Monday, February 10, 2014

♥ဖူဂျီင်္မီးတောင်ပေါက်ကွဲနိုင်မှု အခြေအနေကြိုတင် သတိပေးချက် ထုတ်ပြန်လိုက်တဲ့ ဂျပန်နိုင်ငံ


Sunday 9th February 2014

အခုထုတ်ပြန်လိုက်တဲ့ သတိပေးချက်ဟာ ဖူဂျီင်္မီးတောင်ရဲ့ ပေါက်ကွဲနိုင်တဲ့ အခြေနေနဲ့ ပတ်သတ်တဲ့ဘေး လွတ်ရာကို ရွှေ့ပြောင်းဖို့ ထုတ်ပြန်လိုက်တဲ့
သတိပေးချက်ဖြစ်ပြီး ဖူဂျီမီးတောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ကျော်က တစ်ကြိမ်ပေါက်ကွဲ ခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းထုတ်ပြန်ချက်ကို ဖူဂျီမီးတောင် အနားမှာရှိတဲ့စီရင်စု ၃ ခုအတွက် ထုတ်ပြန်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဖူဂျီမီးတောင် အနီးမှာရှိတဲ့ စီရင်စု ၃ ခုကနေ ဖွဲ့စည်းထားတဲ့ ဖူဂျီတောင် အရေး ဦးဆောင်တဲ့ အဖွဲ့ဟာ ဖူဂျီတောင် ပေါက်ကွဲမှုဟာ ပြင်းထန်နိုင်တယ်လို့ ယူဆထား တာကြောင့် ဖူဂျီတောင် အနီးမှာ နေထိုင်သူတွေကို နေရာရွှေ့ပြောင်းကြဖို့ သတင်း ထုတ်ပြန် ထားတယ်လို့ သိရပါတယ်။

အဲ့ဒီ့အဖွဲ့ကို ရှီဇူကာ၊ ရာမာနာရှီနဲ့ ကာနာဂါဝါ စီရင်စုမှာရှိတဲ့ အုပ်ချုပ်ရေးပိုင်း တွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီးရွှေ့ပြောင်းဖို့ အစီအစဉ်ကို ကြာသပတေးနေ့က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အားပြင်းတဲ့ မီးတောင်ပေါက်ကွဲမှုကနေ ထွက်လာတဲ့ ပြာတွေဟာ တိုကျိုအပါအ၀င် အနီးနားမှာရှိတဲ့နေရာ တော်တော်များများကို ဖုံးနိုင်တယ်လို့ သိရပါတယ်။ ဖူဂျီတောင် ဘေးအန္ဒရာယ် ကာကွယ်ရေး အဖွဲ့ကတော့ မီးတောင် ထွက်လာမယ့် ပြာတွေဟာ မြေပြင်ကနေ ၃၀ စင်တီမီတာ အထူအထိ ရှိနိုင်တာကြောင့် ဒေသခံတွေကို ခိုင်ခံ့တဲ့ အဆောက်အဦး တွေမှာ နေထိုင်ကြဖို့ သတင်းထုတ်ပြန် ထားပြီး ဒီထုတ်ပြန်ချက်ဟာ ဂျပန်နိုင်ငံမှာ ဘေးလွတ်ရာ ပြောင်းရွှေ့ရေးနဲ့ ပတ်သတ်ပြီး ပူးပေါင်း ထုတ်ပြန်တဲ့ ပထမဆုံး ထုတ်ပြန်ချက် ဖြစ်တယ်လို့ သိရပါတယ်။

အဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ ရွှေ့ပြောင်းမယ့် လူဦးရေဟာ ကာနာဂါဝါက ၄၀၆,၀၀၀ ဦး၊ ရှီဇူကာက ၆၂၀၀၀ ဦးနဲ့ ရာမာနာရှီက ၁၀၀၀ ဦးရှိပြီးတော့ မီးတောင်ရဲ့ နောက်ဆုံး ပေါက်ကွဲမှုပေါ် မူတည်ပြီးတော့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ သိရပါတယ်။ မီးတောင်က ထွက်လာတဲ့ ချော်ရည် တွေဟာ ရှီဇူကာ စီရင်စု မှာရှိတဲ့ ဖူဂျီမြို့ဘက်ကို ဦးတည် သွားပါက ရွှေ့ပြောင်း ရမယ့် လူဦးရေဟာ ၁၃၁,၀၀၀ ထက်တိုး လာနိုင်တယ်လို့သိရပါတယ်။ မီးတောင်ကနေ ထွက်လာတဲ့ အပိုင်းအစ တွေဟာ တောင်ခြေ တစ်လျှောက် ကျလာ ပါက ရှီဇူကာနဲ့ ရာမာနာရှီစီရင်စုမှာ နေထိုင်တဲ့ လူစုစုပေါင်း ၈၀,၀၀၀ လောက် ဘေးလွတ်ရာကို ထပ်ပြီးပြောင်းရ နိုင်ဖွယ်ရှိတယ် လို့လည်း သိရပါတယ်။

အဖွဲ့ကတော့ လူတွေကို ဘယ်ကို ရွှေ့ပြောင်းရမယ်၊ ဘယ်လို ရွှေ့ပြောင်း ရမယ်ဆိုတာကို တိတိကျကျ ထုတ်ပြန်ထား ခြင်းမရှိဘဲနဲ့ ဒီကိစ္စရပ် တွေကိုတော့ သက်ဆိုင်ရာ အစိုးရ အာဏာပိုင်တွေ ကဖြေရှင်း ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ စီရင်စု ၃ ခုနဲ့ ဖွဲ့စည်း ထားတဲ့ အဖွဲ့ကတော့ စီရင်စုမှာ နေထိုင်တဲ့သူတွေ ကိုပဲ သတိပေးချက် ထုတ်ပြန် သွားမှာဖြစ်ပြီး ဘေးအန္ဒရာယ် ရှောင်ပြေးရေး လေ့ကျင့်မှုနဲ့ ပတ်သတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကတော့ ဧပြီလ ဒါမှမဟုတ် ဧပြီလနှောင်းပိုင်းမှာ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Source: MRTV 4

No comments: