင့် နိုင်ငံရေး တို့ကို ခွဲခြား ထိန်းသိမ်းခြင်းဖြင့်ကိုယ့် အမျိုးဂုဏ် ဇာတိဂုဏ် ကို မိမိတို့ဘာသာ စောင့်ရှောက်ကြရမှာပါ။

အခုလဲ မန်းမှုတ်နေကြတာပါပဲ။ ကုလားမယား ကို သမ္မတ မဖြစ်စေ နဲ့ ဆိုတဲ့ ဇာတ်ကွက် ကိုရွှေ့ ဖို့ ကြိုးစားနေတာပါပဲ။ ဒီလူတွေ မတရားအုပ်ချုပ်နေမှန်းသိသိနဲ့ မရိုးသားမှန်းသိသိနဲ့ကျနော်တို့တတွေ ဆက်ဆံနေကြရတယ်။ဒီ့အတွက် ကျနော်တို့ သိစိတ်၊ မသိစိတ်ကနေသူတို့ပြောင်းပါပြီ ဆိုတာကို ဇွတ်လက်ခံပြီးဇွတ်ပေါင်းသင်း ဆက်ဆံနေကြရတယ်။

တကယ်က သူတို့ဟာ ပြောင်းတာလား၊ကျနော်တို့ကို အသုံးချပြီး သူတို့တည်မြဲရေး အတွက်ဆက်တည်ဆောက် နေတာလား ဆိုတာမြင်အောင်ကြည့်ပါ။
ရိုးသားစွာ လုပ်ကိုင်စားသောက်နေကြသော ပြည်သူလူထုကြီးနှင့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန် ရပ်တည်နေကြသော သူများအတွက် နိုင်ငံရေးအောက်လမ်းနည်းများ ဖြင့် အောက်တန်းကျစွာလုပ်ကိုင်နေကြသော ဖြစ်စဉ်များကို ပြန်လည်ဆင်ခြင်သုံးသပ်ကြခြင်းဖြင့် ဖြစ်ပေါ်လာမည့်အကျိုးဆက် အန္တရာယ် များကို တင်ကြိုကာကွယ်နှိုင်ကြပါစေ……

ဇော်ဝမ်းမောင်….။

No comments: