Tuesday, February 18, 2014

ဒါရိုက်တာ မိုက်တီးရဲ့ သူတို့ ဒုက္ခ

Mike Tee ((ဒါရိုက်တာ မိုက်တီး)

လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က ဦးကျော်နဲ့ ဖားကန့်မှာကားတစ်ကားသွားရိုက်ဖြစ်ခဲ့တယ်၊ အဲဒီကလော်ပန်တွေက ရန်ငွေထည့်ုပြီး စု ရိုက်တဲ့ AIDS ပညာပေးကားလေးပါ။ သူတို့နယ်မှာ မူးယစ်ဆေးဝါး အပျော်အပါးတွေ တအားများလွန်းပြီး HIV ဝေဒနာသည်တွေများလာလွန်းလို့ ထိန်းချုပ် ပညာပေး အစီအမံထဲကတစ်ခုအဖြစ်ပေါ့ ။

ဟိုလည်းရောက်ရော-
အဲဒီမှာ ဇာတ်အရ ဦးကျော်က HIV ဖြစ်သွားတဲ့ဇာတ်ကောင်နေရာက သရုပ်ဆောင်ရမှာ ဆိုတော့
ဦးကျော်က တောင်းဆိုတာ ငါ အဲဒီဝေဒနာသည်တွေနဲ့တွေ့ချင်တယ်ကွာ တဲ့၊ အဲဒါမှ mood သွင်းလို့ရမှာ တဲ့-
ဆိုတာနဲ့ပဲ ကျွန်တော်က ဆိုင်ရာကိုလည်းပြောရော - ရပါတယ် တဲ့ ခဏလေး ဆိုပြီး ဖုံးတွေစက်တွေနဲ့ပေါက်လိုက်တာ မကြာပါဘူး
စစ်ကားကြီး ၂ စင်းနဲ့ရောက်ချလာပါလေရောဗျာ ၊ အားလုံးအယောက် ၄၀ လောက်ရှိမယ် ၊ အဲဒါ လမ်းဘေးကတွေ့တဲ့သူကောက်တင်လာတာတဲ့ အကုန်လုံး AIDS တွေချည်းပဲတဲ့၊ လိုရင်ထပ်သယ်ပေးအုံးမယ်တဲ့ ၊အောင်မလေး တော်ပါပြီဗျာ ရပါပြီဗျာ ဆို မနဲတားယူရတယ် ၊ ဟူးးးး ဖရူးဖရူးဖရူးး
တကယ့်အစစ်ကြီးတွေကိုဗျာ သူတို့မှာ ဒီဝေဒနာထက်ကိုပိုဆိုးရတဲ့အဖြစ်က နေစရာ စားစရာ မရှိရတော့တဲ့ လမ်းဘေးနေ လမ်းဘေးအိပ် လမ်းဘေးတင်ငတ်သေကြရတဲ့သူတွေတဲ့လေ၊ အခုလည်း ဘိန်းနဲနဲစီကျွေးမယ်ဆိုလို့ လိုက်လာကြတာလေတဲ့ ၊ ကဲ ။

အဲဒီလူတွေအများကြီးနဲ့ တခန်းထဲမှာဗျာ ၊ ဦးကျော်လည်း သူ စ တဲ့ ဇာတ်ဆိုတော့ ဖိန့်ဖိန့် နဲ့ ကြိတ်ဖေါနေရတော့တာပေါ့ ၊ ဟိုလူတွေက ကျော်ဟိန်းလည်း အဖက်တောင်မလုပ်ဘူးနော် ၊ ဘယ်ဗျာ သူတို့ရောဂါကြီးကိုတောင် ဂရုစိုက်တဲ့ကောင်တွေမှ မဟုတ်တာ ၊ ကျော်ဟိန်းတွေ မိုက်တီးတွေတော့ နား ပေါ့ ၊ လောလောဆယ်အရေးက ဘိန်းမရသေးလို့ ဆူညံပွတ်လောရိုက်နေပြီ၊ ကိုယ်ကမသိဘူးလေ၊ နောက် မေးကြည့်လို့ သိတော့မှ ဟ ဟ လုပ်ကြပါအုံးဗျ ဆိုပြီး တယောက်ကိုဘိန်းမဲတစ်တုံး ဆေးလိပ်တလိပ်စီပေးလိုက်တော့မှ . . အသံတွေ အကုန်ငြိမ်ကျသွားတော့တာ ဝူး. . .
အဲ . . ကိုယ်တော်များက အဲဒီ ကျတော့မှ ပြုံးချိုပြီး အဲ. .အလ္လာပ က စ နိုင်တော့တာကိုး- ဟာ - ကိုကျော်ပေါ့. . . .ပေါ့- ကိုမိုက်ကြီး ဘာကားတွေရိုက်ပေါ့-ေ အာ င်း မာေ လး တကယ့်ကိုပဲ တော်တော့ကိုမှ တော်တော်ပါပဲဗျာ ၊. . .. .

သြ . . ရင် နာ စ ရာ ကြီး တွေ ပါ လား ။

ည စကားစမြည် မေးရင်းမြန်းရင်းနဲ့မှ ဒီထက်ရင်နာစရာက
အသိဥာဏ်နည်းလွန်းပုံ
မူးယစ်ဆေးဝါး နဲ့ ပြည့်တန်ဆာအများအပြား
နောက် ရောဂါ ရှိမှန်းသိရက်နဲ့တောင် ဘာအခုအခံမှမသုံးကြတော့လောက်အောင် ဆိုတော့ . . .

သူတို့ သူဋ္ဌေးတွေစုပြီး ဂေဟာလေးလုပ် ကျွေးမွေးကုသပေးလည်းမနိုင်နိုင်တော့တဲ့အကြောင်း. . .အသက်တောင်မရှူချင်တော့လောက်အောင်ပါပဲဗျာ
အပြီးမှ ကျွန်တော့်မှာ မနဲအားခဲပြီး နောက်ဆုံးမျှော်လင့်စရာလေးအနေနဲ့ -
အစိုးရပိုင်းကကော ဒီကိစ္စတွေကို ဘယ်လိုအစီအမံ လုပ်ပေးသေးလဲ ဆိုတော့ မှ

အင်း. . (အဲဒီမှာ စ တွေ့တာပဲ)
လုပ်ပေးပါတယ် တဲ့
ဒီရောဂါ ကိုတဲ့ ဒီနယ်မှာ ဆက်လက် မပြန့်ပွား မကူးဆက်အောင် တဲ့ တခါတခါ အဲဒီရောဂါသည် ပြည့်တန်ကောင်မလေးတွေကိုလိုက်ဖမ်းပြီး (ပိုက်ဆံမပေးနိုင်သူ) ဒီကနေ အပြီးနယ်နှင်ဒါဏ် ပေးလိုက်တယ် တဲ့ ၊ ဟာာာာ!!!
ဟာ ဗျာ "ေ တာ က် !! " ဟား¡¡
ကဲ - စဉ်းသာစားကြည့်ကြပါတော့ဗျာ ၊
AIDS ရောဂါကြီးကို အဲလို တိုက်ဖျက်ကာကွယ်ပေးပါသတဲ့ ၊
ဟင်း- အဲဒီ အချိန်မှာ ကိုယ်တွေ့မဟုတ်တဲ့သူဆို ယုံစရာကိုမရှိဘူးနော် -

သို့သော် -
ဒါပေမဲ့ . .
ခုချိန်မှာတော့ ဘယ်သူ့ကိုပြောပြော မယုံဘူးဆိုတဲ့သူ မရှိကိုမရှိနိုင်တော့ဘူး . . . ဆိုတာက

ကြည့်လေ ၊ ဒီနေ့ -
ကျွန်တော်တို့တိုင်းပြည်မှာ ရုံးဝန်ထမ်းလား ၊ ဆေးဝန်ထမ်းလား ၊ ရဲဝန်ထမ်းလား . . . .တယောက်ယောက် - လာဘ်စားလို့ဖြစ်စေ တာဝန်ပျက်ကွက်လို့ဖြစ်စေ အကျင့်ပျက်လို့ဖြစ်စေ . . . တခုခုဆိုတာနဲ့ အမြင့်ဆုံးအပြစ်ဒါဏ်ချမှတ်လိုက်တယ် တဲ့ ၊ ဘာလုပ်လဲ ?

နယ် ပို့ လို က် တ ယ်ေ လ
အဲဒီနယ်မှာ အဲဒီ စောက်ကျင့်အတိုင်း ဆက် လုပ် ပေါ့ ၊ အဲဒါ ဟုတ်လား !!

ကဲ နောက်လာပြန်ပြီဗျာ
ကျူးကျော်တဲ့ ဆိုပြီး နှစ်ပေါင်းများစွာနေလာကြတဲ့ မိသားစုပေါင်းများစွာကို ဘူဒိုဇာနဲ့ကော် သေနပ်နဲ့ကြိမ်း မောင်းထုတ်လိုက်ကြပြန်တယ် ၊

သူတို့ ဒုက္ခတွေ ဘယ်တော့ငြိမ်းရှာပါတော့မလဲဗျာ #####
. . . . . . .

မရက်စက်ရက်ကြပါနဲ့တော့ အမောင်တို့ရယ် . . . . .

Mike Tee ((ဒါရိုက်တာ မိုက်တီး)
=============

No comments: