Sunday, February 16, 2014

ယနေ့ စာပေဟောပြောပွဲနဲ့ ပတ်သတ်ပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို သုံးသပ်ကြည့်ရင်




မြန်မာနိုင်ငံဟာ တကယ်ပဲ မင်းမဲ့စရိုက်ဆန်နေပြီလား?
လူမျိုး ဘာသာ သာသနာအတွက်ဆိုတဲ့ လုပ်နေကြတဲ့ အဖွဲ့အစည်းကရော ဘာရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာလဲ ဆိုတာ မေးခွန်းထုတ်သင့်တဲ့ အခြေအနေကိုရောက်ရှိလာပါပြီ၊

မနက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ စာပေဟောပြောပွဲကို လာရောက်တားဆီးသော ရွှေစည်ရိပ်သာကျောင်းမှ ဦးစန္ဒာသီရိနဲ့သံဃာအချို့၊ ဦးဝီရသူ ရဲ့ဒကာမအချို့ရဲ့ လုပ်ရပ်က သက်သေပြနေနေပါတယ်၊

မြို့နယ်အုပ်ချုပ်ရေးမှူးရုံခန်းထဲမှာ စာပေဟောပြောပွဲ နဲ့ပတ်သတ်ပြီး ပွဲဖျက်မယ်၊ ကားဘယ်နှစ်စီးနဲ့ သံဃာတွေ သွားရောက် အင်အားပြခြိမ်းခြောက်မယ် စတဲ့ သံဃာတော်များနဲ့ မအပ်စက်သော ခြောက်လုံးများသုံးသွားခဲ့ပါတယ်၊

ရွှေဝါရောင်အရေးအခင်းမှာရော နာဂစ်အရေးမှာပါ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သော မဟာဂန္ဓာရုံကျောင်းတိုက်မှ ဆရာတော် ဦးသောဘိတအား ဦးဝီရသူရဲ့ဘေးမှာအနီးကပ်နေကြသောဒကာမအချို့က အထပ်ပါဖြစ်စဉ်နှင့်ပတ်သတ်၍ လာရောက်ညှိ့နှိုင်းတဲ့အပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအောက်ထပ်မှာပဲ ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ သင်္ကန်းအား စွဲချွတ်ခြင်း၊ ဆောင့်တွန်းခြင်း၊ ဆရာတော်ပြန်ခါနီး ခဲကောက်ခါ ချိန်ရွယ်ခြင်းစသော ဝစီကံ၊ ကာယကံ တို့ဖြင့်ပါကျူးလွန်ခဲ့ပါတယ်၊

ဘာသာ၊ သာသနာ ကို တကယ်ရိုသေလေးစားသည် ဟုတ် မဟုတ်ကိုတော့ အထက်ပါလုပ်ရပ်များက သက်သေပြလျှက်ရှိပါသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထဲမှာပဲ သံဃာအပေါ်စော်ကားသောလုပ်ရပ်များ ဖြစ်ပွားနေသော်လည်း အာဏာပိုင်များအနေဖြင့် အရေးတယူ ဆောင်ရွတ်ဖြေရှင်းပေးခြင်း မရှိပါကြောင်းတွေ့ရှိရပါတယ်။

ထိုကြောင့် အစိုးရရဲ့ ဘာသာ သာသနာအပေါ် လိုတမျိုး မလိုတမျိုး ကိုင်တွယ်ဖြေရှင်းနေပုံဟာ ရေရှည်မှာ သံဃာချင်း၊ ပြည်သူချင်း အမုန်းပွားစရာများ ဖန်တီးပေးနေတယ်လို့ မြင်မိပါတော့တယ်----။ ။ ။

No comments: