Tuesday, February 4, 2014

၅၉(စ) မပြင်ရေး ထောက်ခံပွဲတွေ အားကောင်းလာစေဖို့

လျှို့ဝှက်သတင်းအဖြစ် ပေးပို့လားပါသည် ၊


၅၉(စ) မပြင်ရေး ထောက်ခံပွဲတွေ အားကောင်းလာစေဖို့ ရခိုင် မတ္ထီလာ ကဲ့သို့သော ဘာသာရေး လူမျိုးရေး အဓိကရုဏ်းများ ထပ်မံပြုလုပ်ရန် ဦးသန်းရွှေ မှ ညွှန်ကြားထား (နေပြည်တော် လျှို့ဝှက်သတင်း) ၅၉(စ) မပြင်ရေး ထောက်ခံပွဲတွေ အားကောင်းလာစေဖို့ ရခိုင် မတ္ထီလာ ကဲ့သို့သော ဘာသာရေး လူမျိုးရေး အဓိကရုဏ်းများ ထပ်မံပြုလုပ်ရန် ဦးသန်းရွှေ မှ ညွှန်ကြားထားကြောင်း နေပြည်တော် သတင်းရပ်ဝန်းမှ လျှို့ဝှက်သတင်းအဖြစ် ပေးပို့လားပါသည် ၊ ဦးသန်းရွှေ က လျှို့ဝှက်ညွှန်ကြားထားတယ်လို့ သိရပါတယ် ၊ ဧရာဝတီမြစ် အနောက်ဖက်ကမ်း မကွေးဒေသတဝိုက် ကို ပထမ ဦးစားပေးအဖြစ် ရွေးချယ်ထားတယ်လို့ သိရတယ် ၊ ဒုတိယ ဦးစားပေး နေရာကတော့ ရွှေဘို ပတ်ဝန်းကျင် ဖြစ်တယ် ၊ တတိယ ဦးစားပေးနေရာကတော့ ကရင်ပြည်နယ် ထဲမှာ ဖြစ်တယ် လို့ သိရတယ် ၊ ဒီ ၂၀၁၄ အတွင်းမှာ အဲဒီလိုမျိုး ထပ်ဖြစ်လိုက်ရင် လူတွေက ၅၉(စ) မပြင်ရေးကို နားယောင်သွားကြမယ် ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုပါ နှောင့်နှေးသွားစေမယ်လို့ ဦးသန်းရွှေက ယုံကြည်နေတယ်လေ ၊ နောက်ပြီး အမျိုးသားရေး ခေါင်းစဉ်နဲ့ နောက်ထပ် ပါတီတစ်ခုလည်း ဒီနှစ်အတွင်းမှာ ထွက်လာနိုင်တယ် ၊ အဲဒီ အမျိုးသားရေးခေါင်းစဉ်တပ် ပါတီနဲ့ အခြားပါတီသေးသေးလေးတွေစုပြီး အမျိုးသားရေးအဖွဲ့ချုပ် ပုံစံနဲ့ ၂၀၁၅ ကို ဝင်ကြမယ်ပေါ့ ၊ ဒါ ဦးသန်းရွှေ ရဲ့ အကြံပဲ ၊ ကြံ့ခိုင်ရေးမဲတွေက အသေတွက်ထားလို့ ရတဲ့ အချိန်မှာ အန်လယ်ဒီ ရမယ့် မဲတွေကို အမျိုးသားရေးအဖွဲ့ ချုပ်က ဖဲ့ယူလိုက်နိုင်ရင် ၂၀၁၅ အလွန် အစိုးရဟာ ညွန့်ပေါင်းအစိုးရပုံစံ ဖြစ်သွားနိုင်တယ်လေ ၊ ဦးသန်းရွှေ အား စောင့်ကြည့်လေ့လာနေသော ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးမှ ဆက်သွယ်ပြောကြားခြင်းဖြစ်သည် ၊ နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော လျှို့ဝှက် သတင်းဖြစ်သည် ၊ Credit to Hawdeka Khalaylay

No comments: